အလိုမတူဘဲပြုကျင့်မှုဖြင့် မန်စီးတီးစတားမင်ဒီ စွဲချက်တင်ခြင်းခံထားရ

မန်စီးတီးစတားဘင်ဂျာမင်မင်ဒီဟာမုဒိန်းမှုတစ်ခုဖြင့်စွဲချက်တင်ခြင်းခံလိုက်ရပါတယ်။အသက်၂၇နှစ်ရှိညာနောက်ခံလူဟာမုဒိန်းမှုလေးခု၊လိင်အကြမ်းဖက်မှု၁ခုတို့ဖြင့်စွဲချက်တင်ခြင်းခံထားရကြောင်းချီရှိုင်းယားရဲတပ်ဖွဲ့ကအတည်ပြုကြေညာလာပါတယ်။

အသက်၁၆နှစ်အရွယ်ရှိမိန်းကလေးငယ်တစ်ဦးက၂၀၂၀ခုနှစ်၊အောက်တိုဘာလမှယခုနှစ်ဩဂုတ်လအထိကာလအတွင်းတွင်ဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်အတွင်းအမှုဖွင့်လာခဲ့တာလည်းဖြစ်ပါတယ်။

ပရက်စ်ဘူရီတွင်နေထိုင်နေတဲ့မင်ဒီဟာအချုပ်ခန်းတွင်ရမန်ဖြင့်ထိန်းသိမ်းခြင်းခံထားရပြီးယနေ့တွင်ရုံးတင်စစ်ဆေးခြင်းခံရပါမယ်။

ဘယ်နောက်ခံလူဟာ၂၀၁၇ခုနှစ်တွင်မိုနာကိုမှမန်စီးတီးသို့ပြောင်းရွှေ့ကြေးပေါင်၅၂သန်းဖြင့်ပြောင်းလာခဲ့သူဖြစ်ပါတယ်။

ပြင်သစ်လက်ရွေးစင်နောက်ခံလူဟာမုဒိန်းမှုအတွက်စစ်ဆေးမှုခံနေရစဉ်အတွင်းတွင်မန်စီးတီးနှင့်ပူးပေါင်းခြင်းမပြုလုပ်ရန်ကလပ်ရဲ့ပိတ်ပင်မှုခံထားရပါတယ်။

ZawGyi





