အလာဘာရဲ့ရီးရဲလ်မက်ဒရစ်အပြောင်းအရွှေ့အပြီးမသတ်သေးဟု ဘိုင်ယန်ဥက္ကဌအတည်ပြု

ချဲလ်ဆီးနှင့်မန်ယူပစ်မှတ်ထားနေတဲ့ဒေးဗစ်အလာဘာမှာရီးရဲလ်မက်ဒရစ်သို့ပြောင်းရန်သဘောတူညီမှုရရှိထားခြင်း မရှိသေးကြောင်းသိရပါတယ်။

ဘိုင်ယန်မြူးနစ်ဥက္ကဌကားလ်ဟိန့်ဇ်ရာမန်နစ်ဂီကဩစတြီးယားစတားမှာရာသီအကုန်တွင်ဘိုင်ယန်မှထွက်ခွာရန် ၉၉.၉ရာခိုင်နှုန်းသေချာနေပြီဖြစ်ကြောင်းလည်းအတည်ပြုသွားပါတယ်။

အသက်၂၈နှစ်ရှိအလာဘာဟာလာမယ့်နွေရာသီမှာဘိုင်ယန်မြူးနစ်နှင့်စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီးစာချုပ် သစ်ကမ်းလှမ်းမှုကိုလည်းပယ်ချထားပါတယ်။

အစောပိုင်းတုန်းကစပိန်မီဒီယာများကရီးရဲလ်မက်ဒရစ်မှာအလာဘာဟာနွေရာသီတွင်အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူရန်သဘောတူညီမှုရရှိထားပြီဖြစ်ကြောင်းဖော်ပြခဲ့ကြပါတယ်။

ယခုအခါဘိုင်ယန်ကအလာဘာနှင့်ရီးရဲလ်မက်ဒရစ်အကြားသဘောတူညီမှုရရှိထားခြင်းမရှိသေးကြောင်းဆိုလာရာချဲလ်ဆီးနှင့်မန်ယူတွင်လည်းခေါ်ယူနိုင်ရေးမျှော်လင့်ချက်ရှိလာပြီဖြစ်ပါတယ်။

ရမ်မန်နစ်ဂီက “ဖလော်ရင်တီနိုပီရက်ဇ်(ရီးရဲလ်ဥက္ကဌ)ကကျွန်တော်တို့ကိုဆက်သွယ်လာခြင်းမရှိသလိုသူ့ဆီက လည်းစကားသံမကြားသေးပါဘူး။ဇန်နဝါရီလ၂ရက်ကစပြီးဒီကစားသမားကလွတ်လပ်စွာစာချုပ်ချုပ်ခွင့်ရှိနေတဲ့ သူဖြစ်ပါတယ်။ရီးရဲလ်မက်ဒရစ်နဲ့သူ့ရဲ့ဆွေးနွေးမှုဘယ်အခြေအထိဆိုက်နေပြီဆိုတာမသိပါဘူး။သေချာတာကတော့သူထွက်ခွာဖို့၉၉.၉ရာခိုင်နှုန်းရှိပါတယ်”လို့ပြောကြားသွားပါတယ်။

ZawGyi

အလာဘာရဲ႕ရီးရဲလ္မက္ဒရစ္အေျပာင္းအေ႐ႊ႕အၿပီးမသတ္ေသးဟု ဘိုင္ယန္ဥကၠဌအတည္ျပဳ

ခ်ဲလ္ဆီးႏွင့္မန္ယူပစ္မွတ္ထားေနတဲ့ေဒးဗစ္အလာဘာမွာရီးရဲလ္မက္ဒရစ္သို႔ေျပာင္းရန္သေဘာတူညီမႈရရွိထားျခင္း မရွိေသးေၾကာင္းသိရပါတယ္။

ဘိုင္ယန္ျမဴးနစ္ဥကၠဌကားလ္ဟိန႔္ဇ္ရာမန္နစ္ဂီကဩစႀတီးယားစတားမွာရာသီအကုန္တြင္ဘိုင္ယန္မွထြက္ခြာရန္ ၉၉.၉ရာခိုင္ႏႈန္းေသခ်ာေနၿပီျဖစ္ေၾကာင္းလည္းအတည္ျပဳသြားပါတယ္။

အသက္၂၈ႏွစ္ရွိအလာဘာဟာလာမယ့္ေႏြရာသီမွာဘိုင္ယန္ျမဴးနစ္ႏွင့္စာခ်ဳပ္သက္တမ္းကုန္ဆုံးမွာျဖစ္ၿပီးစာခ်ဳပ္ သစ္ကမ္းလွမ္းမႈကိုလည္းပယ္ခ်ထားပါတယ္။

အေစာပိုင္းတုန္းကစပိန္မီဒီယာမ်ားကရီးရဲလ္မက္ဒရစ္မွာအလာဘာဟာေႏြရာသီတြင္အလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ ေခၚယူရန္သေဘာတူညီမႈရရွိထားၿပီျဖစ္ေၾကာင္းေဖာ္ျပခဲ့ၾကပါတယ္။

ယခုအခါဘိုင္ယန္ကအလာဘာႏွင့္ရီးရဲလ္မက္ဒရစ္အၾကားသေဘာတူညီမႈရရွိထားျခင္းမရွိေသးေၾကာင္းဆိုလာရာခ်ဲလ္ဆီးႏွင့္မန္ယူတြင္လည္းေခၚယူႏိုင္ေရးေမွ်ာ္လင့္ခ်က္ရွိလာၿပီျဖစ္ပါတယ္။

ရမ္မန္နစ္ဂီက “ဖေလာ္ရင္တီႏိုပီရက္ဇ္(ရီးရဲလ္ဥကၠဌ)ကကြၽန္ေတာ္တို႔ကိုဆက္သြယ္လာျခင္းမရွိသလိုသူ႔ဆီက လည္းစကားသံမၾကားေသးပါဘူး။ဇန္နဝါရီလ၂ရက္ကစၿပီးဒီကစားသမားကလြတ္လပ္စြာစာခ်ဳပ္ခ်ဳပ္ခြင့္ရွိေနတဲ့ သူျဖစ္ပါတယ္။ရီးရဲလ္မက္ဒရစ္နဲ႔သူ႔ရဲ႕ေဆြးေႏြးမႈဘယ္အေျခအထိဆိုက္ေနၿပီဆိုတာမသိပါဘူး။ေသခ်ာတာကေတာ့သူထြက္ခြာဖို႔၉၉.၉ရာခိုင္ႏႈန္းရွိပါတယ္”လို႔ေျပာၾကားသြားပါတယ္။