အသက်ရှူရခက်ခဲမှုကြောင့် ဆေးရုံသို့ အရေးပေါ်ပို့ဆောင်ခဲ့ရတဲ့ ဆာဂျီယိုအဂွဲရိုး

ဆာဂျီယိုအဂွဲရိုးဟာဘာစီလိုနာအတွက်ပထမဆုံးအိမ်ကွင်းပွဲကစားခဲ့ရာတွင် အသက်ရှူရခက်ခဲလာမှုကြောင့်ဆေးရုံသို့အရေးပေါ်တက်ရောက်ခဲ့ပြီး စစ်ဆေးမှုများခံယူရတော့မှာဖြစ်ပါတယ်။

နွေရာသီအပြောင်းအရွှေ့ဈေးကွက်တွင်မန်စီးတီးမှအလွတ်ပြောင်းရွှေ့ကြေးဖြင့်ပြောင်းလာတဲ့အာဂျင်တီးနားတိုက်စစ်မှူးအဂွဲရိုးဟာပထမပိုင်းမပြီးခင်မှာဘဲအသက်ရှူရခက်ခဲလာမှုနဲ့အတူဆေးအဖွဲ့အကူအညီရယူခဲ့ရပါတယ်။

အဂွဲရိုးဟာမနေ့တုန်းကအလာဗက်စ်နှင့်တစ်ဂိုးစီသရေကျတဲ့ပွဲရဲ့ပထမပိုင်းမိနစ်၄၀တွင်အသက်ရှူရခက်ခဲကာရင်ဘတ်ကိုလက်ဖြင့်ဖိထားပြီးနောက်ကွင်းထဲမှာလဲလျောင်းခဲ့ရပါတယ်။

ဘာစီလိုနာဆေးအဖွဲ့ကကွင်းအတွင်းသို့ချက်ချင်းဝင်ရောက်အကူအညီပေးခဲ့ရပါတယ်။အဂွဲရိုးဟာကွင်းအတွင်းမှာဖြည်းဖြည်းချင်းလမ်းလျှောက်ကာထွက်ခွာခဲ့ပါတယ်။

အသက်၃၃နှစ်ရှိတိုက်စစ်မှူးကိုဖီးလစ်ပီကော်တင်ဟိုနှင့်လူစားလဲခဲ့ရပါတယ်။အဂွဲရိုးကိုဆေးရုံသို့ပို့ဆောင်ခဲ့ပြီးသူ့အသက်ရှူရခက်ခဲမှုပြဿနာအရင်းအမြစ်ကိုရှာဖွေသွားပါမယ်။

လက်ရှိအချိန်မှာအဂွဲရိုးရဲ့အခြေအနေမှာတိုးတက်ကောင်းမွန်လာပြီဖြစ်သော်လည်း အသက်ရှူရခက်ခဲနေချိန်တွင်သူ့နှလုံးခုန်နှုန်းမှာပုံမှန်ထက်အလွန်မြင့်မားနေတာတွေ့ရပါတယ်။

စပိန်ရုပ်သံတွင်ဖော်ပြလာတဲ့အဂွဲရိုးရဲ့ပုံရိပ်များအရသူဟာပွဲချိန်၁၈မိနစ်တွင် ကြွက်သားပြဿနာကြုံတွေ့နေရကြောင်းတွေ့ရပြီးပထမပိုင်းအတွင်းတွင်ပင်လူစားလဲလိုတဲ့အချက်ပြမှုပြုလုပ်ခဲ့ကြောင်းတွေ့ရပါတယ်။

ZawGyi

အသက္ရႉရခက္ခဲမႈေၾကာင့္ ေဆး႐ုံသို႔ အေရးေပၚပို႔ေဆာင္ခဲ့ရတဲ့ ဆာဂ်ီယိုအဂြဲ႐ိုး

ဆာဂ်ီယိုအဂြဲ႐ိုးဟာဘာစီလိုနာအတြက္ပထမဆုံးအိမ္ကြင္းပြဲကစားခဲ့ရာတြင္ အသက္ရႉရခက္ခဲလာမႈေၾကာင့္ေဆး႐ုံသို႔အေရးေပၚတက္ေရာက္ခဲ့ၿပီး စစ္ေဆးမႈမ်ားခံယူရေတာ့မွာျဖစ္ပါတယ္။

ေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္တြင္မန္စီးတီးမွအလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ေျပာင္းလာတဲ့အာဂ်င္တီးနားတိုက္စစ္မႉးအဂြဲ႐ိုးဟာပထမပိုင္းမၿပီးခင္မွာဘဲအသက္ရႉရခက္ခဲလာမႈနဲ႔အတူေဆးအဖြဲ႕အကူအညီရယူခဲ့ရပါတယ္။

အဂြဲ႐ိုးဟာမေန႔တုန္းကအလာဗက္စ္ႏွင့္တစ္ဂိုးစီသေရက်တဲ့ပြဲရဲ႕ပထမပိုင္းမိနစ္၄၀တြင္အသက္ရႉရခက္ခဲကာရင္ဘတ္ကိုလက္ျဖင့္ဖိထားၿပီးေနာက္ကြင္းထဲမွာလဲေလ်ာင္းခဲ့ရပါတယ္။

ဘာစီလိုနာေဆးအဖြဲ႕ကကြင္းအတြင္းသို႔ခ်က္ခ်င္းဝင္ေရာက္အကူအညီေပးခဲ့ရပါတယ္။အဂြဲ႐ိုးဟာကြင္းအတြင္းမွာျဖည္းျဖည္းခ်င္းလမ္းေလွ်ာက္ကာထြက္ခြာခဲ့ပါတယ္။

အသက္၃၃ႏွစ္ရွိတိုက္စစ္မႉးကိုဖီးလစ္ပီေကာ္တင္ဟိုႏွင့္လူစားလဲခဲ့ရပါတယ္။အဂြဲ႐ိုးကိုေဆး႐ုံသို႔ပို႔ေဆာင္ခဲ့ၿပီးသူ႔အသက္ရႉရခက္ခဲမႈျပႆနာအရင္းအျမစ္ကိုရွာေဖြသြားပါမယ္။

လက္ရွိအခ်ိန္မွာအဂြဲ႐ိုးရဲ႕အေျခအေနမွာတိုးတက္ေကာင္းမြန္လာၿပီျဖစ္ေသာ္လည္း အသက္ရႉရခက္ခဲေနခ်ိန္တြင္သူ႔ႏွလုံးခုန္ႏႈန္းမွာပုံမွန္ထက္အလြန္ျမင့္မားေနတာေတြ႕ရပါတယ္။

စပိန္႐ုပ္သံတြင္ေဖာ္ျပလာတဲ့အဂြဲ႐ိုးရဲ႕ပုံရိပ္မ်ားအရသူဟာပြဲခ်ိန္၁၈မိနစ္တြင္ ႂကြက္သားျပႆနာႀကဳံေတြ႕ေနရေၾကာင္းေတြ႕ရၿပီးပထမပိုင္းအတြင္းတြင္ပင္လူစားလဲလိုတဲ့အခ်က္ျပမႈျပဳလုပ္ခဲ့ေၾကာင္းေတြ႕ရပါတယ္။