အလွန်ဆိုရဲ့ချဲလ်ဆီးမှဘာစီလိုနာသို့ ပြောင်းရွှေ့မှုကို ဖီဖာတွင် တိုင်ကြားခံရ

မားကို့စ်အလွန်ဆိုရဲ့ချဲလ်ဆီးမှဘာစီလိုနာသို့ပြောင်းရွှေ့မှုအားကလပ်ဟောင်းကဖီဖာထံတွင်တိုင်ချက်ဖွင့်ထားကြောင်းသိရပါတယ်။

အလွန်ဆိုဟာနွေရာသီတုန်းကချဲလ်ဆီးနှင့်စာချုပ်နှစ်ဦးသဘောတူဖျက်သိမ်းပြီးနောက်ဘာစီလိုနာသို့အလွတ်ပြောင်းရွှေ့ကြေးဖြင့်ပြောင်းခဲ့ပါတယ်။

သူဟာပီယာရီအီမစ်ရစ်ခ်အူဘာမီယန်ချဲလ်ဆီးသို့ပြောင်းတဲ့နေ့တွင်ပင်ဘာစီလိုနာသို့ပြောင်းခဲ့တာဖြစ်ပါတယ်။

စပိန်လက်ရွေးစင်ဟာဘာစီလိုနာသို့တစ်နှစ်စာချုပ်ဖြင့်ပြောင်းခဲ့ခြင်းဖြစ်ပေမဲ့လည်းမကြာသေးမီတုန်းကစာချုပ်ဖျက်သိမ်းကြေးယူရိုသန်း၅၀ပေးရမဲ့အချက်ပါတစ်နှစ်သက်တမ်းတိုးစာချုပ်ချုပ်ဆိုခဲ့ပါတယ်။

ဒါပေမဲ့အလွန်ဆို အကယ်ဒမီကစားသမားဘဝတုန်းကကျင်လည်ခဲ့တဲ့ Union Adarve က၎င်းတို့မှာယင်းအပြောင်းအရွှေ့မှနစ်နာကြေးရရှိသင့်တယ်လို့ယုံကြည်ကာဖီဖာထံသို့တိုင်ကြားလာပါတယ်။

၎င်းတို့ကအလွန်ဆိုဟာချဲလ်ဆီးမှဘာစီလိုနာသို့ပြောင်းရွှေ့ကြေးပေါင်၁၁သန်းဖြင့်ပြောင်းခဲ့တာဖြစ်ပြီးအူဘာမီယန်အတွက်အလိုက်ပေးခဲ့တာလို့ယုံကြည်နေပါတယ်။

ဒါကြောင့်လည်းစပိန်စတုတ္ထတန်းကလပ်ဟာနစ်နာကြေးယူရို၁၀၃၀၀၀ရရှိရေးအတွက်ဖီဖာထံသို့တိုင်ကြားလာပါတယ်။၎င်းတို့ဟာအလွန်ဆိုအားပြုစုပျိုးထောင်စရိတ်အဖြစ်ရရှိလာမှာလည်းဖြစ်ပါတယ်။

အလွန်ဆိုဟာရီးရဲလ်မက်ဒရစ်အကယ်ဒမီထွက်တစ်ဦးဖြစ်ပေမဲ့လည်း Union Adarve တွင်ကစားခဲ့သူလည်းဖြစ်ပါတယ်။

ဘာစီလိုနာဟာအလွန်ဆိုကိုအလွတ်ပြောင်းရွှေ့ကြေးဖြင့်ခေါ်ယူခဲ့တယ်ဆိုပေမဲ့တကယ်တမ်းငွေပေးပြီးခေါ်ယူကြောင်းစစ်ဆေးတွေ့ရှိပါကဒဏ်ရိုက်ခြင်းခံလာရဦးမှာလည်းဖြစ်ပါတယ်။

ZawGyi

အလြန္ဆိုရဲ႕ခ်ဲလ္ဆီးမွဘာစီလိုနာသို႔ ေျပာင္းေ႐ႊ႕မႈကို ဖီဖာတြင္ တိုင္ၾကားခံရ

မားကို႔စ္အလြန္ဆိုရဲ႕ခ်ဲလ္ဆီးမွဘာစီလိုနာသို႔ေျပာင္းေ႐ႊ႕မႈအားကလပ္ေဟာင္းကဖီဖာထံတြင္တိုင္ခ်က္ဖြင့္ထားေၾကာင္းသိရပါတယ္။

အလြန္ဆိုဟာေႏြရာသီတုန္းကခ်ဲလ္ဆီးႏွင့္စာခ်ဳပ္ႏွစ္ဦးသေဘာတူဖ်က္သိမ္းၿပီးေနာက္ဘာစီလိုနာသို႔အလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ေျပာင္းခဲ့ပါတယ္။

သူဟာပီယာရီအီမစ္ရစ္ခ္အူဘာမီယန္ခ်ဲလ္ဆီးသို႔ေျပာင္းတဲ့ေန႔တြင္ပင္ဘာစီလိုနာသို႔ေျပာင္းခဲ့တာျဖစ္ပါတယ္။

စပိန္လက္ေ႐ြးစင္ဟာဘာစီလိုနာသို႔တစ္ႏွစ္စာခ်ဳပ္ျဖင့္ေျပာင္းခဲ့ျခင္းျဖစ္ေပမဲ့လည္းမၾကာေသးမီတုန္းကစာခ်ဳပ္ဖ်က္သိမ္းေၾကးယူ႐ိုသန္း၅၀ေပးရမဲ့အခ်က္ပါတစ္ႏွစ္သက္တမ္းတိုးစာခ်ဳပ္ခ်ဳပ္ဆိုခဲ့ပါတယ္။

ဒါေပမဲ့အလြန္ဆို အကယ္ဒမီကစားသမားဘဝတုန္းကက်င္လည္ခဲ့တဲ့ Union Adarve က၎တို႔မွာယင္းအေျပာင္းအေ႐ႊ႕မွနစ္နာေၾကးရရွိသင့္တယ္လို႔ယုံၾကည္ကာဖီဖာထံသို႔တိုင္ၾကားလာပါတယ္။

၎တို႔ကအလြန္ဆိုဟာခ်ဲလ္ဆီးမွဘာစီလိုနာသို႔ေျပာင္းေ႐ႊ႕ေၾကးေပါင္၁၁သန္းျဖင့္ေျပာင္းခဲ့တာျဖစ္ၿပီးအူဘာမီယန္အတြက္အလိုက္ေပးခဲ့တာလို႔ယုံၾကည္ေနပါတယ္။

ဒါေၾကာင့္လည္းစပိန္စတုတၳတန္းကလပ္ဟာနစ္နာေၾကးယူ႐ို၁၀၃၀၀၀ရရွိေရးအတြက္ဖီဖာထံသို႔တိုင္ၾကားလာပါတယ္။၎တို႔ဟာအလြန္ဆိုအားျပဳစုပ်ိဳးေထာင္စရိတ္အျဖစ္ရရွိလာမွာလည္းျဖစ္ပါတယ္။

အလြန္ဆိုဟာရီးရဲလ္မက္ဒရစ္အကယ္ဒမီထြက္တစ္ဦးျဖစ္ေပမဲ့လည္း Union Adarve တြင္ကစားခဲ့သူလည္းျဖစ္ပါတယ္။

ဘာစီလိုနာဟာအလြန္ဆိုကိုအလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ေခၚယူခဲ့တယ္ဆိုေပမဲ့တကယ္တမ္းေငြေပးၿပီးေခၚယူေၾကာင္းစစ္ေဆးေတြ႕ရွိပါကဒဏ္႐ိုက္ျခင္းခံလာရဦးမွာလည္းျဖစ္ပါတယ္။