အဝေးကွင်းဂိုးစည်းမျဉ်းကို ဖျက်သိမ်းရန် ယူအီးအက်ဖ်အေ ဆွေးနွေးမည်

ယူအီးအက်ဖ်အေမှကလပ်ကော်မတီအကြီးအကဲများဟာမနက်ဖြန်မှာအဝေးကွင်းဂိုးစည်းမျဉ်းကိုဖျက်သိမ်းရေးအတွက်ဆွေးနွေးမှုပြုလုပ်သွားမည်ဖြစ်ကြောင်းသိရပါတယ်။

ယူအီးအက်ဖ်အေရဲ့ကလပ်ပြိုင်ပွဲကော်မတီဟာအကြီးအကျယ်ဝေဖန်မှုများခံနေရတဲ့အဝေးဂိုးစည်းမျဉ်းစနစ်ကိုအပြောင်းအလဲများပြုလုပ်ရန်အဆင်သင့်ဖြစ်နေပြီလည်းဖြစ်ပါတယ်။

ဥရောပပြိုင်ပွဲများတွင်၁၉၆၅-၆၆ရာသီကတည်းကအဝေးဂိုးစည်းမျဉ်းစနစ်ကိုစတင်ကျင့်သုံးလာခဲ့တာလည်းဖြစ်ပါတယ်။

ယူအီးအက်ဖ်အေဟာလာမယ့်ဘောလုံးရာသီမှစတင်ကာချန်ပီယံလိဂ်နှင့်ယူရိုလိဂ်ပြိုင်ပွဲတို့တွင်ဒုတိယအကျော့ရဲ့အချိန်ပိုတွင်သွင်းယူတဲ့ဂိုးကိုထည့်တွက်မစဉ်းစားရေးပြောင်းလဲကျင့်သုံးရေးစည်းမျဉ်းပြင်ဆင်ရန်အဆိုပြုမှုပြုလုပ်ခဲ့ပါတယ်။

ယင်းဥပဒေအဆိုပြုမှုကိုဥပဒေပြဌာန်းရေးကော်မတီကလက်ခံရန်လိုအပ်ပါသေးတယ်။အကယ်၍ခွင့်ပြုချက်ပေးလိုက်ပါကယင်းစနစ်ကိုလာမယ့်နှစ်ဘောလုံးရာသီမှစတင်ကာအသုံးပြုသွားပါမယ်။

ZawGyi

အေဝးကြင္းဂိုးစည္းမ်ဥ္းကို ဖ်က္သိမ္းရန္ ယူအီးအက္ဖ္ေအ ေဆြးေႏြးမည္

ယူအီးအက္ဖ္ေအမွကလပ္ေကာ္မတီအႀကီးအကဲမ်ားဟာမနက္ျဖန္မွာအေဝးကြင္းဂိုးစည္းမ်ဥ္းကိုဖ်က္သိမ္းေရးအတြက္ေဆြးေႏြးမႈျပဳလုပ္သြားမည္ျဖစ္ေၾကာင္းသိရပါတယ္။

ယူအီးအက္ဖ္ေအရဲ႕ကလပ္ၿပိဳင္ပြဲေကာ္မတီဟာအႀကီးအက်ယ္ေဝဖန္မႈမ်ားခံေနရတဲ့အေဝးဂိုးစည္းမ်ဥ္းစနစ္ကိုအေျပာင္းအလဲမ်ားျပဳလုပ္ရန္အဆင္သင့္ျဖစ္ေနၿပီလည္းျဖစ္ပါတယ္။

ဥေရာပၿပိဳင္ပြဲမ်ားတြင္၁၉၆၅-၆၆ရာသီကတည္းကအေဝးဂိုးစည္းမ်ဥ္းစနစ္ကိုစတင္က်င့္သုံးလာခဲ့တာလည္းျဖစ္ပါတယ္။

ယူအီးအက္ဖ္ေအဟာလာမယ့္ေဘာလုံးရာသီမွစတင္ကာခ်န္ပီယံလိဂ္ႏွင့္ယူ႐ိုလိဂ္ၿပိဳင္ပြဲတို႔တြင္ဒုတိယအေက်ာ့ရဲ႕အခ်ိန္ပိုတြင္သြင္းယူတဲ့ဂိုးကိုထည့္တြက္မစဥ္းစားေရးေျပာင္းလဲက်င့္သုံးေရးစည္းမ်ဥ္းျပင္ဆင္ရန္အဆိုျပဳမႈျပဳလုပ္ခဲ့ပါတယ္။

ယင္းဥပေဒအဆိုျပဳမႈကိုဥပေဒျပဌာန္းေရးေကာ္မတီကလက္ခံရန္လိုအပ္ပါေသးတယ္။အကယ္၍ခြင့္ျပဳခ်က္ေပးလိုက္ပါကယင္းစနစ္ကိုလာမယ့္ႏွစ္ေဘာလုံးရာသီမွစတင္ကာအသုံးျပဳသြားပါမယ္။