အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူနိုင်မယ့် စတားတိုက်စစ်သမားကို မန်ယူနှင့်ဂျူဗင်တပ်အပြိုင်ကြိုးပမ်းနေ

မန်ယူဟာအူစမာနီဒမ်ဘီလီအားအလွတ်ပြောင်းရွှေ့ကြေးဖြင့်ခေါ်ယူနိုင်ရန်ဂျူဗင်တပ်နှင့်အပြိုင်ကြိုးပမ်းနေကြောင်းသိရပါတယ်။

ဘာစီလိုနာရှေ့တိုက်သမားဟာလာမယ့်နွေရာသီမှာစာချုပ်သက်တမ်းကုန်ဆုံးမယ့်သူဖြစ်ပြီးလာမယ့်ဇန်နဝါရီလ၁ရက်နေ့မှစတင်ကာနိုင်ငံခြားကလပ်တစ်ခုနှင့်လွတ်လပ်စွာဆွေးနွေးကာအကြိုစာချုပ်ချုပ်ဆိုခွင့်ရှိနေသူဖြစ်ပါတယ်။

ဘာစီလိုနာဟာကြွေးမြီပြဿနာများကြောင့်လာလီဂါရဲ့အသုံးစရိတ်ကန့်သတ်ခြင်းခံထားရပြီးဒမ်ဘီလီရဲ့လုပ်ခမှာဝန်ထုပ်ဝန်ပိုးတစ်ခုဖြစ်လျက်ရှိနေပါတယ်။

ပြင်သစ်လက်ရွေးစင်ဟာ၂၀၁၇ခုနှစ်မှာဒေါ့မွန်မှဘာစီလိုနာသို့ပြောင်းရွှေ့ကြေးယူရို၁၀၅သန်းဖြင့်ရောက်လာခဲ့သူဖြစ်ပြီးဒဏ်ရာပြဿနာများဆက်တိုက်ကြုံရကာပထမအသင်းတွင်ပုံမှန်ပါဝင်ရန်ရုန်းကန်လာခဲ့ရသူလည်းဖြစ်ပါတယ်။

ဒမ်ဘီလီဟာဘာစီလိုနာအတွက်ကစားတဲ့လေးရာသီမှာ၁၈ဂိုးသာသွင်းထားနိုင်ပေမယ့် ထိပ်တန်းကစားသမားတစ်ဦးအဖြစ်အားလုံးကယုံကြည်ထားကြဆဲဖြစ်ပါတယ်။

ယနေ့တွင် Mundo Deportivo ရဲ့ဖော်ပြချက်အရမန်ယူနှင့်ဂျူဗင်တပ်တို့ဟာစာချုပ်သက်တမ်းကုန်ဆုံးတော့မယ့်ဒမ်ဘီလီကိုခေါ်ယူရန်အပြိုင်ကြိုးပမ်းလာကြကြောင်းသိရပါတယ်။

တစ်ဖက်တွင်ဘာစီလိုနာကလည်းသူတို့ရဲ့စတားကစားသမားကိုအလွယ်တကူတော့လက်လွှတ်ဆုံးရှုံးခံမှာမဟုတ်ပါဘူး။ဘာစီလိုနာဥက္ကဌလာပေါ်တာဟာဒမ်ဘီလီကိုအသင်းတွင်ဆက်ရှိနေရေးအတွက်သီးသန့်စကားပြောထားပြီးလည်းဖြစ်ပါတယ်။ဒါပေမယ့်လည်းမန်ယူနှင့်ဂျူဗင်တပ်တို့ကမက်လောက်စရာငွေဖြင့်ကမ်းလှမ်းလာမည်ဆိုပါကအပြောင်းအလဲဖြစ်လာနိုင်ပါသေးတယ်။

လက်ရှိအချိန်မှာအသက်၂၄နှစ်ရှိကစားသမားဟာယူရို၂၀၂၀ပြိုင်ပွဲတွင်ရရှိခဲ့တဲ့ဒဏ်ရာပြဿနာကြောင့်အနားယူနေရပါတယ်။

ZawGyi

အလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ ေခၚယူႏိုင္မယ့္ စတားတိုက္စစ္သမားကို မန္ယူႏွင့္ဂ်ဴဗင္တပ္အၿပိဳင္ႀကိဳးပမ္းေန

မန္ယူဟာအူစမာနီဒမ္ဘီလီအားအလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ေခၚယူႏိုင္ရန္ဂ်ဴဗင္တပ္ႏွင့္အၿပိဳင္ႀကိဳးပမ္းေနေၾကာင္းသိရပါတယ္။

ဘာစီလိုနာေရွ႕တိုက္သမားဟာလာမယ့္ေႏြရာသီမွာစာခ်ဳပ္သက္တမ္းကုန္ဆုံးမယ့္သူျဖစ္ၿပီးလာမယ့္ဇန္နဝါရီလ၁ရက္ေန႔မွစတင္ကာႏိုင္ငံျခားကလပ္တစ္ခုႏွင့္လြတ္လပ္စြာေဆြးေႏြးကာအႀကိဳစာခ်ဳပ္ခ်ဳပ္ဆိုခြင့္ရွိေနသူျဖစ္ပါတယ္။

ဘာစီလိုနာဟာေႂကြးၿမီျပႆနာမ်ားေၾကာင့္လာလီဂါရဲ႕အသုံးစရိတ္ကန႔္သတ္ျခင္းခံထားရၿပီးဒမ္ဘီလီရဲ႕လုပ္ခမွာဝန္ထုပ္ဝန္ပိုးတစ္ခုျဖစ္လ်က္ရွိေနပါတယ္။

ျပင္သစ္လက္ေ႐ြးစင္ဟာ၂၀၁၇ခုႏွစ္မွာေဒါ့မြန္မွဘာစီလိုနာသို႔ေျပာင္းေ႐ႊ႕ေၾကးယူ႐ို၁၀၅သန္းျဖင့္ေရာက္လာခဲ့သူျဖစ္ၿပီးဒဏ္ရာျပႆနာမ်ားဆက္တိုက္ႀကဳံရကာပထမအသင္းတြင္ပုံမွန္ပါဝင္ရန္႐ုန္းကန္လာခဲ့ရသူလည္းျဖစ္ပါတယ္။

ဒမ္ဘီလီဟာဘာစီလိုနာအတြက္ကစားတဲ့ေလးရာသီမွာ၁၈ဂိုးသာသြင္းထားႏိုင္ေပမယ့္ ထိပ္တန္းကစားသမားတစ္ဦးအျဖစ္အားလုံးကယုံၾကည္ထားၾကဆဲျဖစ္ပါတယ္။

ယေန႔တြင္ Mundo Deportivo ရဲ႕ေဖာ္ျပခ်က္အရမန္ယူႏွင့္ဂ်ဴဗင္တပ္တို႔ဟာစာခ်ဳပ္သက္တမ္းကုန္ဆုံးေတာ့မယ့္ဒမ္ဘီလီကိုေခၚယူရန္အၿပိဳင္ႀကိဳးပမ္းလာၾကေၾကာင္းသိရပါတယ္။

တစ္ဖက္တြင္ဘာစီလိုနာကလည္းသူတို႔ရဲ႕စတားကစားသမားကိုအလြယ္တကူေတာ့လက္လႊတ္ဆုံးရႈံးခံမွာမဟုတ္ပါဘူး။ဘာစီလိုနာဥကၠဌလာေပၚတာဟာဒမ္ဘီလီကိုအသင္းတြင္ဆက္ရွိေနေရးအတြက္သီးသန႔္စကားေျပာထားၿပီးလည္းျဖစ္ပါတယ္။ဒါေပမယ့္လည္းမန္ယူႏွင့္ဂ်ဴဗင္တပ္တို႔ကမက္ေလာက္စရာေငြျဖင့္ကမ္းလွမ္းလာမည္ဆိုပါကအေျပာင္းအလဲျဖစ္လာႏိုင္ပါေသးတယ္။

လက္ရွိအခ်ိန္မွာအသက္၂၄ႏွစ္ရွိကစားသမားဟာယူ႐ို၂၀၂၀ၿပိဳင္ပြဲတြင္ရရွိခဲ့တဲ့ဒဏ္ရာျပႆနာေၾကာင့္အနားယူေနရပါတယ္။