အလီနှင့်ဟယ်ရီဝင့်တို့ကို ဘန်လေနှင့်ပွဲလူစာရင်းတွင် စပါးစ် ချန်လှပ်

ဒီလီအလီနှင့်ဟယ်ရီဝင့်ဟာယနေ့ညတွင်ဘန်လေနှင့်ရင်ဆိုင်ကစားရမယ့်ခါရာဘောင်ဖလားပွဲစဉ်အတွက်စပါးစ်အသင်းလူစာရင်းတွင်ချန်လှပ်ခြင်းခံခဲ့ရမှုနဲ့အတူသူတို့ရဲ့အနာဂတ်မှာမရေမရာဖြစ်လာခဲ့ကြပြီဖြစ်ပါတယ်။

စပါးစ်နည်းပြနူနိုကခါရာဘောင်းဖလား၁၆သင်းအဆင့်ပွဲမှာမဖြစ်မနေအနိုင်ယူရမယ့်ပွဲစဉ်ဖြစ်ပြီးအတောင့်တင်းဆုံးအသင်းနှင့်ရင်ဆိုင်သွားမယ်လို့ပြောကြားထားပါတယ်။

ဗြိတိန်မီဒီယာတို့ရဲ့ဖော်ပြချက်အရနူနိုဟာအလီနှင့်ဟယ်ရီဝင့်တို့ဟာစပါးစ်အသင်းလူစာရင်းတွင်ချန်လှပ်ခြင်းခံခဲ့ရကာနေအိမ်တွင်ပင်ချန်ထားခံခဲ့ရကြောင်းသိရပါတယ်။အလီနှင့်ဟယ်ရီဝင့်တို့ဟာယခုလတွင်စပါးစ်အတွက်တစ်ပွဲတည်းသာကစားခွင့်ရထားသူဖြစ်ပါတယ်။

ပေါ်တူဂီလူမျိုးနည်းပြက “ကျွန်တော်တို့ပွဲချင်းစီချဉ်းကပ်ရပါမယ်။ဒီပွဲကလည်းဗိုလ်လုပွဲလိုပါပဲ။ပိုကောင်းလာဖို့အခွင့်အရေးရနေပါတယ်။ပွဲကစားဖို့လိုအပ်နေတဲ့ကစားသမားတွေရှိပါတယ်။ကစားသမားတွေကိုစီမံခန့်ခွဲပြီးတောင့်တင်းတဲ့အသင်းဖြစ်အောင်လုပ်ဖို့ကကျွန်တော့်တာဝန်ပါ”လို့ပြောကြားသွားပါတယ်။

အလီဟာရာသီအစတုန်းကနူနိုရဲ့စီမံကိန်းတွင်အရေးပါသူဖြစ်ပြီးပထမခြောက်ပွဲအားပွဲထွက်ကစားခွင့်ရရှိခဲ့သူဖြစ်ပါတယ်။ဒါပေမယ့်သူဟာအာဆင်နယ်အားရှုံးနိမ့်ပွဲတွင်လူစားလဲခြင်းခံရပြီးနောက်ပိုင်းတွင်ပရီးမီးယားလိဂ်မှာကစားခွင့်မရလာခဲ့ပါဘူး။

ZawGyi

အလီႏွင့္ဟယ္ရီဝင့္တို႔ကို ဘန္ေလႏွင့္ပြဲလူစာရင္းတြင္ စပါးစ္ ခ်န္လွပ္

ဒီလီအလီႏွင့္ဟယ္ရီဝင့္ဟာယေန႔ညတြင္ဘန္ေလႏွင့္ရင္ဆိုင္ကစားရမယ့္ခါရာေဘာင္ဖလားပြဲစဥ္အတြက္စပါးစ္အသင္းလူစာရင္းတြင္ခ်န္လွပ္ျခင္းခံခဲ့ရမႈနဲ႔အတူသူတို႔ရဲ႕အနာဂတ္မွာမေရမရာျဖစ္လာခဲ့ၾကၿပီျဖစ္ပါတယ္။

စပါးစ္နည္းျပႏူႏိုကခါရာေဘာင္းဖလား၁၆သင္းအဆင့္ပြဲမွာမျဖစ္မေနအႏိုင္ယူရမယ့္ပြဲစဥ္ျဖစ္ၿပီးအေတာင့္တင္းဆုံးအသင္းႏွင့္ရင္ဆိုင္သြားမယ္လို႔ေျပာၾကားထားပါတယ္။

ၿဗိတိန္မီဒီယာတို႔ရဲ႕ေဖာ္ျပခ်က္အရႏူႏိုဟာအလီႏွင့္ဟယ္ရီဝင့္တို႔ဟာစပါးစ္အသင္းလူစာရင္းတြင္ခ်န္လွပ္ျခင္းခံခဲ့ရကာေနအိမ္တြင္ပင္ခ်န္ထားခံခဲ့ရေၾကာင္းသိရပါတယ္။အလီႏွင့္ဟယ္ရီဝင့္တို႔ဟာယခုလတြင္စပါးစ္အတြက္တစ္ပြဲတည္းသာကစားခြင့္ရထားသူျဖစ္ပါတယ္။

ေပၚတူဂီလူမ်ိဳးနည္းျပက “ကြၽန္ေတာ္တို႔ပြဲခ်င္းစီခ်ဥ္းကပ္ရပါမယ္။ဒီပြဲကလည္းဗိုလ္လုပြဲလိုပါပဲ။ပိုေကာင္းလာဖို႔အခြင့္အေရးရေနပါတယ္။ပြဲကစားဖို႔လိုအပ္ေနတဲ့ကစားသမားေတြရွိပါတယ္။ကစားသမားေတြကိုစီမံခန႔္ခြဲၿပီးေတာင့္တင္းတဲ့အသင္းျဖစ္ေအာင္လုပ္ဖို႔ကကြၽန္ေတာ့္တာဝန္ပါ”လို႔ေျပာၾကားသြားပါတယ္။

အလီဟာရာသီအစတုန္းကႏူႏိုရဲ႕စီမံကိန္းတြင္အေရးပါသူျဖစ္ၿပီးပထမေျခာက္ပြဲအားပြဲထြက္ကစားခြင့္ရရွိခဲ့သူျဖစ္ပါတယ္။ဒါေပမယ့္သူဟာအာဆင္နယ္အားရႈံးနိမ့္ပြဲတြင္လူစားလဲျခင္းခံရၿပီးေနာက္ပိုင္းတြင္ပရီးမီးယားလိဂ္မွာကစားခြင့္မရလာခဲ့ပါဘူး။