အသက်လိမ်ကစားသမားကြောင့် U17 အာဖရိကဖလားခြေစစ်ပွဲမှ ထုတ်ပယ်ခံလာရတဲ့ ချဒ်

ချဒ်အသင်းဟာအသက်လိမ်ကစားသမားပါဝင်နေမှုကြောင့်ကျင်းပနေဆဲယူ-၁၇အာဖရိကဖလားခြေစစ်ပွဲမှထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။

ချဒ်အသင်းမှကစားသမားတစ်ဦးဟာMagnetic Resonance Imaging (MRI)အသက်စစ်ဆေးမှုပြုလုပ်ရာတွင်ကျရှုံးခဲ့တာလည်းဖြစ်ပါတယ်။

ယခုလအစောပိုင်းတုန်းကကင်မရွန်းဘောလုံးအဖွဲ့ချုပ်ဥက္ကဌဆင်မြူရယ်အီတိုးဟာယူ-၁၇အသင်းမှကစားသမားများကိုအသက်စစ်ဆေးမှုပြုလုပ်ခဲ့ရာ ကျရှုံးမှုကြောင့်ကစားသမား၃၀ဦးကျော်တို့ကိုအသင်းမှထုတ်ပယ်ခဲ့ပြီးလည်းဖြစ်ပါတယ်။

ယခုအခါ Central African Football Federations’ Union (UNIFFAC) ကချဒ်အသင်းကိုကစားသမားတစ်ဦးအသက်စစ်ဆေးမှုကျရှုံးမှုကြောင့်ပြိုင်ပွဲမှထုတ်ပယ်လိုက်ပြီဖြစ်ကြောင်းအတည်ပြုလာပါတယ်။

ချဒ်အသင်းမတိုင်မီကွန်ဂိုအသင်းဟာလည်းအသက်ကျော်ကစားသမားအမြောက်အမြားတွေ့ရှိရမှုကြောင့်ပြိုင်ပွဲမှနုတ်ထွက်သွားခဲ့ပြီးဖြစ်ပါတယ်။

ဖီဖာဟာ၂၀၀၉ခုနှစ်ယူ-၁၇ကမ္ဘာ့ဖလားပြိုင်ပွဲမှစတင်ကာMRIစစ်ဆေးတဲ့စနစ်ကိုအသုံးပြုလာခဲ့တာဖြစ်ပါတယ်။

ကင်မရွန်းတွင်ကျင်းပနေတဲ့ ယူ-၁၇အာဖရိကဖလားခြေစစ်ပွဲတွင်ယှဉ်ပြိုင်ရန်ကင်မရွန်း၊ကွန်ဂိုဘရာဇာဗီလီနှင့်ဗဟိုအာဖရိကအသင်းတို့သာကျန်ပါတော့တယ်။

ယင်းသုံးသင်းမှနှစ်သင်းမှာဧပြီလတွင်အယ်ဂျီးရီးယာနိုင်ငံမှာကျင်းပမဲ့အာဖရိကဖလားပြိုင်ပွဲယှဉ်ပြိုင်ခွင့်ရရှိပါမယ်။

ZawGyi

အသက္လိမ္ကစားသမားေၾကာင့္ U17 အာဖရိကဖလားေျခစစ္ပြဲမွ ထုတ္ပယ္ခံလာရတဲ့ ခ်ဒ္

ခ်ဒ္အသင္းဟာအသက္လိမ္ကစားသမားပါဝင္ေနမႈေၾကာင့္က်င္းပေနဆဲယူ-၁၇အာဖရိကဖလားေျခစစ္ပြဲမွထုတ္ပယ္ျခင္းခံခဲ့ရပါတယ္။

ခ်ဒ္အသင္းမွကစားသမားတစ္ဦးဟာMagnetic Resonance Imaging (MRI)အသက္စစ္ေဆးမႈျပဳလုပ္ရာတြင္က်ရႈံးခဲ့တာလည္းျဖစ္ပါတယ္။

ယခုလအေစာပိုင္းတုန္းကကင္မ႐ြန္းေဘာလုံးအဖြဲ႕ခ်ဳပ္ဥကၠဌဆင္ျမဴရယ္အီတိုးဟာယူ-၁၇အသင္းမွကစားသမားမ်ားကိုအသက္စစ္ေဆးမႈျပဳလုပ္ခဲ့ရာ က်ရႈံးမႈေၾကာင့္ကစားသမား၃၀ဦးေက်ာ္တို႔ကိုအသင္းမွထုတ္ပယ္ခဲ့ၿပီးလည္းျဖစ္ပါတယ္။

ယခုအခါ Central African Football Federations’ Union (UNIFFAC) ကခ်ဒ္အသင္းကိုကစားသမားတစ္ဦးအသက္စစ္ေဆးမႈက်ရႈံးမႈေၾကာင့္ၿပိဳင္ပြဲမွထုတ္ပယ္လိုက္ၿပီျဖစ္ေၾကာင္းအတည္ျပဳလာပါတယ္။

ခ်ဒ္အသင္းမတိုင္မီကြန္ဂိုအသင္းဟာလည္းအသက္ေက်ာ္ကစားသမားအေျမာက္အျမားေတြ႕ရွိရမႈေၾကာင့္ၿပိဳင္ပြဲမွႏုတ္ထြက္သြားခဲ့ၿပီးျဖစ္ပါတယ္။

ဖီဖာဟာ၂၀၀၉ခုႏွစ္ယူ-၁၇ကမာၻ႔ဖလားၿပိဳင္ပြဲမွစတင္ကာMRIစစ္ေဆးတဲ့စနစ္ကိုအသုံးျပဳလာခဲ့တာျဖစ္ပါတယ္။

ကင္မ႐ြန္းတြင္က်င္းပေနတဲ့ ယူ-၁၇အာဖရိကဖလားေျခစစ္ပြဲတြင္ယွဥ္ၿပိဳင္ရန္ကင္မ႐ြန္း၊ကြန္ဂိုဘရာဇာဗီလီႏွင့္ဗဟိုအာဖရိကအသင္းတို႔သာက်န္ပါေတာ့တယ္။

ယင္းသုံးသင္းမွႏွစ္သင္းမွာဧၿပီလတြင္အယ္ဂ်ီးရီးယာႏိုင္ငံမွာက်င္းပမဲ့အာဖရိကဖလားၿပိဳင္ပြဲယွဥ္ၿပိဳင္ခြင့္ရရွိပါမယ္။