အဝါကတ်ပြသခံရအောင် တမင်လုပ်သင့်/မလုပ်သင့် အန်ဆယ်လော့တီကို မေးမြန်းခဲ့တဲ့ ကက်စ်မီရို

ရီးရဲလ်မက်ဒရစ်ကွင်းလယ်ကစားသမားကက်စ်မီရိုဟာဗုဒ္ဓဟူးနေ့ညတုန်းကရှရစ်ကို၃-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲတွင်အဝါကတ်ပြသခံရအောင်လုပ်သင့်/မလုပ်သင့်နည်းပြအန်ဆယ်လော့တီအားမေးမြန်းခဲ့ပါတယ်။

ဥရောပဖလား၁၃ကြိမ်ချန်ပီယံရီးရဲလ်မက်ဒရစ်ဟာအဝေးကွင်းမှာရှရစ်ကို၃-၀ဂိုးဖြင့်အနိုင်ရရှိခဲ့ပြီးဒေးဗစ်အလာဘာ၊တိုနီခရူးစ်နှင့်ဘန်ဇီးမားတို့ကအနိုင်ဂိုးအသီးသီးသွင်းယူခဲ့ကြပါတယ်။

ဒါပေမယ့်တတိယဂိုးသွင်းပြီးချိန်မှာတော့အငြင်းပွားဖွယ်ဖြစ်ရပ်ဖြစ်လာခဲ့ပါတယ်။ကက်စ်မီရိုဟာအောင်ပွဲခံခြင်းမရှိဘဲအန်ဆယ်လော့တီထံသို့သွားရောက်ကာအဝါကတ်ပြသခံရအောင်လုပ်သင့်မလုပ်သင့်မေးမြန်းခဲ့ပါတယ်။

အန်ဆယ်လော့တီကခေါင်းခါကာငြင်းဆိုမှုပြုလုပ်ခဲ့ကြောင်းရုပ်သံပြကွက်အရသိရပါတယ်။

ကက်စ်မီရိုဟာအဝါကတ်ပြသခံရလျှင်တစ်ပွဲပယ်ခံရမှာဖြစ်ပြီးအင်တာမီလန်နှင့်အုပ်စုနောက်ဆုံးပွဲကိုလွဲပါမယ်။ဒါပေမယ့်သူဟာရှုံးထွက်အဆင့်ပွဲစဉ်ကိုအဝါကတ်မရှိဘဲကစားနိုင်ပါမယ်။

အန်ဆယ်လော့တီဟာရှရစ်နှင့်ပွဲမှာပွဲပြီးရန်၆မိနစ်အလိုမှာဘလန်ကိုနှင့်လူစားလဲခြင်းခံခဲ့ရပါတယ်။

အထက်ပါဖြစ်ရပ်နှင့်ပတ်သက်ပြီးအန်ဆယ်လော့တီကဝန်ခံသွားခြင်းတော့မရှိပါဘူး။

တကယ်တော့ရီးရဲလ်မက်ဒရစ်အတွက်ယင်းသို့အဝါကတ်တမင်ပြသခံရအောင်လုပ်ပြီးပွဲပယ်ခံရအောင်လုပ်တာအထူးအဆန်းမဟုတ်ပါဘူး။

၂၀၁၀ခုနှစ်၊နိုဝင်ဘာလတုန်းကမော်ရင်ဟိုဟာအေဂျက်စ်ကို၄-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲမှာအလွန်ဆိုနှင့်ရာမို့စ်တို့ကိုအဝါကတ်ပြသခံရအောင်ကစားစေပြီးရှုံးထွက်အဆင့်သို့အဝါကတ်မပါဘဲသွားခဲ့ပါတယ်။ယင်းပွဲမှာအလွန်ဆိုကအဝါကတ်ပြသခံရပြီးနောက်ရာမို့စ်ဟာပြစ်ဒဏ်ဘောကိုမကန်ဘဲတမင်အချိန်ဆွဲနေမှုကြောင့်ဒုတိယအဝါကတ်ပြသခံရကာအထုတ်ခံရအောင်လုပ်ခဲ့ပါတယ်။ရာမို့စ်ဟာသူ့ကိုအနီကတ်ပြတဲ့ဒိုင်လူကြီးခရစ်သောမတ်စ်ကိုလက်ဆွဲနှုတ်ဆက်ခဲ့ပါသေးတယ်။

ZawGyi

အဝါကတ္ျပသခံရေအာင္ တမင္လုပ္သင့္/မလုပ္သင့္ အန္ဆယ္ေလာ့တီကို ေမးျမန္းခဲ့တဲ့ ကက္စ္မီ႐ို

ရီးရဲလ္မက္ဒရစ္ကြင္းလယ္ကစားသမားကက္စ္မီ႐ိုဟာဗုဒၶဟူးေန႔ညတုန္းကရွရစ္ကို၃-၀ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲတြင္အဝါကတ္ျပသခံရေအာင္လုပ္သင့္/မလုပ္သင့္နည္းျပအန္ဆယ္ေလာ့တီအားေမးျမန္းခဲ့ပါတယ္။

ဥေရာပဖလား၁၃ႀကိမ္ခ်န္ပီယံရီးရဲလ္မက္ဒရစ္ဟာအေဝးကြင္းမွာရွရစ္ကို၃-၀ဂိုးျဖင့္အႏိုင္ရရွိခဲ့ၿပီးေဒးဗစ္အလာဘာ၊တိုနီခ႐ူးစ္ႏွင့္ဘန္ဇီးမားတို႔ကအႏိုင္ဂိုးအသီးသီးသြင္းယူခဲ့ၾကပါတယ္။

ဒါေပမယ့္တတိယဂိုးသြင္းၿပီးခ်ိန္မွာေတာ့အျငင္းပြားဖြယ္ျဖစ္ရပ္ျဖစ္လာခဲ့ပါတယ္။ကက္စ္မီ႐ိုဟာေအာင္ပြဲခံျခင္းမရွိဘဲအန္ဆယ္ေလာ့တီထံသို႔သြားေရာက္ကာအဝါကတ္ျပသခံရေအာင္လုပ္သင့္မလုပ္သင့္ေမးျမန္းခဲ့ပါတယ္။

အန္ဆယ္ေလာ့တီကေခါင္းခါကာျငင္းဆိုမႈျပဳလုပ္ခဲ့ေၾကာင္း႐ုပ္သံျပကြက္အရသိရပါတယ္။

ကက္စ္မီ႐ိုဟာအဝါကတ္ျပသခံရလွ်င္တစ္ပြဲပယ္ခံရမွာျဖစ္ၿပီးအင္တာမီလန္ႏွင့္အုပ္စုေနာက္ဆုံးပြဲကိုလြဲပါမယ္။ဒါေပမယ့္သူဟာရႈံးထြက္အဆင့္ပြဲစဥ္ကိုအဝါကတ္မရွိဘဲကစားႏိုင္ပါမယ္။

အန္ဆယ္ေလာ့တီဟာရွရစ္ႏွင့္ပြဲမွာပြဲၿပီးရန္၆မိနစ္အလိုမွာဘလန္ကိုႏွင့္လူစားလဲျခင္းခံခဲ့ရပါတယ္။

အထက္ပါျဖစ္ရပ္ႏွင့္ပတ္သက္ၿပီးအန္ဆယ္ေလာ့တီကဝန္ခံသြားျခင္းေတာ့မရွိပါဘူး။

တကယ္ေတာ့ရီးရဲလ္မက္ဒရစ္အတြက္ယင္းသို႔အဝါကတ္တမင္ျပသခံရေအာင္လုပ္ၿပီးပြဲပယ္ခံရေအာင္လုပ္တာအထူးအဆန္းမဟုတ္ပါဘူး။

၂၀၁၀ခုႏွစ္၊ႏိုဝင္ဘာလတုန္းကေမာ္ရင္ဟိုဟာေအဂ်က္စ္ကို၄-၀ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲမွာအလြန္ဆိုႏွင့္ရာမို႔စ္တို႔ကိုအဝါကတ္ျပသခံရေအာင္ကစားေစၿပီးရႈံးထြက္အဆင့္သို႔အဝါကတ္မပါဘဲသြားခဲ့ပါတယ္။ယင္းပြဲမွာအလြန္ဆိုကအဝါကတ္ျပသခံရၿပီးေနာက္ရာမို႔စ္ဟာျပစ္ဒဏ္ေဘာကိုမကန္ဘဲတမင္အခ်ိန္ဆြဲေနမႈေၾကာင့္ဒုတိယအဝါကတ္ျပသခံရကာအထုတ္ခံရေအာင္လုပ္ခဲ့ပါတယ္။ရာမို႔စ္ဟာသူ႔ကိုအနီကတ္ျပတဲ့ဒိုင္လူႀကီးခရစ္ေသာမတ္စ္ကိုလက္ဆြဲႏႈတ္ဆက္ခဲ့ပါေသးတယ္။