အဝေးကွင်းပွဲသွားရောက်ကစားနေစဉ် ဖောက်ထွင်းခံခဲ့ရတဲ့ လင်ဂတ်

ယူနိုက်တက်စတားဂျက်စီလင်ဂတ်ဟာအဝေးကွင်းပွဲသွားရောက်ကစားနေစဉ်ဖောက်ထွင်းသမားများရဲ့ပစ်မှတ်ထားခြင်းခံခဲ့ရပြီးနေအိမ်မှပေါင်တစ်သိန်းတန်ဖိုးရှိအဝတ်အစားများနှင့်လက်ဝတ်ရတနာများအခိုးခံခဲ့ရပါတယ်။

လင်ဂတ်ဟာဇန်နဝါရီလ၁၅ရက်နေ့တုန်းကယူနိုက်တက်နှင့်အတူ ဗီလာနှင့်အဝေးကွင်းပွဲသွားရောက်ကစားစဉ်ဖောက်ထွင်းသမားများရဲ့ပစ်မှတ်ထားခြင်းခံခဲ့ရတာလည်းဖြစ်ပါတယ်။

ဖောက်ထွင်းသမားများဟာလုံခြုံရေးသတိပေးသံထွက်ပေါ်လာမှုကြောင့်လုံခြုံရေးများမရောက်လာမီ ပေါင်၃သန်းတန်နေအိမ်မှထွက်ပြေးနိုင်ခဲ့ကြပါတယ်။

အသက်၂၇နှစ်ရှိယူနိုက်တက်စတားဟာဖောက်ထွင်းခံရပြီးနောက်ပေါင်၃သန်းတန်နေအိမ်ကိုအရောင်းစာရင်းတင်ခဲ့ပြီး ကမ်းလှမ်းမှုကိုလက်ခံ ရောင်းချခဲ့ပါတယ်။

ဂရိတ်တားမန်ချက်စတာရှိဟေးလ်ရှိပေါင်၃သန်းတန်လင်ဂတ်ရဲ့နေအိမ်တွင် ရေကူးကန်၊ကာယလေ့ကျင့်ခန်းအခန်းနှင့်ရုပ်ရှင်ရုံတို့ပါဝင်ပါတယ်။

ခရစ္စမတ်နှင့်နှစ်သစ်ကူးကာလတွင်းတွင်မန်ချက်စတာအခြေစိုက်ကစားသမားများဖြစ်ကြတဲ့မန်စီးတီးရဲ့ကန်စီလိုနှင့်ယူနိုက်တက်ရဲ့လင်ဒီလော့ဖ်တို့ရဲ့နေအိမ်ဟာလည်းဖောက်ထွင်းသမားများရဲ့ပစ်မှတ်ထားခြင်းခံခဲ့ရပါတယ်။

Zawgyi

အေဝးကြင္းပြဲသြားေရာက္ကစားေနစဥ္ ေဖာက္ထြင္းခံခဲ့ရတဲ့ လင္ဂတ္

ယူႏိုက္တက္စတားဂ်က္စီလင္ဂတ္ဟာအေဝးကြင္းပြဲသြားေရာက္ကစားေနစဥ္ေဖာက္ထြင္းသမားမ်ားရဲ႕ပစ္မွတ္ထားျခင္းခံခဲ့ရၿပီးေနအိမ္မွေပါင္တစ္သိန္းတန္ဖိုးရွိအဝတ္အစားမ်ားႏွင့္လက္ဝတ္ရတနာမ်ားအခိုးခံခဲ့ရပါတယ္။

လင္ဂတ္ဟာဇန္နဝါရီလ၁၅ရက္ေန႔တုန္းကယူႏိုက္တက္ႏွင့္အတူ ဗီလာႏွင့္အေဝးကြင္းပြဲသြားေရာက္ကစားစဥ္ေဖာက္ထြင္းသမားမ်ားရဲ႕ပစ္မွတ္ထားျခင္းခံခဲ့ရတာလည္းျဖစ္ပါတယ္။

ေဖာက္ထြင္းသမားမ်ားဟာလုံၿခဳံေရးသတိေပးသံထြက္ေပၚလာမႈေၾကာင့္လုံၿခဳံေရးမ်ားမေရာက္လာမီ ေပါင္၃သန္းတန္ေနအိမ္မွထြက္ေျပးႏိုင္ခဲ့ၾကပါတယ္။

အသက္၂၇ႏွစ္ရွိယူႏိုက္တက္စတားဟာေဖာက္ထြင္းခံရၿပီးေနာက္ေပါင္၃သန္းတန္ေနအိမ္ကိုအေရာင္းစာရင္းတင္ခဲ့ၿပီး ကမ္းလွမ္းမႈကိုလက္ခံ ေရာင္းခ်ခဲ့ပါတယ္။

ဂရိတ္တားမန္ခ်က္စတာရွိေဟးလ္ရွိေပါင္၃သန္းတန္လင္ဂတ္ရဲ႕ေနအိမ္တြင္ ေရကူးကန္၊ကာယေလ့က်င့္ခန္းအခန္းႏွင့္႐ုပ္ရွင္႐ုံတို႔ပါဝင္ပါတယ္။

ခရစၥမတ္ႏွင့္ႏွစ္သစ္ကူးကာလတြင္းတြင္မန္ခ်က္စတာအေျခစိုက္ကစားသမားမ်ားျဖစ္ၾကတဲ့မန္စီးတီးရဲ႕ကန္စီလိုႏွင့္ယူႏိုက္တက္ရဲ႕လင္ဒီေလာ့ဖ္တို႔ရဲ႕ေနအိမ္ဟာလည္းေဖာက္ထြင္းသမားမ်ားရဲ႕ပစ္မွတ္ထားျခင္းခံခဲ့ရပါတယ္။