အလိမ်အညာလို့ ထင်ရပေမယ့် ဘောလုံးလောကမှာ အမှန်တကယ်ဖြစ်ပျက်ခဲ့တဲ့အရာများ

၂၀၂၀ခုနှစ်တုန်းကကိုဗစ်ကမ္ဘာ့ကပ်ရောဂါကြောင့်တစ်ကမ္ဘာလုံးကွာရန်တင်းဝင်ပြီးဘောလုံးပွဲများနားရစဉ်ကာလအတွင်းမှာဘောလုံးပရိသတ်များဟာအွန်လိုင်းမှာဘောလုံးလောကမှအံ့ဩစရာကောင်းတဲ့မှတ်တမ်း၊အချက်အလက်များကိုမျှဝေမှုပြုလုပ်ခဲ့ကြပါတယ်။

ပရိသတ်များဝေမျှလာတဲ့အချက်များထဲမှအချက်တော်တော်များများ တကယ်ဖြစ်ပျက်တယ်လို့လုံးဝထင်မှတ်စရာလုံးဝမရှိပါဘူး။ဒါပေမယ့်တကယ်တမ်းမှာတော့ ဘောလုံးလောကမှာတကယ့်ကိုဖြစ်ပျက်ခဲ့တာအဖြစ်အပျက်တွေဖြစ်ပါတယ်။တစ်ကမ္ဘာလုံးမှဘောလုံးပရိသတ်များဝေမျှတဲ့အံ့ဩစရာအဖြစ်အပျက်တွေထဲမှာ တော်တော်စိတ်ဝင်စားဖို့ကောင်းတဲ့အချက်များကိုမျှဝေဖော်ပြလိုက်ပါတယ်။

၁။တစ်နှစ်ကျော်ကြာ ပြစ်ဒဏ်ဘောလုံးလုံးဝမကျူးလွန်ခဲ့တဲ့ဖီးလစ်လမ်း – ဘိုင်ယန်မြူးနစ်နှင့်ဂျာမနီဂန္ထဝင်ဖီးလစ်လမ်းဟာဘောလုံးပွဲကိုဖတ်ရာမှာအင်မတန်ဆရာကျတဲ့သူတစ်ဦးဖြစ်ပါတယ်။သူဟာ၂၀၁ခုနှစ်၊စက်တင်ဘာလမှ၂၀၁၅ခုနှစ်အောက်တိုဘာလအထိ ဘွန်ဒက်စ်လီဂါမှာ၁၅လတိုင်တိုင်ပြစ်ဒဏ်မကျူးလွန်ခဲ့ပါဘူး။

၂။ပရီးမီးယားလိဂ်ဖလားသုံးကြိမ်ဆွတ်ခူးခဲ့ရာမှာ၂ကြိမ်ရတုန်းကပရီးမီးယားလိဂ်တစ်လတာအကောင်းဆုံးနည်းပြဆုမရခဲ့တဲ့မော်ရင်ဟို – ပေါ်တူဂီလူမျိုးနည်းပြဟာပရီးမီးယားလိဂ်ဖလား၃ကြိမ်ဆွတ်ခူးနိုင်အောင်စွမ်းဆောင်နိုင်ခဲ့ပေမယ့်၂ကြိမ်ဆွတ်ခူးတုန်းကပရီးမီးယားလိဂ်တစ်လတာအကောင်းဆုံးနည်းပြဆုမရရှိဘဲဆွတ်ခူးခဲ့တာဖြစ်ပါတယ်။သူဟာ၂၀၀၆-၀၇ရာသီတုန်းကချဲလ်ဆီးနှင့်ပရီးမီးယားလိဂ်ဖလားဆွတ်ခူးစဉ်တုန်းကဘဲတစ်လတာအကောင်းဆုံးနည်းပြဆုကိုရရှိခဲ့တာဖြစ်ပါတယ်။

၃။မက်ဆီမတိုင်မီလာလီဂါတစ်လတာအကောင်းဆုံးကစားသမားဆုကိုဆွတ်ခူးနိုင်ခဲ့တဲ့နေမာ – လာလီဂါတစ်လတာအကောင်းဆုံးကစားသမားဆုကို၂၀၁၃ခုနှစ်မှာမှစတင်ချီးမြှင့်ပါတယ်။စိတ်ဝင်စားဖို့ကောင်းတာကတော့နေမာဟာလာလီဂါဘုရင်လို့ခေါ်ဝေါ်လို့ရတဲ့မက်ဆီကိုကျော်ပြီးအရင်စောပြီးဆွတ်ခူးနိုင်ခဲ့တာပါ။နေမာဟာ၂၀၁၃ခုနှစ်တုန်းကဆွတ်ခူးခဲ့တာဖြစ်ပါတယ်။မက်ဆီဟာ၂၀၁၆ခုနှစ်၊ဇန်နဝါရီလမှာမှစတင်ဆွတ်ခူးခဲ့တာဖြစ်ပြီးနောက်ထပ်၆ကြိမ်လည်းဆွတ်ခူးနိုင်ခဲ့ပါတယ်။

၄။ပရီးမီးယားလိဂ်မှာအိုးထရက်ဖို့ဒ်ကွင်းမှာပထမပိုင်းမှာဦးဆောင်ဂိုးရပြီးတော့တစ်ခါမှမရှုံးဖူးသေးတဲ့မန်ယူ – မန်ယူဟာပရီးမီးယားလိဂ်မှာအိမ်ကွင်းမှာပြိုင်ဘက်ကိုပထမမှာဦးဆောင်ဂိုးရထားတယ်ဆိုရင်ရှုံးဖွင့်အခွင့်အရေးလုံးဝမရှိပါဘူး။

၅။ဂန္ထဝင်ကစားသမားအမြောက်အမြားတို့ထက်ချန်ပီယံလိဂ်ဂိုးပိုသွင်းထားတဲ့သီယိုဝဲလ်ကော့ – အာဆင်နယ်စတားဟောင်းသီယိုဝဲလ်ကော့ဟာချန်ပီယံလိဂ်မှာ၁၅ဂိုးသွင်းယူထားပြီးဂန္ထဝင်ကစားသမားများဖြစ်ကြတဲ့ရော်နယ်ဒို၊ဇီဒန်း၊မီရိုဆလပ်ဗ်ကလိုဆေး၊ဒေးဗစ်ဗီလာ၊အလက်ဆစ်ဆန်းချက်ဇ်၊အေဒင်ဟာဇက်တို့ထက်ပိုပြီးတော့ဂိုးသွင်းယူထားပါတယ်။

၆။မိနစ်တိုင်းဂိုးသွင်းထားကြတဲ့ရော်နယ်ဒိုနှင့်ခရစ္စတီယာနိုရော်နယ်ဒို – ခရစ္စတီယာနိုရော်နယ်ဒိုနှင့်ဇလာတန်အီဘရာဟီမိုဗစ်တို့ဟာပွဲကစားချိန်ရဲ့မိနစ်တိုင်းမှာဂိုးသွင်းယူထားနိုင်တဲ့ဘောလုံးသမိုင်းကြောင်းတစ်လျှောက်နှစ်ဦးတည်းသောကစားသမားအဖြစ်ရပ်တည်နေပါတယ်။

ရ။ချန်ပီယံလိဂ်ချန်ပီယံအသင်း၆သင်းမှာကစားခဲ့ဖူးပေမယ့်ချန်ပီယံလိဂ်မဆွတ်ခူးဖူးတဲ့ဇလာတန်အီဘရာဟီမိုဗစ် – အီဘရာဟီမိုဗစ်ဟာဥရောပဖလား(ချန်ပီယံလိဂ်)ဆွတ်ခူးဖူးတဲ့အေစီမီလန်၊အင်တာမီလန်၊ဂျူဗင်တပ်၊မန်ယူ၊အေဂျက်စ်နှင့်မယ်လ်မိုတို့မှာကစားခဲ့ဖူးပေမယ့်ချန်ပီယံလိဂ်ဖလားတစ်ခါမျှမရဖူးပါဘူး။

၈။၈ဂိုးတည်းသွင်းပြီးကမ္ဘာ့ဖလားဆွတ်ခူးခဲ့တဲ့စပိန် -ဒယ်ဘော့စကေးဦးဆောင်တဲ့စပိန်အသင်းဟာ၂၀၁၀တောင်အာဖရိကကမ္ဘာ့ဖလားတုန်းကချန်ပီယံဖြစ်ခဲ့ပါတယ်။ဒါပေမယ့်သူတို့ဟာပြိုင်ပွဲတစ်လျှောက်မှာ၈ဂိုးတည်းသွင်းနိုင်ခဲ့မှုကအားလုံးအတွက်အံ့ဩသင့်စရာဖြစ်နေပါတယ်။

၉။ကစားသမားဘဝတစ်လျှောက်အဝါကတ်ပြသခံရဖူးခြင်းမရှိတဲ့ ဂယ်ရီလိုင်နီကာ – အင်္ဂလန်ဂန္ထဝင်တိုက်စစ်မှူးဂယ်ရီလိုင်နီကာဟာကစားသမားဘဝတစ်လျှောက်သန့်သန့်ရှင်းရှင်းနဲ့စည်းကမ်းလိုက်နာကစားလေ့ရှိသူဖြစ်ပါတယ်။သူဟာကစားသမားဘဝတစ်လျှောက်တစ်ကြိမ်မျှအဝါကတ်ပြသခံခဲ့ရဖူးခြင်းမရှိပါဘူး။

၁၀။တစ်ရာသီတည်းတွင်ဗဟိုနောက်ခံလူအဖြစ်ကစားရင်း၁၉ဂိုးအထိသွင်းယူခဲ့တဲ့စတိဗ်ဘရုစ် – နယူးကာဆယ်နည်းပြဟောင်းစတိဗ်ဘရုစ်ဟာ၁၉၉၀-၉၁ရာသီတုန်းကမန်ယူအသင်းခေါင်းဆောင်အဖြစ်ကစားစဉ်တုန်းက၁၉ဂိုးအထိသွင်းယူနိုင်ခဲ့ပါတယ်။သူဟာပရီးမီးယားလိဂ်မှာ၁၃ဂိုးအထိသွင်းခဲ့တာလည်းဖြစ်ပါတယ်။

၁၁။တစ်ပွဲတည်းတွင်ဂိုးသွင်းခြင်း၊ဖန်တီးခြင်း၊ကိုယ့်ဂိုးကိုယ်သွင်းခြင်းတို့ပြုလုပ်တဲ့သုံးဦးတည်းသောကစားသမား -ဝိန်းရွန်းနီ၊ဂါရတ်ဘေးလ်၊ကီဗင်ဒါးဗီးစ်တို့ဟာတစ်ပွဲတည်းတွင်ဂိုးသွင်းခြင်း၊ဖန်တီးခြင်း၊ကိုယ့်ဂိုးကိုယ်သွင်းခြင်းတို့ပြုလုပ်ထားတဲ့သုံးဦးတည်းသောကစားသမားများဖြစ်ကြပါတယ်။ဘယ်သူမှမလိုချင်တဲ့ဟက်ထရစ်လို့တောင်ပြောလို့ရပါတယ်။

၁၂။ပရော်ဖက်ရှင်နယ်ကစားသမားဘဝစတင်ကတည်းကနှစ်တိုင်းအမှတ်ပေးဖလားရခဲ့တဲ့ကင်စလေကိုးမန်း -ကင်စလေကိုးမန်းဟာ၂၀၁၂-၁၃ရာသီမှာပီအက်စ်ဂျီမှာပရော်ဖက်ရှင်နယ်ကစားသမားဘဝစတင်ပြီးတဲ့နောက်ယခုတိုင်ရာသီတိုင်းအမှတ်ပေးဖလားဆွတ်ခူးနိုင်တဲ့ကစားသမားအဖြစ်ရပ်တည်ထားနိုင်ပါတယ်။ဘိုင်ယန်မြူးနစ်စတားဟာဂျူဗင်တပ်သို့သွားကစားစဉ်တုန်းကလည်းစကူဒက်တိုဖလားရခဲ့ပါသေးတယ်။အမှတ်ပေးဖလားလိုချင်တဲ့ကင်စလေကိုးမန်းကိုခေါ်ယူရမယ့်ပုံပေါက်နေပါတယ်။

၁၃။အာကာသအချက်ထည့်သွင်းချုပ်ဆိုထားတဲ့စတီဖင်ရှဝတ်ဇ် -ဆွီဒင်ကစားသမားရှဝတ်ဇ်ဟာဗလင်စီယာကနေဆန်းဒါးလန်းသို့ပေါင်၄သန်းဖြင့်ပြောင်းတုန်းကသူ့စာချုပ်အတွင်းမှာအံ့ဩစရာကောင်းတဲ့အချက်တစ်ခုထည့်သွင်းချုပ်ဆိုခဲ့ပါတယ်။ယင်းအချက်ကတော့သူသာအာကာသသို့ခရီးထွက်သွားရင်စာချုပ်အကျုံးဝင်တော့ဘူးဆိုတဲ့အချက်ဖြစ်ပါတယ်။

၁၄။အိမ်ကွင်းရှုံးပွဲမရှိတဲ့၉နှစ်တိုင်တိုင်ရရှိခဲ့ဖူးတဲ့မော်ရင်ဟို-မော်ရင်ဟိုဟာနောက်ပိုင်းနှစ်တွေမှာရုန်းကန်ရကောင်းရပါလိမ့်မယ်။ဒါပေမယ့်မော်ရင်ဟိုဟာအိမ်ကွင်း၁၅၀အထိ ၉ နှစ်တိုင်တိုင်ရှုံးပွဲမရှိတဲ့အံ့ဩစရာမှတ်တမ်းကောင်းကိုပိုင်ဆိုင်ခဲ့သူဖြစ်ပါတယ်။

၁၅။၁၉၈၀ကိုပါဒယ်ရေးဗိုလ်လုပွဲတုန်းကကိုယ့်အရန်အသင်းကိုအနိုင်ယူပြီး ချန်ပီယံဖြစ်ခဲ့တဲ့ရီးရဲလ်မက်ဒရစ် – ရီးရဲလ်မက်ဒရစ်ဟာကိုပါဒယ်ရေးဖလား၁၈ကြိမ်ဆွတ်ခူးထားနိုင်ခဲ့ပါတယ်။ဒါပေမယ့်၁၉၈၀ခုနှစ်တုန်းကဆွတ်ခူးခဲ့တုန်းကတော့နည်းနည်းထူးဆန်းနေပါတယ်။သူတို့ဟာဗိုလ်လုပွဲမှာ ရီးရဲလ်မက်ဒရစ်(ခ)အသင်းနှင့်ရင်ဆိုင်ခဲ့ကြတာဖြစ်ပြီးဘာနေဗျူးကွင်းမှာ၆-၁ဂိုးဖြင့်အနိုင်ယူပြီးချန်ပီယံဖြစ်ခဲ့ပါတယ်။