အဝတ်အစားလဲခန်းတွင် ထိုးလုနီးပါးအထိရန်ဖြစ်ခဲ့တဲ့ ကလော့ပ်နှင့်ဂျိးမ်းစ်မီလ်နာ

ဂျာဂင်ကလော့ပ်နှင့်ဂျိမ်းစ်မီလ်နာတို့ဟာလွန်ခဲ့တဲ့လေးနှစ်တုန်းကဆန်းဒါးလန်းနှင့်အဝေးကွင်းတွင်နှစ်ဂိုးစီသရေကျပြီးနောက်အဝတ်အစားလဲခန်းအတွင်းတွင်ထိုးကြိတ်လုနီးပါးအခြေအနေအထိရန်ဖြစ်ခဲ့ကြောင်းသိရပါတယ်။

၂၀၁၇ခုနှစ်တုန်းဖြစ်ခဲ့တဲ့ဂျိမ်းစ်မီလ်နာနှင့်ကလော့ပ်တို့ရဲ့ရန်ပွဲကိုဖွင့်ဟပြောကြားလာခဲ့တာကတော့လီဗာပူးနောက်ခံလူဟောင်းရက်ဂ်နာကလာဗန်ဖြစ်ပါတယ်။

ထိုစဉ်ကဂျာဂင်ကလော့ပ်ဟာလီဗာပူးတွင်ဖလားလက်မဲ့နှစ်ရာသီကြုံခဲ့ရပြီးတဲ့နောက်ဖိအားအလွန်များနေခဲ့တာဖြစ်ပါတယ်။

လီဗာပူးဟာ၂၀၁၇ခုနှစ်၊ဇန်နဝါရီလတုန်းကအလင်းရောင်ကွင်းသို့သွားရောက်ကာဆန်းဒါးလန်းနှင့်ရင်ဆိုင်ခဲ့ရပါတယ်။လီဗာပူးဟာစတာရစ်ချ်နှင့်မာနေးတို့ရဲ့ဂိုးနဲ့ဦးဆောင်နိုင်ခဲ့ပေမယ့်လည်းဒီဖိုးကပင်နယ်တီကနေချေပဂိုးနှစ်ဂိုးသွင်းခဲ့ပါတယ်။

ဂျိမ်းစ်မီလ်နာဟာပထမပိုင်းမှာလူစားလဲခြင်းခံခဲ့ရပြီးနောက်အကြီးအကျယ်ဒေါသထွက်ကာနည်းပြကလော့ပ်ကိုထိုးကြိတ်လုနီးပါးခဲ့တာလည်းဖြစ်ပါတယ်။

ကလာဗန်က “ဖိအားအရမ်းကြီးမားတာကတော့ခရစ္စမတ်ကာလနဲ့ဇန်နဝါရီလအစကာလပါ။တစ်ကြိမ်တုန်းကပေါ့ဘယ်အသင်းနဲ့ရင်ဆိုင်ရအတိအကျတော့မမှတ်မိတော့ဘူး။ဆန်းဒါးလန်းနဲ့အဝေးကွင်းမှာရင်ဆိုင်ရတာဖြစ်နိုင်ပါတယ်။ကလော့ပ်နဲ့မီလ်နာတို့ ကိုယ်ထိလက်ရောက်ထိုးကြိတ်လုနီးပါးဖြစ်ခဲ့ကြတယ်။ဒါပေမယ့်မီလ်နာကနောက်ဆုတ်သွားခဲ့တယ်”လို့ပြောကြားခဲ့ပါတယ်။

လီဗာပူးဟာဆန်းဒါးလန်းနှင့်သရေကျမှုနဲ့အတူဇန်နဝါရီလမှာနိုင်ပွဲပျောက်ခဲ့ပါတယ်။ဒါပေမယ့်ယင်းရာသီမှာလီဗာပူးဟာအဆင့်၄နေရာမှာရပ်တည်နိုင်ခဲ့ပြီးချန်ပီယံလိဂ်ဝင်ခွင့်ရရှိခဲ့ပါတယ်။

ZawGyi

အဝတ္အစားလဲခန္းတြင္ ထိုးလုနီးပါးအထိရန္ျဖစ္ခဲ့တဲ့ ကေလာ့ပ္ႏွင့္ဂ်ိးမ္းစ္မီလ္နာ

ဂ်ာဂင္ကေလာ့ပ္ႏွင့္ဂ်ိမ္းစ္မီလ္နာတို႔ဟာလြန္ခဲ့တဲ့ေလးႏွစ္တုန္းကဆန္းဒါးလန္းႏွင့္အေဝးကြင္းတြင္ႏွစ္ဂိုးစီသေရက်ၿပီးေနာက္အဝတ္အစားလဲခန္းအတြင္းတြင္ထိုးႀကိတ္လုနီးပါးအေျခအေနအထိရန္ျဖစ္ခဲ့ေၾကာင္းသိရပါတယ္။

၂၀၁၇ခုႏွစ္တုန္းျဖစ္ခဲ့တဲ့ဂ်ိမ္းစ္မီလ္နာႏွင့္ကေလာ့ပ္တို႔ရဲ႕ရန္ပြဲကိုဖြင့္ဟေျပာၾကားလာခဲ့တာကေတာ့လီဗာပူးေနာက္ခံလူေဟာင္းရက္ဂ္နာကလာဗန္ျဖစ္ပါတယ္။

ထိုစဥ္ကဂ်ာဂင္ကေလာ့ပ္ဟာလီဗာပူးတြင္ဖလားလက္မဲ့ႏွစ္ရာသီႀကဳံခဲ့ရၿပီးတဲ့ေနာက္ဖိအားအလြန္မ်ားေနခဲ့တာျဖစ္ပါတယ္။

လီဗာပူးဟာ၂၀၁၇ခုႏွစ္၊ဇန္နဝါရီလတုန္းကအလင္းေရာင္ကြင္းသို႔သြားေရာက္ကာဆန္းဒါးလန္းႏွင့္ရင္ဆိုင္ခဲ့ရပါတယ္။လီဗာပူးဟာစတာရစ္ခ်္ႏွင့္မာေနးတို႔ရဲ႕ဂိုးနဲ႔ဦးေဆာင္ႏိုင္ခဲ့ေပမယ့္လည္းဒီဖိုးကပင္နယ္တီကေနေခ်ပဂိုးႏွစ္ဂိုးသြင္းခဲ့ပါတယ္။

ဂ်ိမ္းစ္မီလ္နာဟာပထမပိုင္းမွာလူစားလဲျခင္းခံခဲ့ရၿပီးေနာက္အႀကီးအက်ယ္ေဒါသထြက္ကာနည္းျပကေလာ့ပ္ကိုထိုးႀကိတ္လုနီးပါးခဲ့တာလည္းျဖစ္ပါတယ္။

ကလာဗန္က “ဖိအားအရမ္းႀကီးမားတာကေတာ့ခရစၥမတ္ကာလနဲ႔ဇန္နဝါရီလအစကာလပါ။တစ္ႀကိမ္တုန္းကေပါ့ဘယ္အသင္းနဲ႔ရင္ဆိုင္ရအတိအက်ေတာ့မမွတ္မိေတာ့ဘူး။ဆန္းဒါးလန္းနဲ႔အေဝးကြင္းမွာရင္ဆိုင္ရတာျဖစ္ႏိုင္ပါတယ္။ကေလာ့ပ္နဲ႔မီလ္နာတို႔ ကိုယ္ထိလက္ေရာက္ထိုးႀကိတ္လုနီးပါးျဖစ္ခဲ့ၾကတယ္။ဒါေပမယ့္မီလ္နာကေနာက္ဆုတ္သြားခဲ့တယ္”လို႔ေျပာၾကားခဲ့ပါတယ္။

လီဗာပူးဟာဆန္းဒါးလန္းႏွင့္သေရက်မႈနဲ႔အတူဇန္နဝါရီလမွာႏိုင္ပြဲေပ်ာက္ခဲ့ပါတယ္။ဒါေပမယ့္ယင္းရာသီမွာလီဗာပူးဟာအဆင့္၄ေနရာမွာရပ္တည္ႏိုင္ခဲ့ၿပီးခ်န္ပီယံလိဂ္ဝင္ခြင့္ရရွိခဲ့ပါတယ္။