လွန်ခဲ့နှစ်ပေါင်း ၂၀ တုန်းကဒေးဗစ်ဘက်ဟမ်းနှင့်ဆာအဲလက်စ်ဖာဂူဆန်တို့ဟာဘောလုံးလောကအတွင်းနာမည်အကျော်ကြားဆုံးအဝတ်အစားလဲခန်းရန်ပွဲဖြစ်ပျက်ခဲ့ပါတယ်။
လွန်ခဲ့တဲ့ ၂၀၀၃ခုနှစ်တုန်းကယူနိုက်တက်ဟာအက်ဖ်အေဖလားပွဲမှာခါးသီးတဲ့ပြိုင်ဘက်အာဆင်နယ်နှင့်ရင်ဆိုင်တွေ့ခဲ့ကြပါတယ်။
ယင်းပွဲမှာယူနိုက်တက်တောင်ပံကစားသမားရွိုင်ယန်ဂစ်ဟာပွဲကိုဦးဆောင်နိုင်မဲ့အခွင့်အရေးကြုံခဲ့ပေမဲ့အသုံးမချနိုင်ခဲ့ပြီးနောက်အာဆင်နယ်ကသရဲနီကို၂-၀ဂိုးဖြင့်ဂိုးပြတ်တီးခဲ့ပါတယ်။
အားလုံးမျှော်လင့်ထားတဲ့အတိုင်းပဲပွဲအပြီးအဝတ်အစားလဲခန်းမှာဆာအဲလက်စ်ဖာဂူဆန်တစ်ယောက်ကစားသမားတွေကိုဟစ်အော်ကြိမ်းမောင်းပါတော့တယ်။ဒါ့အပြင်ဖာဂူဆန်ဟာဒေးဗစ်ဘက်ဟမ်းရဲ့လုပ်အားကိုလည်းကျေနပ်အားရခြင်းမရှိပါဘူး။
ယင်းပွဲအပြီးနောက်တစ်နေ့မှာတော့ဒေးဗစ်ဘက်ဟမ်းကိုမျက်ခုံးမှာပလာစတာနှင့်တွေ့ရပါတော့တယ်။အဲဒီတုန်းကမီဒီယာတွေကဖာဂူဆန်ဟာအဝတ်အစားလဲခန်းအတွင်းအချင်းများစဉ်အတွင်းဖိနပ်ကိုကန်ခဲ့ရာမှာဒေးဗစ်ဘက်ဟမ်းရဲ့မျက်ခုံးကိုထိသွားတယ်လို့ဖော်ပြခဲ့ကြပါတယ်။
အထက်ပါအဖြစ်အပျက်နှင့်ပတ်သက်ပြီးဒေးဗစ်ဘက်ဟမ်းက “ပွဲအတွင်းမှာကျွန်တော်အမှားတွေလုပ်ခဲ့တယ်။အဝတ်အစားလဲခန်းသို့သူရောက်လာတယ်။အပြန်အလှန်စကားများကြတယ်။သူကျွန်တော့်ဆီကိုလျှောက်လာတယ်။ကြမ်းခင်းကအဝတ်ပုံကိုကန်တယ်။အဲဒီမှာဖိနပ်ကိုကန်မိသွားတယ်။တကယ့်ကိုလျှင်မြန်ပြီးတိကျတဲ့ကန်ချက်ပေါ့။ကျွန်တော့်ခေါင်းကိုထိသွားတယ်။ဒါပေမဲ့အဲဒီတုန်းကဘာမှခံစားချက်ကြီးကြီးမားမားမရှိပါဘူး။တကယ့်ကိုမတော်တဆဖြစ်သွားတာပါ။ဘာမှမစိုးရိမ်ခဲ့ကြဘူး။ကလပ်အတွင်းမှာပဲမေ့ပစ်လိုက်ကြတယ်။ဒါပေမဲ့အဲဒီမတော်တဆမှုကိုမီဒီယာတွေကဇောင်းပေးရေးကြတော့လူတွေကကျွန်တော်တို့အကြားဆက်ဆံရေးကိုပြောလာကြတယ်”လို့ပြောကြားသွားပါတယ်။
ဆာအဲလက်စ်ဖာဂူဆန်ကသူ့ရဲ့ကိုယ်ရေးအတ္ထုပတ္တိစာအုပ်အတွင်းတွင်အထက်ပါအဖြစ်အပျက်နှင့် ပတ်သက်ပြီးဒေးဗစ်ဘက်ဟမ်းကိုဘာပြောခဲ့တယ်ဆိုတာထည့်သွင်းရေးသားသွားပါတယ်။
ဖာဂူဆန်က “သူကကျွန်တော်နဲ့၁၂ပေအကွာလောက်မှာရှိတယ်။ကျွန်တော်တို့ကြားထဲမှာဖိနပ်အတန်းလိုက်ကြီးရှိတယ်။ဒေးဗစ်ကကျိန်ဆဲနေတယ်။ကျွန်တော်သူ့ဆီသွားပြီးဖိနပ်တစ်ရံကိုကန်ထည့်လိုက်တယ်။ဖိနပ်ကသူမျက်လုံးတည့်တည်ထိသွားတယ်။သူကျွန်တော့်ဆီထလာတယ်။ကစားသမားတွေကတားကြတယ်။ ‘ထိုင်စမ်း’လို့ကျွန်တော်ပြောလိုက်တယ်။ ‘မင်းကအသင်းကိုနိမ့်ကျအောင်လုပ်တယ်။မင်းကြိုက်သလောက်ငြင်းလို့ရတယ်”လို့ပြောလိုက်တယ်”လို့ရေးသားသွားပါတယ်။
ဆက်လက်ပြီးဖာဂူဆန်က “နောက်တစ်နေ့သတင်းစာမှာအဲဒီသတင်းပါလာပါလေရော။လူတွေကဖိနပ်ကြောင့်ထိသွားတာကိုပုံကြီးချဲ့ကြတယ်။အဲဒီရက်တွေမှာဒေးဗစ်ကိုနိုင်ငံခြားသွားဖို့ပြောခဲ့တယ်။ကျွန်တော့်မက်ဆေ့ချ်က ကျွန်တော့်အကြောင်းသိတဲ့ဘုတ်အဖွဲ့တွေကိုပြောသလိုပဲ။အဲဒီမိနစ်မှာသူက မန်နေဂျာထက်ပိုပြီးအရေးပါတယ်လို့ထင်သွားတာ။ဒီတော့သူထွက်သွားမှဖြစ်မယ်။ကျွန်တော့်အမြဲပြောတဲ့စကားလိုပေါ့ဗျာ။’မန်နေဂျာတစ်ယောက်မှာအခွင့်အာဏာမရှိတော့တဲ့အခိုက်အတန့်ကကလပ်တစ်ခုမရှိတော့ဘူး”။ကစားသမားတွေစည်းကျော်လာကြမယ်။အဲဒီအခါပြဿနာတက်ပြီပဲ”လို့ဆိုသွားပါတယ်။
ဒေးဗစ်ဘက်ဟမ်းဟာအထက်ပါအဖြစ်အပျက်ပြီးနောက် နွေရာသီမှာတော့ရီးရဲလ်မက်ဒရစ်သို့ပြောင်းရွှေ့သွားခဲ့ရပါတယ်။
ZawGyi
အဝတ်အစားလဲခန်းတွင် ဖိနပ်ကန်မှုဖြစ်ပြီးနောက် ဒေးဗစ်ဘက်ဟမ်းကို ဆာအဲလက်စ်ဖာဂူဆန် ဘာပြောခဲ့သလဲ?