အလုပ်ပြုတ်မှုကြောင့် ကျနေစိတ်အား တက်ကြွလာအောင် ကွင်းထဲသို့ အတင်းဝင်ပြီး မြှင့်ခဲ့တဲ့ မန်စီးတီးပရိသတ်

ပရိသတ်တစ်ဦးဟာရုပ်သံကတိုက်ရိုက်ထုတ်လွှင့်နေတဲ့ဘောလုံးပွဲတစ်ပွဲတွင်ကွင်းအတွင်းသို့ဝင်ရောက်ကာဘောလုံးဖျက်ထုတ်မှုပြုလုပ်ခဲ့ပါတယ်။အသက်၂၁နှစ်ရှိကေလမ်ဂရင်းဟာအယ်ထရင်ချမ်မှာကစားတဲ့ပွဲစဉ်မှာဆိုလီဟူးလ်မိုးတိုက်စစ်မှူးအဒမ်ရွန်းနီရဲ့ခြေထောက်ထဲမှဘောလုံးကိုလုယူဖို့ကြိုးပမ်းခဲ့တာလည်းဖြစ်ပါတယ်။

မန်စီးတီးပရိသတ်ကသူဟာယင်းနေ့နံနက်ပိုင်းတုန်းကအလုပ်သို့နောက်ကျမှရောက်မှုကြောင့်အလုပ်ပြုတ်လာခဲ့သူဖြစ်ပြီးကိုယ့်ကိုယ်ကိုစိတ်ဓာတ်ပျော်အောင်လုပ်အောင်တဲ့အနေဖြင့်ယင်းသို့ကွင်းအတွင်းဝင်ကာဘောလုံးလုကန်ခဲ့တာဖြစ်ကြောင်းဆိုသွားပါတယ်။

ဘီယာသောက်ပိုင့်လောက်သောက်ထားတဲ့ကေလမ်က “ကွင်းထဲရောက်တုန်းက တော်တော်လေးဘူနေခဲ့တာ”လို့ပြောကြားသွားခဲ့ပါတယ်။

သူဟာဘီတီစပေါ့ကတိုက်ရိုက်ထုတ်လွှင့်နေတဲ့နေရှင်နယ်လိဂ်ပွဲစဉ်တွင်ပင်နယ်တီကန်ရန်ပင်စီစဉ်ထားခဲ့သူဖြစ်ပါတယ်။

ဒါပေမယ့်သူဟာပင်နယ်တီကန်ဖို့အခွင့်အရေးမဖြစ်လာတဲ့နောက်မှာတော့ပွဲချိန်၈၉မိနစ်မှာလီဗာပူးဗဟိုခံစစ်မှူးဗာဂယ်ဗန်ဒိုက်ရဲ့အစွမ်းမျိုးနဲ့ဘောလုံးလုယူမှုပြုလုပ်ခဲ့ပါတယ်။

ယင်းနောက်သူဟာလက်သီးလက်မောင်းတန်းကာအောင်ပွဲခံမှုပြုလုပ်ခဲ့ပြီးကွင်းတွင်လျောထိုးကာအောင်ပွဲခံမှုပြုလုပ်ခဲ့ပါတယ်။

၂-၁ဂိုးဖြင့်အနိုင်ရရှိတဲ့ယင်းပွဲအပြီးတွင်တိုက်စစ်မှူးရွန်းနီက ဘောလုံးဖျက်ထုတ်မှုအကောင်းဆုံးပြုလုပ်သွားခဲ့တဲ့ ကွင်းအတွင်းဝင်ရောက်တဲ့ပရိသတ်ကိုပွဲစဉ်အလိုက်အကောင်းဆုံးကစားသမားဆုပေးသင့်ကြောင်းဟာသနှောပြောကြားသွားပါတယ်။

ZawGyi

အလုပ္ျပဳတ္မႈေၾကာင့္ က်ေနစိတ္အား တက္ႂကြလာေအာင္ ကြင္းထဲသို႔ အတင္းဝင္ၿပီး ျမႇင့္ခဲ့တဲ့ မန္စီးတီးပရိသတ္

ပရိသတ္တစ္ဦးဟာ႐ုပ္သံကတိုက္႐ိုက္ထုတ္လႊင့္ေနတဲ့ေဘာလုံးပြဲတစ္ပြဲတြင္ကြင္းအတြင္းသို႔ဝင္ေရာက္ကာေဘာလုံးဖ်က္ထုတ္မႈျပဳလုပ္ခဲ့ပါတယ္။အသက္၂၁ႏွစ္ရွိေကလမ္ဂရင္းဟာအယ္ထရင္ခ်မ္မွာကစားတဲ့ပြဲစဥ္မွာဆိုလီဟူးလ္မိုးတိုက္စစ္မႉးအဒမ္႐ြန္းနီရဲ႕ေျခေထာက္ထဲမွေဘာလုံးကိုလုယူဖို႔ႀကိဳးပမ္းခဲ့တာလည္းျဖစ္ပါတယ္။

မန္စီးတီးပရိသတ္ကသူဟာယင္းေန႔နံနက္ပိုင္းတုန္းကအလုပ္သို႔ေနာက္က်မွေရာက္မႈေၾကာင့္အလုပ္ျပဳတ္လာခဲ့သူျဖစ္ၿပီးကိုယ့္ကိုယ္ကိုစိတ္ဓာတ္ေပ်ာ္ေအာင္လုပ္ေအာင္တဲ့အေနျဖင့္ယင္းသို႔ကြင္းအတြင္းဝင္ကာေဘာလုံးလုကန္ခဲ့တာျဖစ္ေၾကာင္းဆိုသြားပါတယ္။

ဘီယာေသာက္ပိုင့္ေလာက္ေသာက္ထားတဲ့ေကလမ္က “ကြင္းထဲေရာက္တုန္းက ေတာ္ေတာ္ေလးဘူေနခဲ့တာ”လို႔ေျပာၾကားသြားခဲ့ပါတယ္။

သူဟာဘီတီစေပါ့ကတိုက္႐ိုက္ထုတ္လႊင့္ေနတဲ့ေနရွင္နယ္လိဂ္ပြဲစဥ္တြင္ပင္နယ္တီကန္ရန္ပင္စီစဥ္ထားခဲ့သူျဖစ္ပါတယ္။

ဒါေပမယ့္သူဟာပင္နယ္တီကန္ဖို႔အခြင့္အေရးမျဖစ္လာတဲ့ေနာက္မွာေတာ့ပြဲခ်ိန္၈၉မိနစ္မွာလီဗာပူးဗဟိုခံစစ္မႉးဗာဂယ္ဗန္ဒိုက္ရဲ႕အစြမ္းမ်ိဳးနဲ႔ေဘာလုံးလုယူမႈျပဳလုပ္ခဲ့ပါတယ္။

ယင္းေနာက္သူဟာလက္သီးလက္ေမာင္းတန္းကာေအာင္ပြဲခံမႈျပဳလုပ္ခဲ့ၿပီးကြင္းတြင္ေလ်ာထိုးကာေအာင္ပြဲခံမႈျပဳလုပ္ခဲ့ပါတယ္။

၂-၁ဂိုးျဖင့္အႏိုင္ရရွိတဲ့ယင္းပြဲအၿပီးတြင္တိုက္စစ္မႉး႐ြန္းနီက ေဘာလုံးဖ်က္ထုတ္မႈအေကာင္းဆုံးျပဳလုပ္သြားခဲ့တဲ့ ကြင္းအတြင္းဝင္ေရာက္တဲ့ပရိသတ္ကိုပြဲစဥ္အလိုက္အေကာင္းဆုံးကစားသမားဆုေပးသင့္ေၾကာင္းဟာသေႏွာေျပာၾကားသြားပါတယ္။