
ယူနိုက်တက်တောင်ပံကစားသမားအန်တိုနီဟာအလှပြကစားမှုအတွက်သူ့ကိုလူရွှင်တော်လို့ကင်ပွန်းတတ်ဝေဖန်ခဲ့တဲ့ယူနိုက်တက်ဂန္ထဝင်ပေါလ်စခိုးကိုပြန်လည်တုံ့ပြန်မှုပြုလုပ်လာပါတယ်။
အသက်၂၂နှစ်ရှိအန်တိုနီဟာပြီးခဲ့တဲ့လတုန်းကရှရစ်ကို၃-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲစဉ်တွင်ဘောလုံးကို၇၂၀ဒီဂရီလှည့်ပြပြီးအလှပြကစားခဲ့ပါတယ်။
ယင်းအလှပြကစားမှုနဲ့ပတ်သက်ပြီးပေါလ်စခိုးက”ဒီစကေးပြမှုရဲ့ရည်ရွယ်ချက်ကဘာလဲမသိဘူး။အဲဒီမတိုင်ခင်မှာလည်းပွဲမှာသူဘာမှမလုပ်ပြနိုင်ဘူး။ကျွန်တော်ကတော့သူ့အနေနဲ့ပိုပြီးဖျော်ဖြေရေးဆန်တဲ့စကေးပြသသင့်တယ်။ဒါကစကေးပြတာလား၊ဖျော်ဖြေတာလားကျွန်တော်မသိပါဘူး။လူရွှင်တော်လိုပဲ”လို့ပြောကြားသွားပါတယ်။
ဒါပေမဲ့အန်တိုနီကတော့သူကြည့်ရင်းကြီးပြင်းလာခဲ့တဲ့စံပြကစားသမားများကဲ့သို့ပြုလုပ်လာခြင်းသာဖြစ်ကြောင်းဆိုသွားပါတယ်။
အန်တိုနီက “ကျုပ်ကိုလူရွှင်တော်လို့ထင်တယ်ရင်ကျွန်တော့်အကြောင်းမသိလို့ပြောတာပဲဖြစ်မှာပါ။ရော်နယ်ဒင်ဟို၊ခရစ္စတီယာနို၊နေမာတို့ရဲ့အနုပညာကကျွန်တော့်ကိုကလေးတစ်ဦးအနေနဲ့အရမ်းအားကျစေခဲ့တယ်။ဒီနတ်ဘုရားတွေကိုWiFi ခိုးသုံးပြီးကြည့်လာခဲ့တာ။ပြီးရင်ကွန်ကရက်လမ်းပေါ်မှာသူတို့အတိုင်းလိုက်လုပ်တယ်။ဒါကကျွန်တော့်အကြောင်းပါ။ဒါတောင်ကျွန်တော့်ကိုနားမလည်သေးဘဲကျွန်တော့်ကိုလူရွှင်တော်တစ်ဦးလို့ထင်နေတုန်းပဲဆိုရင်ကျွန်တော့်လက်မောင်းမှာထိုးထားတဲ့ဆေးမင်ကြောင်ကိုပြပါမယ်။ဖာဗီလာကလူတိုင်းမည်သူမဆိုကျွန်တော်ဘယ်လိုဖြတ်သန်းလာရသလဲဆိုတာသိကြပါတယ်။ဒီစကားလုံးတွေကကျွန်တော့်ကိုပြောပြနေတာ။ကျွန်တော်တို့အားလုံးကိုပြောပြနေတာပါ”လို့ဆိုသွားပါတယ်။
အန်တိုနီဟာရှရစ်နှင့်ပွဲတွင်စကေးပြကွက်ပြသပြီးနောက်ယူနိုက်တက်အတွက်ကစားနိုင်ခဲ့ခြင်းမရှိပါဘူး။
သူဟာဒဏ်ရာကြောင့်အနားယူနေခဲ့ရပေမဲ့လည်းဘရာဇီးရဲ့ကာတာကမ္ဘာ့ဖလားလူစာရင်းတွင်ပါဝင်လာပါတယ်။
ZawGyi
အလွျပကစားမႈအတြက္ ေဝဖန္ခဲ့တဲ့ ေပါလ္စခိုးကို အန္တိုနီတုံ႔ျပန္
ယူႏိုက္တက္ေတာင္ပံကစားသမားအန္တိုနီဟာအလွျပကစားမႈအတြက္သူ႔ကိုလူ႐ႊင္ေတာ္လို႔ကင္ပြန္းတတ္ေဝဖန္ခဲ့တဲ့ယူႏိုက္တက္ဂႏၴဝင္ေပါလ္စခိုးကိုျပန္လည္တုံ႔ျပန္မႈျပဳလုပ္လာပါတယ္။
အသက္၂၂ႏွစ္ရွိအန္တိုနီဟာၿပီးခဲ့တဲ့လတုန္းကရွရစ္ကို၃-၀ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲစဥ္တြင္ေဘာလုံးကို၇၂၀ဒီဂရီလွည့္ျပၿပီးအလွျပကစားခဲ့ပါတယ္။
ယင္းအလွျပကစားမႈနဲ႔ပတ္သက္ၿပီးေပါလ္စခိုးက”ဒီစေကးျပမႈရဲ႕ရည္႐ြယ္ခ်က္ကဘာလဲမသိဘူး။အဲဒီမတိုင္ခင္မွာလည္းပြဲမွာသူဘာမွမလုပ္ျပႏိုင္ဘူး။ကြၽန္ေတာ္ကေတာ့သူ႔အေနနဲ႔ပိုၿပီးေဖ်ာ္ေျဖေရးဆန္တဲ့စေကးျပသသင့္တယ္။ဒါကစေကးျပတာလား၊ေဖ်ာ္ေျဖတာလားကြၽန္ေတာ္မသိပါဘူး။လူ႐ႊင္ေတာ္လိုပဲ”လို႔ေျပာၾကားသြားပါတယ္။
ဒါေပမဲ့အန္တိုနီကေတာ့သူၾကည့္ရင္းႀကီးျပင္းလာခဲ့တဲ့စံျပကစားသမားမ်ားကဲ့သို႔ျပဳလုပ္လာျခင္းသာျဖစ္ေၾကာင္းဆိုသြားပါတယ္။
အန္တိုနီက “က်ဳပ္ကိုလူ႐ႊင္ေတာ္လို႔ထင္တယ္ရင္ကြၽန္ေတာ့္အေၾကာင္းမသိလို႔ေျပာတာပဲျဖစ္မွာပါ။ေရာ္နယ္ဒင္ဟို၊ခရစၥတီယာႏို၊ေနမာတို႔ရဲ႕အႏုပညာကကြၽန္ေတာ့္ကိုကေလးတစ္ဦးအေနနဲ႔အရမ္းအားက်ေစခဲ့တယ္။ဒီနတ္ဘုရားေတြကိုWiFi ခိုးသုံးၿပီးၾကည့္လာခဲ့တာ။ၿပီးရင္ကြန္ကရက္လမ္းေပၚမွာသူတို႔အတိုင္းလိုက္လုပ္တယ္။ဒါကကြၽန္ေတာ့္အေၾကာင္းပါ။ဒါေတာင္ကြၽန္ေတာ့္ကိုနားမလည္ေသးဘဲကြၽန္ေတာ့္ကိုလူ႐ႊင္ေတာ္တစ္ဦးလို႔ထင္ေနတုန္းပဲဆိုရင္ကြၽန္ေတာ့္လက္ေမာင္းမွာထိုးထားတဲ့ေဆးမင္ေၾကာင္ကိုျပပါမယ္။ဖာဗီလာကလူတိုင္းမည္သူမဆိုကြၽန္ေတာ္ဘယ္လိုျဖတ္သန္းလာရသလဲဆိုတာသိၾကပါတယ္။ဒီစကားလုံးေတြကကြၽန္ေတာ့္ကိုေျပာျပေနတာ။ကြၽန္ေတာ္တို႔အားလုံးကိုေျပာျပေနတာပါ”လို႔ဆိုသြားပါတယ္။
အန္တိုနီဟာရွရစ္ႏွင့္ပြဲတြင္စေကးျပကြက္ျပသၿပီးေနာက္ယူႏိုက္တက္အတြက္ကစားႏိုင္ခဲ့ျခင္းမရွိပါဘူး။
သူဟာဒဏ္ရာေၾကာင့္အနားယူေနခဲ့ရေပမဲ့လည္းဘရာဇီးရဲ႕ကာတာကမာၻ႔ဖလားလူစာရင္းတြင္ပါဝင္လာပါတယ္။