အဝှာလုပ်ချိန်စဉ် ဇနီးသည်ကို အပေါ်တွင် နေစေရန် စပါးစ်ကစားသမားများကို စပါးစ်နည်းပြသစ်ကွန်တီအကြံပြု

အန်တိုနီယိုကွန်တီဟာစပါးစ်အသင်းသို့စိတ်ကူးစိတ်သန်းသစ်ပေါင်းများစွာယူဆောင်လာပါမယ်။စပါးစ်သို့အန်တိုနီယိုကွန်တီယူဆောင်လာမယ့်အရာများတွင်နည်းစနစ်ပိုင်းများသာမကပုဂ္ဂိုလ်ရေးဆိုင်ရာအကြံပြုမှုများစွာလည်းပါဝင်လာပါမယ်။

အီတလီလူမျိုးနည်းပြဟာမနေ့တုန်းကစပါးစ်နည်းပြသစ်အဖြစ်၁၈လစာချုပ်ချုပ်ဆိုခဲ့ပြီးယနေ့တွင်ပထမဆုံးလေ့ကျင့်ခန်းအစီအစဉ်အဖြစ်စပါးစ်ကစားသမားများကိုကြီးကြပ်မှုပြုလုပ်ခဲ့ပါတယ်။ကွန်တီဟာဉာဏ်ကြီးရှင်တစ်ဦးဖြစ်သလိုသူ့ကစားသမားများကိုအိပ်ယာပေါ်မှာဘယ်လိုပြုမူနေထိုင်ရမယ်ဆိုတာနဲ့ပတ်သက်ပြီးတော့လည်းအကြံပြုခဲ့သူဖြစ်ပါတယ်။

သူဟာအင်တာမီလန်ကိုကိုင်တွယ်တုန်းကဘောလုံးရာသီအတွင်းကြံ့ခိုင်မှုပိုင်းထိခိုက်နစ်နာတာမျိုးမဖြစ်အောင် ကစားသမားများကိုအိပ်ယာထက်မှာဇနီးမယားနှင့်အတူနေတဲ့အခါအားစိုက်တာမျိုးမလုပ်စေဘဲဇနီးမယားကိုအပေါ်မှာနေစေဖို့အကြံပေးခဲ့သူလည်းဖြစ်ပါတယ်။

ချဲလ်ဆီးနည်းပြဟောင်းက “ပွဲတွေအများကြီးကာလတွေမှာကစားသမားတွေအနေနဲ့အိပ်ယာထက်မှာလိင်မှုကိစ္စကိုအကြာကြီးလုပ်ဖို့မသင့်တော်ပါဘူး။သူတို့အနေနဲ့အားစိုက်မှုနည်းနည်းလေးနဲ့လုပ်ရပါမယ်။အကောင်းဆုံးပုံစံကတော့ကိုယ့်ပါတနာကိုအပေါ်ကနေစေတာပါ။ကိုယ့်ဇနီးနဲ့ဆိုရင်သူတို့အတွက်အကောင်းဆုံးပြီးပြည့်စုံတဲ့ပုံစံပါ။ဒီနည်းကသူတို့ကိုအားစိုက်မှုနည်းပါးစေပါတယ်”လို့ပြောကြားသွားပါတယ်။

တကယ်တော့ကွန်တီတစ်ဦးတည်းသာကစားသမားများရဲ့လိင်မှုကိစ္စနှင့်အကြံပေးတတ်တဲ့နည်းပြမဟုတ်ပါဘူး။ဂွါဒီယိုလာဟာလည်းဘာစီလိုနာနှင့်မန်စီးတီးတို့ကိုကိုင်တွယ်တုန်းကလီဝန်ဒေါ့စကီးနှင့်လီယွန်နယ်မက်ဆီတို့အားညဉ့်လည်သန်းခေါင်အချိန်တွင်လိင်မှုကိစ္စမပြုလုပ်ရန်ပိတ်ပင်ခဲ့ကြောင်းသိရပါတယ်။

ZawGyi

အဝွာလုပ္ခ်ိန္စဥ္ ဇနီးသည္ကို အေပၚတြင္ ေနေစရန္ စပါးစ္ကစားသမားမ်ားကို စပါးစ္နည္းျပသစ္ကြန္တီအႀကံျပဳ

အန္တိုနီယိုကြန္တီဟာစပါးစ္အသင္းသို႔စိတ္ကူးစိတ္သန္းသစ္ေပါင္းမ်ားစြာယူေဆာင္လာပါမယ္။စပါးစ္သို႔အန္တိုနီယိုကြန္တီယူေဆာင္လာမယ့္အရာမ်ားတြင္နည္းစနစ္ပိုင္းမ်ားသာမကပုဂၢိဳလ္ေရးဆိုင္ရာအႀကံျပဳမႈမ်ားစြာလည္းပါဝင္လာပါမယ္။

အီတလီလူမ်ိဳးနည္းျပဟာမေန႔တုန္းကစပါးစ္နည္းျပသစ္အျဖစ္၁၈လစာခ်ဳပ္ခ်ဳပ္ဆိုခဲ့ၿပီးယေန႔တြင္ပထမဆုံးေလ့က်င့္ခန္းအစီအစဥ္အျဖစ္စပါးစ္ကစားသမားမ်ားကိုႀကီးၾကပ္မႈျပဳလုပ္ခဲ့ပါတယ္။ကြန္တီဟာဉာဏ္ႀကီးရွင္တစ္ဦးျဖစ္သလိုသူ႔ကစားသမားမ်ားကိုအိပ္ယာေပၚမွာဘယ္လိုျပဳမူေနထိုင္ရမယ္ဆိုတာနဲ႔ပတ္သက္ၿပီးေတာ့လည္းအႀကံျပဳခဲ့သူျဖစ္ပါတယ္။

သူဟာအင္တာမီလန္ကိုကိုင္တြယ္တုန္းကေဘာလုံးရာသီအတြင္းႀကံ့ခိုင္မႈပိုင္းထိခိုက္နစ္နာတာမ်ိဳးမျဖစ္ေအာင္ ကစားသမားမ်ားကိုအိပ္ယာထက္မွာဇနီးမယားႏွင့္အတူေနတဲ့အခါအားစိုက္တာမ်ိဳးမလုပ္ေစဘဲဇနီးမယားကိုအေပၚမွာေနေစဖို႔အႀကံေပးခဲ့သူလည္းျဖစ္ပါတယ္။

ခ်ဲလ္ဆီးနည္းျပေဟာင္းက “ပြဲေတြအမ်ားႀကီးကာလေတြမွာကစားသမားေတြအေနနဲ႔အိပ္ယာထက္မွာလိင္မႈကိစၥကိုအၾကာႀကီးလုပ္ဖို႔မသင့္ေတာ္ပါဘူး။သူတို႔အေနနဲ႔အားစိုက္မႈနည္းနည္းေလးနဲ႔လုပ္ရပါမယ္။အေကာင္းဆုံးပုံစံကေတာ့ကိုယ့္ပါတနာကိုအေပၚကေနေစတာပါ။ကိုယ့္ဇနီးနဲ႔ဆိုရင္သူတို႔အတြက္အေကာင္းဆုံးၿပီးျပည့္စုံတဲ့ပုံစံပါ။ဒီနည္းကသူတို႔ကိုအားစိုက္မႈနည္းပါးေစပါတယ္”လို႔ေျပာၾကားသြားပါတယ္။

တကယ္ေတာ့ကြန္တီတစ္ဦးတည္းသာကစားသမားမ်ားရဲ႕လိင္မႈကိစၥႏွင့္အႀကံေပးတတ္တဲ့နည္းျပမဟုတ္ပါဘူး။ဂြါဒီယိုလာဟာလည္းဘာစီလိုနာႏွင့္မန္စီးတီးတို႔ကိုကိုင္တြယ္တုန္းကလီဝန္ေဒါ့စကီးႏွင့္လီယြန္နယ္မက္ဆီတို႔အားညဥ့္လည္သန္းေခါင္အခ်ိန္တြင္လိင္မႈကိစၥမျပဳလုပ္ရန္ပိတ္ပင္ခဲ့ေၾကာင္းသိရပါတယ္။