ဥမင်လှိုဏ်ခေါင်းအတွင်းတွင် ဘာကာနည်းပြကိုးမန်းနှင့် ဆိုလ်တာဒိုတို့ အချင်းများခဲ့

ဘာစီလိုနာနည်းပြရော်နယ်ကိုးမန်းဟာစနေနေ့တုန်းကဂရန်နာဒါနှင့်ပွဲစဉ်တွင်ဦမင်လှိုဏ်ခေါင်းအတွင်းတွင် ဂရန်နာဒါတိုက်စစ်မှူးဆိုလ်တာဒိုနှင့်အချင်းများခဲ့ကြောင်းသိရပါတယ်။

ကိုးမန်းရဲ့ဘာစီလိုနာဟာမက်ဆီနှင့်ဂရက်ဇ်မန်းတို့ရဲ့သွင်းဂိုး၂ဂိုးစီနှင့်အတူဂရန်နာဒါကို၄-၀ဖြင့်အနိုင်ရရှိခဲ့ပါတယ်။

ယင်းပွဲမှာကွင်းအတွင်းမှာတစ်စုံတစ်ရာပြဿနာမဖြစ်ခဲ့ပေမယ့်ကွင်းပြင်ပမှာတော့ပြဿနာများရှိနေခဲ့ပါတယ်။

ဆိုလ်တာဒိုဟာသူ့ရဲ့အပြုအမူများကြောင့်ဆောက်သမ်တန်နည်းပြဟောင်းကိုးမန်းရဲ့ဒေါသထွက်ခြင်းခံရကာ အချင်းများခဲ့တာလည်းဖြစ်ပါတယ်။

ယင်းပွဲမှာဘာစီလိုနာဟာပွဲချိန်၁၂မိနစ်မှာဘဲဂရက်ဇ်မန်းရဲ့ဂိုးနဲ့ပွဲကိုဦးဆောင်နိုင်ခဲ့ပါတယ်။ဆိုလ်တာဒိုနှင့်ဂရန်နာဒါ ကစားသမားများကပြင်သစ်ရှေ့တန်းကစားသမားမှာလူကျွံနေတယ်ဆိုပြီးဒိုင်လူကြီးကိုစောဒကတက်ခဲ့ကြပါတယ်။

ဆိုလ်တာဒိုရဲ့ယင်းသို့စောဒကတက်မှုများကြောင့်ကိုးမန်းဟာဒိုင်လူကြီးကိုအဝါကတ်ပြသတိပေးရန်ပါတောင်းဆိုခဲ့ ကြောင်းသိရပါတယ်။

ပထမပိုင်းအပြီးအဝတ်အစားလဲခန်းအတွင်းသို့ဝင်ချိန်မှာကိုးမန်းနှင့်ဆိုလ်တာဒိုတို့ထိပ်တိုက်တွေ့ခဲ့ကြပါတယ်။ဂရန်နာဒါနည်းပြဒီယေဂိုမာတီနက်ဇ်ဟာဆိုလ်တာဒိုကိုဆွဲခေါ်သွားပြီးပြေလည်အောင်ဖြေရှင်းပေးခဲ့ပါတယ်။နည်းပြဟာဆိုလ်တာဒိုကိုချက်ချင်းပင်လူစားလဲမှုလည်းပြုလုပ်ခဲ့ပါတယ်။

ZawGyi

ဥမင္လႈိဏ္ေခါင္းအတြင္းတြင္ ဘာကာနည္းျပကိုးမန္းႏွင့္ ဆိုလ္တာဒိုတို႔ အခ်င္းမ်ားခဲ့

ဘာစီလိုနာနည္းျပေရာ္နယ္ကိုးမန္းဟာစေနေန႔တုန္းကဂရန္နာဒါႏွင့္ပြဲစဥ္တြင္ဦမင္လႈိဏ္ေခါင္းအတြင္းတြင္ ဂရန္နာဒါတိုက္စစ္မႉးဆိုလ္တာဒိုႏွင့္အခ်င္းမ်ားခဲ့ေၾကာင္းသိရပါတယ္။

ကိုးမန္းရဲ႕ဘာစီလိုနာဟာမက္ဆီႏွင့္ဂရက္ဇ္မန္းတို႔ရဲ႕သြင္းဂိုး၂ဂိုးစီႏွင့္အတူဂရန္နာဒါကို၄-၀ျဖင့္အႏိုင္ရရွိခဲ့ပါတယ္။

ယင္းပြဲမွာကြင္းအတြင္းမွာတစ္စုံတစ္ရာျပႆနာမျဖစ္ခဲ့ေပမယ့္ကြင္းျပင္ပမွာေတာ့ျပႆနာမ်ားရွိေနခဲ့ပါတယ္။

ဆိုလ္တာဒိုဟာသူ႔ရဲ႕အျပဳအမူမ်ားေၾကာင့္ေဆာက္သမ္တန္နည္းျပေဟာင္းကိုးမန္းရဲ႕ေဒါသထြက္ျခင္းခံရကာ အခ်င္းမ်ားခဲ့တာလည္းျဖစ္ပါတယ္။

ယင္းပြဲမွာဘာစီလိုနာဟာပြဲခ်ိန္၁၂မိနစ္မွာဘဲဂရက္ဇ္မန္းရဲ႕ဂိုးနဲ႔ပြဲကိုဦးေဆာင္ႏိုင္ခဲ့ပါတယ္။ဆိုလ္တာဒိုႏွင့္ဂရန္နာဒါ ကစားသမားမ်ားကျပင္သစ္ေရွ႕တန္းကစားသမားမွာလူကြၽံေနတယ္ဆိုၿပီးဒိုင္လူႀကီးကိုေစာဒကတက္ခဲ့ၾကပါတယ္။

ဆိုလ္တာဒိုရဲ႕ယင္းသို႔ေစာဒကတက္မႈမ်ားေၾကာင့္ကိုးမန္းဟာဒိုင္လူႀကီးကိုအဝါကတ္ျပသတိေပးရန္ပါေတာင္းဆိုခဲ့ ေၾကာင္းသိရပါတယ္။

ပထမပိုင္းအၿပီးအဝတ္အစားလဲခန္းအတြင္းသို႔ဝင္ခ်ိန္မွာကိုးမန္းႏွင့္ဆိုလ္တာဒိုတို႔ထိပ္တိုက္ေတြ႕ခဲ့ၾကပါတယ္။ဂရန္နာဒါနည္းျပဒီေယဂိုမာတီနက္ဇ္ဟာဆိုလ္တာဒိုကိုဆြဲေခၚသြားၿပီးေျပလည္ေအာင္ေျဖရွင္းေပးခဲ့ပါတယ္။နည္းျပဟာဆိုလ္တာဒိုကိုခ်က္ခ်င္းပင္လူစားလဲမႈလည္းျပဳလုပ္ခဲ့ပါတယ္။