အသက်ရှူရခက်ခဲမှုကြောင့် နှလုံးခွဲစိတ်ကုသမှုပြုလုပ်ခဲ့ရတဲ့ ဘိုင်ယန်စတားကင်းစလေကိုးမန်း

ဘိုင်ယန်မြူးနစ်တောင်ပံကစားသမားကင်စလေကိုးမန်းဟာနှလုံးအသေးစားခွဲစိတ်ကုသမှုပြုလုပ်ခဲ့ရကြောင်း နည်းပြဂျူလီယန်နာဂယ်မန်းကအတည်ပြုပြောကြားလိုက်ပါတယ်။

အသက်၂၅နှစ်ရှိပြင်သစ်လက်ရွေးစင်ကစားသမားဟာနှလုံးခုန်နှုန်းမမှန်ဖြစ်ကာအသက်ရှူရခက်ခဲမှုကြောင့်စစ်ဆေးမှုပြုလုပ်ခဲ့ရာမှနှလုံးအသေးစားခွဲစိတ်ကုသမှုခံယူခဲ့ရတာဖြစ်ပြီးအနည်းဆုံးနှစ်ပတ်ခန့်အနားယူရဖို့ရှိနေပါတယ်။

သူဟာလာမယ့်အပတ်အင်္ဂါနေ့မှစတင်ကာ Cardio လေ့ကျင့်ခန်းစတင်ပြုလုပ်မှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်များအတွင်းတွင်ဘောလုံးကစားသမားအချို့တို့ဟာလည်းနှလုံးခုန်နှုန်းမမှန်မှုကြောင့်အသေးစားခွဲစိတ်ကုသမှုပြုလုပ်ခဲ့ရဖူးပါတယ်။ယင်းအထဲမှာလက်ရှိမန်ယူလက်ထောက်နည်းပြအဖြစ်တာဝန်ထမ်းဆောင်နေတဲ့မိုက်ကယ်ကာရစ်ဟာလည်း၂၀၁၇ခုနှစ်တုန်းကခွဲစိတ်ကုသမှုခံယူခဲ့ရဖူးပါတယ်။

ကိုးမန်းဟာယူရို၂၀၂၀ပြိုင်ပွဲတွင်နှလုံးရပ်ကာမေ့လဲကျခဲ့တဲ့အင်တာနှင့်ဒိန်းမတ်ကွင်းလယ်ကစားသမားအဲရစ်ဆင်လိုတော့နှလုံးခုန်စက်တပ်ဆင်ခဲ့ရခြင်းမရှိပါဘူး။

ZawGyi





