အဝေးကွင်း ၂၇ ပွဲဆက် ရှုံးပွဲမရှိရလဒ်ရခဲ့ပေမယ့် အမှတ်နစ်နာခဲ့တဲ့ သရဲနီ

မန်ယူဟာဒုတိယပိုင်းမှာမေဆင်ဂရင်းဝုဒ်သွင်းယူတဲ့ချေပဂိုးနဲ့ချေပဂိုးနဲ့ တစ်ဂိုးစီသရေကျခဲ့ကာအဝေးကွင်း၂၇ပွဲဆက်ရှုံးပွဲမရှိမှတ်တမ်းဆက်လက်ရယူသွားခဲ့ပါတယ်။

မေဆင်ဂရင်းဝုဒ်ဟာဒုတိယပိုင်း၅၅မိနစ်မှာအနီးကပ်ပိတ်သွင်းပြီးမန်ယူအတွက်အဖိုးတန်ချေပဂိုးကိုသွင်းယူခဲ့တာဖြစ်ပါတယ်။မေဆင်ဂရင်းဝုဒ်ဂိုးသွင်းနိုင်အောင်ဖန်တီးနိုင်ခဲ့တဲ့ပေါလ်ပေါ့ဘာဟာပရီးမီးယားလိဂ်၂ပွဲကစားထားရာမှာ၅ကြိမ်အထိဖန်တီးထားနိုင်ပြီဖြစ်ပါတယ်။

အိမ်ရှင်ဆောက်သမ်တန်ဟာဘရူနိုဖာနန်ဒက်စ်ရဲ့အမှားကနေ ပထမပိုင်းမိနစ်၃၀မှာဦးဆောင်ဂိုးရခဲ့ပါတယ်။ဂျက်စတီဖင်ကဘရူနိုဖာနန်ဒက်စ်ထံမှဘောလုံးကိုရယူပြီးတိုက်စ်လမ်းကြောင်းဖွင့်ခဲ့တာပါ။

ဒိုင်လူကြီးခရစ်‌ပေါဆင်ကပြစ်ဒဏ်ဘောမပေးဘဲပွဲကိုဆက်ကစားစေခဲ့ပါတယ်။ဂျက်စတီဖင်ဆီဘောလုံးကိုအမ်စထရောင်းကရယူပြီးဖန်တီးလိုက်မှုကနေချီအဒမ်ကဧရိယာအစပ်နားမှဂိုးသွင်းခဲ့ပါတယ်။ချီအဒမ်ရဲ့ကန်ချက်ကဖရက်ကိုထိပြီးဂိုးဝင်သွားတာဖြစ်လို့ Own Goal အဖြစ်သတ်မှတ်ပေးခဲ့ပါတယ်။

အခုပွဲမှာဆိုးလ်ရှားဟာအသစ်ခေါ်ယူထားတဲ့ဗာရိန်းကိုအရန်စာရင်းထဲမှာထည့်သွင်းခဲ့ပေမယ့်လည်းအသုံးပြုသွားခဲ့ခြင်းမရှိပါဘူး။

မန်ယူဟာယခုပွဲမှာအနိုင်မရရှိခဲ့လို့အမှတ်နစ်နာရပေမယ့်၂၀၀၄ခုနှစ်တုန်းကအာဆင်နယ်တင်ခဲ့တဲ့ပရီးမီးယားလိဂ်အဝေးကွင်း၂၇ပွဲဆက်တိုက်ရှုံးပွဲမရှိမှတ်တမ်းကိုလိုက်မီသွားခဲ့ပြီဖြစ်ပါတယ်။

ZawGyi

အေဝးကြင္း ၂၇ ပြဲဆက္ ရႈံးပြဲမရွိရလဒ္ရခဲ့ေပမယ့္ အမွတ္နစ္နာခဲ့တဲ့ သရဲနီ

မန္ယူဟာဒုတိယပိုင္းမွာေမဆင္ဂရင္းဝုဒ္သြင္းယူတဲ့ေခ်ပဂိုးနဲ႔ေခ်ပဂိုးနဲ႔ တစ္ဂိုးစီသေရက်ခဲ့ကာအေဝးကြင္း၂၇ပြဲဆက္ရႈံးပြဲမရွိမွတ္တမ္းဆက္လက္ရယူသြားခဲ့ပါတယ္။

ေမဆင္ဂရင္းဝုဒ္ဟာဒုတိယပိုင္း၅၅မိနစ္မွာအနီးကပ္ပိတ္သြင္းၿပီးမန္ယူအတြက္အဖိုးတန္ေခ်ပဂိုးကိုသြင္းယူခဲ့တာျဖစ္ပါတယ္။ေမဆင္ဂရင္းဝုဒ္ဂိုးသြင္းႏိုင္ေအာင္ဖန္တီးႏိုင္ခဲ့တဲ့ေပါလ္ေပါ့ဘာဟာပရီးမီးယားလိဂ္၂ပြဲကစားထားရာမွာ၅ႀကိမ္အထိဖန္တီးထားႏိုင္ၿပီျဖစ္ပါတယ္။

အိမ္ရွင္ေဆာက္သမ္တန္ဟာဘ႐ူႏိုဖာနန္ဒက္စ္ရဲ႕အမွားကေန ပထမပိုင္းမိနစ္၃၀မွာဦးေဆာင္ဂိုးရခဲ့ပါတယ္။ဂ်က္စတီဖင္ကဘ႐ူႏိုဖာနန္ဒက္စ္ထံမွေဘာလုံးကိုရယူၿပီးတိုက္စ္လမ္းေၾကာင္းဖြင့္ခဲ့တာပါ။

ဒိုင္လူႀကီးခရစ္‌ေပါဆင္ကျပစ္ဒဏ္ေဘာမေပးဘဲပြဲကိုဆက္ကစားေစခဲ့ပါတယ္။ဂ်က္စတီဖင္ဆီေဘာလုံးကိုအမ္စထေရာင္းကရယူၿပီးဖန္တီးလိုက္မႈကေနခ်ီအဒမ္ကဧရိယာအစပ္နားမွဂိုးသြင္းခဲ့ပါတယ္။ခ်ီအဒမ္ရဲ႕ကန္ခ်က္ကဖရက္ကိုထိၿပီးဂိုးဝင္သြားတာျဖစ္လို႔ Own Goal အျဖစ္သတ္မွတ္ေပးခဲ့ပါတယ္။

အခုပြဲမွာဆိိုးလ္ရွားဟာအသစ္ေခၚယူထားတဲ့ဗာရိန္းကိုအရန္စာရင္းထဲမွာထည့္သြင္းခဲ့ေပမယ့္လည္းအသုံးျပဳသြားခဲ့ျခင္းမရွိပါဘူး။

မန္ယူဟာယခုပြဲမွာအႏိုင္မရရွိခဲ့လို႔အမွတ္နစ္နာရေပမယ့္၂၀၀၄ခုႏွစ္တုန္းကအာဆင္နယ္တင္ခဲ့တဲ့ပရီးမီးယားလိဂ္အေဝးကြင္း၂၇ပြဲဆက္တိုက္ရႈံးပြဲမရွိမွတ္တမ္းကိုလိုက္မီသြားခဲ့ၿပီျဖစ္ပါတယ္။