အလာဗက်စ်နှင့်ပွဲမှာ ဘန်ဇီးမားအတွက် ပဥ္စလက်အကွက်ဖြင့် ဂိုးဖန်တီးမှုပြုလုပ်ခဲ့တဲ့ ဟာဇက်

အေဒင်ဟာဇက်အစစ်အမှန်တကယ်မြင်တွေ့ရပြီလို့ယုံကြည်ရပါတယ်။အေဒင်ဟာဇက်ဟာမနေ့ညတုန်းကအလာဗက်စ်အားအဝေးကွင်းမှာ၄-၁ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲမှာအကောင်းဆုံးပုံစံဖြင့်ကစားနိုင်ခဲ့ရုံသာမကအံ့မခန်းပဥ္စလက်အကွက်ဖြင့် ဦးဆောင်ဂိုးရရှိအောင် ဘန်ဇီးမားအတွက်ဖန်တီးမှုပြုလုပ်နိုင်ခဲ့ပါတယ်။

ဘယ်လ်ဂျီယံစတားဟာ၂၀၁၉ခုနှစ်တွင်ချဲလ်ဆီးမှရောက်လာပြီးကတည်းကဒဏ်ရာပြဿနာများနှင့်ရုန်းကန်ရကာအကောင်းဆုံးပုံစံပြသဖို့ရုန်းကန်ခဲ့ရပါတယ်။

ဒါပေမယ့်သူဟာအလာဗက်စ်နှင့်လာလီဂါအဖွင့်ပွဲစဉ်မှာတော့ရီးရဲလ်မက်ဒရစ်အတွက်ဘန်ဇီးမားဦးဆောင်ဂိုးသွင်းနိုင်အောင်ပဥ္စလက်အကွက်ဖြင့်ဖန်တီးမှုပြုလုပ်ကာသူ့ပရိသတ်များစိတ်လှုပ်ရှားအောင်လုပ်ခဲ့ပါတယ်။

သူဟာပွဲချိန်၄၈မိနစ်မှာညာခြမ်းမှာလူးကပ်စ်ဗက်စ်ကွက်ဇ်ရဲ့ဖြတ်တင်ဘောကိုအပေါ်သို့ မြှောက်တက်လာအောင် ထိန်းပြီးချပေးကာဘန်ဇီးမားအပိုင်ကန်သွင်းနိုင်အောင်ဖန်တီးပေးခဲ့ပါတယ်။

အလာဗက်စ်နှင့်ပွဲစဉ်မှခြေစွမ်းကြောင့်ပရိသတ်များကဟာဇက်ဟာယခုရာသီတွင်ဒဏ်ရာကင်းကင်းဖြင့်ရှိနေပါကချဲလ်ဆီးတုန်းကခြေစွမ်းမျိုးကိုပြန်လည်မြင်တွေ့လာရလိမ့်မယ်လို့ယုံကြည်နေပါတယ်။

အလာဗက်စ်နှင့်ပွဲစဉ်တွင်ရီးရဲလ်မက်ဒရစ်အတွက်ဂိုးများကိုဘန်ဇီးမားနှစ်ဂိုး၊နာချိုနှင့်ဗီနီစီယပ်စ်တို့ကသွင်းယူခဲ့ကြပါတယ်။

ZawGyi

အလာဗက္စ္ႏွင့္ပြဲမွာ ဘန္ဇီးမားအတြက္ ပၪၥလက္အကြက္ျဖင့္ ဂိုးဖန္တီးမႈျပဳလုပ္ခဲ့တဲ့ ဟာဇက္

ေအဒင္ဟာဇက္အစစ္အမွန္တကယ္ျမင္ေတြ႕ရၿပီလို႔ယုံၾကည္ရပါတယ္။ေအဒင္ဟာဇက္ဟာမေန႔ညတုန္းကအလာဗက္စ္အားအေဝးကြင္းမွာ၄-၁ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲမွာအေကာင္းဆုံးပုံစံျဖင့္ကစားႏိုင္ခဲ့႐ုံသာမကအံ့မခန္းပၪၥလက္အကြက္ျဖင့္ ဦးေဆာင္ဂိုးရရွိေအာင္ ဘန္ဇီးမားအတြက္ဖန္တီးမႈျပဳလုပ္ႏိုင္ခဲ့ပါတယ္။

ဘယ္လ္ဂ်ီယံစတားဟာ၂၀၁၉ခုႏွစ္တြင္ခ်ဲလ္ဆီးမွေရာက္လာၿပီးကတည္းကဒဏ္ရာျပႆနာမ်ားႏွင့္႐ုန္းကန္ရကာအေကာင္းဆုံးပုံစံျပသဖို႔႐ုန္းကန္ခဲ့ရပါတယ္။

ဒါေပမယ့္သူဟာအလာဗက္စ္ႏွင့္လာလီဂါအဖြင့္ပြဲစဥ္မွာေတာ့ရီးရဲလ္မက္ဒရစ္အတြက္ဘန္ဇီးမားဦးေဆာင္ဂိုးသြင္းႏိုင္ေအာင္ပၪၥလက္အကြက္ျဖင့္ဖန္တီးမႈျပဳလုပ္ကာသူ႔ပရိသတ္မ်ားစိတ္လႈပ္ရွားေအာင္လုပ္ခဲ့ပါတယ္။

သူဟာပြဲခ်ိန္၄၈မိနစ္မွာညာျခမ္းမွာလူးကပ္စ္ဗက္စ္ကြက္ဇ္ရဲ႕ျဖတ္တင္ေဘာကိုအေပၚသို႔ ေျမႇာက္တက္လာေအာင္ ထိန္းၿပီးခ်ေပးကာဘန္ဇီးမားအပိုင္ကန္သြင္းႏိုင္ေအာင္ဖန္တီးေပးခဲ့ပါတယ္။

အလာဗက္စ္ႏွင့္ပြဲစဥ္မွေျခစြမ္းေၾကာင့္ပရိသတ္မ်ားကဟာဇက္ဟာယခုရာသီတြင္ဒဏ္ရာကင္းကင္းျဖင့္ရွိေနပါကခ်ဲလ္ဆီးတုန္းကေျခစြမ္းမ်ိဳးကိုျပန္လည္ျမင္ေတြ႕လာရလိမ့္မယ္လို႔ယုံၾကည္ေနပါတယ္။

အလာဗက္စ္ႏွင့္ပြဲစဥ္တြင္ရီးရဲလ္မက္ဒရစ္အတြက္ဂိုးမ်ားကိုဘန္ဇီးမားႏွစ္ဂိုး၊နာခ်ိဳႏွင့္ဗီနီစီယပ္စ္တို႔ကသြင္းယူခဲ့ၾကပါတယ္။