အဝတ်အစားလဲခန်းထဲ ဝင်ခွင့်ပိတ်ပင်ခံထားရလို့ ကက်ဂလီယာရီကွင်းအပြင်ဘက် ကြုံရာနေရာလေးမှာ ညစာစားခဲ့ရတဲ့ မော်ရင်ဟို

ဟိုဆေးမော်ရင်ဟိုဟာအဝတ်အစားလဲခန်းအတွင်းဝင်ခွင့်ပိတ်ပင်ခံထားရမှုကြောင့်ကက်ဂလီယာရီကွင်းအပြင်ဘက်ကြုံရာလမ်းဘေးတစ်နေရာမှာဘဲညစာစားခဲ့ရပါတယ်။

ရိုးမားနည်းပြဟာနာပိုလီနှင့်ပွဲစဉ်တုန်းကအနီကတ်ပြထုတ်ပယ်ခြင်းခံခဲ့ရမှုနဲ့အတူ Sardegen Arena မှာကစားတဲ့ပွဲစဉ်မှာဧည့်သည်အသင်းအဝတ်အစားလဲခန်းအတွင်းသို့ဝင်ခွင့်မရခဲ့ပါဘူး။

မော်ရင်ဟိုဟာနာပိုလီနှင့်ဂိုးမရှိသရေကျကာနာပိုလီရဲ့နိုင်ပွဲဆက်မှတ်တမ်းကိုရပ်တန့်တဲ့ပွဲမှာဒိုင်လူကြီးရဲ့ဆုံးဖြတ်ချက်ကိုစောဒကတက်မှုကြောင့်နှစ်ဝါတစ်နီဖြင့်အထုတ်ခံခဲ့ရပြီးကက်ဂလီယာရီနှင့်ပွဲစဉ်ကိုကြီးကြပ်ခွင့်ပိတ်ပင်ခြင်းခံခဲ့ရပါတယ်။

ကက်ဂလီယာရီကိုရိုးမားက၂-၁ဂိုးဖြင့်အနိုင်ရတဲ့ပွဲစဉ်မှာမော်ရင်ဟိုဟာသူ့ရဲ့ညစာကိုငွေရောင်ဗူးကလေးမှာထည့်ထားတဲ့အစားအစာ၊Coke ဗူးလေးသောက်ပြီးကြုံသလိုဖြေရှင်းခဲ့ရပါတယ်။

ဒါပေမယ့်မော်ရင်ဟိုဟာယင်းသို့ညစာကိုကြုံသလိုဖြေရှင်းရမှုအပေါ်စိတ်ထဲတစ်စုံတစ်ရာမခံစားရဘဲ ကက်ဂလီယာရီကိုအနိုင်ရရှိခဲ့တဲ့အတွက်ပျော်ရွှင်နေတာသေချာပါတယ်။

အသက်၅၈နှစ်ရှိပေါ်တူဂီနည်းပြက “ပွဲပြီးပြီ။သုံးမှတ်ရပြီ။စားရတာကောင်းတယ်(အဝတ်အစားလဲခန်းထဲဝင်လို့မရဘူး)။နောက်ထပ်အိုဟီနီအဖီနာဂျန်ဖီးလစ်ဆိုတဲ့ကလေးလေးထွက်လာပြီ”လို့ဆိုသွားပါတယ်။

ကက်ဂလီယာရီနှင့်ပွဲစဉ်တွင်အသက်၁၈နှစ်အရွယ်ရှိအိုဟီနီအဖီနာဂျန်ဖီးလစ်ဟာသူ့ရဲ့ပထမဆုံးရိုးမားပွဲကိုကစားခွင့်ရရှိခဲ့ပါတယ်။

ZawGyi

အဝတ္အစားလဲခန္းထဲ ဝင္ခြင့္ပိတ္ပင္ခံထားရလို႔ ကက္ဂလီယာရီကြင္းအျပင္ဘက္ ႀကဳံရာေနရာေလးမွာ ညစာစားခဲ့ရတဲ့ ေမာ္ရင္ဟို

ဟိုေဆးေမာ္ရင္ဟိုဟာအဝတ္အစားလဲခန္းအတြင္းဝင္ခြင့္ပိတ္ပင္ခံထားရမႈေၾကာင့္ကက္ဂလီယာရီကြင္းအျပင္ဘက္ႀကဳံရာလမ္းေဘးတစ္ေနရာမွာဘဲညစာစားခဲ့ရပါတယ္။

႐ိုးမားနည္းျပဟာနာပိုလီႏွင့္ပြဲစဥ္တုန္းကအနီကတ္ျပထုတ္ပယ္ျခင္းခံခဲ့ရမႈနဲ႔အတူ Sardegen Arena မွာကစားတဲ့ပြဲစဥ္မွာဧည့္သည္အသင္းအဝတ္အစားလဲခန္းအတြင္းသို႔ဝင္ခြင့္မရခဲ့ပါဘူး။

ေမာ္ရင္ဟိုဟာနာပိုလီႏွင့္ဂိုးမရွိသေရက်ကာနာပိုလီရဲ႕ႏိုင္ပြဲဆက္မွတ္တမ္းကိုရပ္တန႔္တဲ့ပြဲမွာဒိုင္လူႀကီးရဲ႕ဆုံးျဖတ္ခ်က္ကိုေစာဒကတက္မႈေၾကာင့္ႏွစ္ဝါတစ္နီျဖင့္အထုတ္ခံခဲ့ရၿပီးကက္ဂလီယာရီႏွင့္ပြဲစဥ္ကိုႀကီးၾကပ္ခြင့္ပိတ္ပင္ျခင္းခံခဲ့ရပါတယ္။

ကက္ဂလီယာရီကို႐ိုးမားက၂-၁ဂိုးျဖင့္အႏိုင္ရတဲ့ပြဲစဥ္မွာေမာ္ရင္ဟိုဟာသူ႔ရဲ႕ညစာကိုေငြေရာင္ဗူးကေလးမွာထည့္ထားတဲ့အစားအစာ၊Coke ဗူးေလးေသာက္ၿပီးႀကဳံသလိုေျဖရွင္းခဲ့ရပါတယ္။

ဒါေပမယ့္ေမာ္ရင္ဟိုဟာယင္းသို႔ညစာကိုႀကဳံသလိုေျဖရွင္းရမႈအေပၚစိတ္ထဲတစ္စုံတစ္ရာမခံစားရဘဲ ကက္ဂလီယာရီကိုအႏိုင္ရရွိခဲ့တဲ့အတြက္ေပ်ာ္႐ႊင္ေနတာေသခ်ာပါတယ္။

အသက္၅၈ႏွစ္ရွိေပၚတူဂီနည္းျပက “ပြဲၿပီးၿပီ။သုံးမွတ္ရၿပီ။စားရတာေကာင္းတယ္(အဝတ္အစားလဲခန္းထဲဝင္လို႔မရဘူး)။ေနာက္ထပ္အိုဟီနီအဖီနာဂ်န္ဖီးလစ္ဆိုတဲ့ကေလးေလးထြက္လာၿပီ”လို႔ဆိုသြားပါတယ္။

ကက္ဂလီယာရီႏွင့္ပြဲစဥ္တြင္အသက္၁၈ႏွစ္အ႐ြယ္ရွိအိုဟီနီအဖီနာဂ်န္ဖီးလစ္ဟာသူ႔ရဲ႕ပထမဆုံး႐ိုးမားပြဲကိုကစားခြင့္ရရွိခဲ့ပါတယ္။