
ကင်မရွန်းယူ-၁၇အသင်းဟာနောက်ထပ်အသက်လိမ်ကစားသမားများထပ်မံတွေ့ရှိမှုနဲ့အတူယခုလဒေသတွင်းအာဖရိကဖလားပြိုင်ပွဲအမီ အသင်းတစ်သင်းစာပြည့်ရေးအချိန်လုလုပ်ဆောင်လာရတော့မှာဖြစ်ပါတယ်။
ကင်မရွန်းဘောလုံးအဖွဲ့ချုပ်ဥက္ကဌဆင်မြူရယ်အီတိုးဟာလူငယ်အသင်းများမှအသက်လိမ်ကစားသမားများပပျောက်ရေးစီမံကိန်းဖြင့်UNIFFAC ခြေစစ်ပွဲများမတိုင်မီကစားသမားများကိုအသက်စစ်ဆေးမှုပြုလုပ်နေပါတယ်။
ယခုအပတ်အစောပိုင်းတုန်းကကင်မရွန်းဘောလုံးအဖွဲ့ချုပ်ဟာကင်မရွန်းယူ-၁၇အသင်းမှကစားသမား၃၀ဦးကိုစစ်ဆေးခဲ့ရာတွင်အသက်လိမ်ကစားသမား၂၁ဦးအထိတွေ့ရှိခဲ့ပါတယ်။
ယင်းနောက်ကင်မရွန်းဘောလုံးအဖွဲ့ချုပ်ဟာယူ-၁၇အသင်းအတွက်နောက်ထပ်ကစားသမားများဆင့်ခေါ်ပြီးအသက်စစ်ဆေးမှုပြုလုပ်ရာတွင်လည်းနောက်ထပ်ကစားသမား၁၁ဦးအထိအသက်လိမ်ထားကြောင်းထပ်မံတွေ့ရှိခဲ့တာဖြစ်ပါတယ်။
ယင်းသို့အသက်လိမ်ကစားသမား၁၁ဦးအထိထပ်မံတွေ့ရှိမှုနဲ့အတူကင်မရွန်းယူ-၁၇နည်းပြဂျိန်းပီယာရီဖီယာလာဟာUNIFFACခြေစစ်ပွဲအမီအသင်းတစ်သင်းစာကစားသမားရရှိရေးခက်ခဲလာခဲ့ပြီဖြစ်ပါတယ်။
UNIFFAC ခြေစစ်ပွဲများကိုဇန်နဝါရီလ၁၂ရက်နေ့မှ၂၄ရက်အတွင်းကစားရပါမယ်။ကင်မရွန်းယူ-၁၇ဟာကွန်ဂို၊ချက်၊ DR ကွန်ဂို၊ဗဟိုအာဖရိကအသင်းတို့နှင့်ခြေစစ်ပွဲကစားရမှာဖြစ်ပြီး နှစ်သင်းကဧပြီလတွင်အယ်လ်ဂျီးရီးယားနိုင်ငံမှာကျင်းပမဲ့ Nation Cup ပြိုင်ပွဲသို့ဝင်ခွင့်ရရှိပါမယ်။
ZawGyi
အသက္လိမ္ကစားသမား ေနာက္ထပ္ ၁၁ ဦးေတြ႕ရွိမႈေၾကာင့္ အာဖရိကေျခစစ္ပြဲအမီ ကစားသမားေ႐ြးရန္ ခက္ခဲလာတဲ့ ကင္မ႐ြန္းယူ-၁၇ အသင္း
ကင္မ႐ြန္းယူ-၁၇အသင္းဟာေနာက္ထပ္အသက္လိမ္ကစားသမားမ်ားထပ္မံေတြ႕ရွိမႈနဲ႔အတူယခုလေဒသတြင္းအာဖရိကဖလားၿပိဳင္ပြဲအမီ အသင္းတစ္သင္းစာျပည့္ေရးအခ်ိန္လုလုပ္ေဆာင္လာရေတာ့မွာျဖစ္ပါတယ္။
ကင္မ႐ြန္းေဘာလုံးအဖြဲ႕ခ်ဳပ္ဥကၠဌဆင္ျမဴရယ္အီတိုးဟာလူငယ္အသင္းမ်ားမွအသက္လိမ္ကစားသမားမ်ားပေပ်ာက္ေရးစီမံကိန္းျဖင့္UNIFFAC ေျခစစ္ပြဲမ်ားမတိုင္မီကစားသမားမ်ားကိုအသက္စစ္ေဆးမႈျပဳလုပ္ေနပါတယ္။
ယခုအပတ္အေစာပိုင္းတုန္းကကင္မ႐ြန္းေဘာလုံးအဖြဲ႕ခ်ဳပ္ဟာကင္မ႐ြန္းယူ-၁၇အသင္းမွကစားသမား၃၀ဦးကိုစစ္ေဆးခဲ့ရာတြင္အသက္လိမ္ကစားသမား၂၁ဦးအထိေတြ႕ရွိခဲ့ပါတယ္။
ယင္းေနာက္ကင္မ႐ြန္းေဘာလုံးအဖြဲ႕ခ်ဳပ္ဟာယူ-၁၇အသင္းအတြက္ေနာက္ထပ္ကစားသမားမ်ားဆင့္ေခၚၿပီးအသက္စစ္ေဆးမႈျပဳလုပ္ရာတြင္လည္းေနာက္ထပ္ကစားသမား၁၁ဦးအထိအသက္လိမ္ထားေၾကာင္းထပ္မံေတြ႕ရွိခဲ့တာျဖစ္ပါတယ္။
ယင္းသို႔အသက္လိမ္ကစားသမား၁၁ဦးအထိထပ္မံေတြ႕ရွိမႈနဲ႔အတူကင္မ႐ြန္းယူ-၁၇နည္းျပဂ်ိန္းပီယာရီဖီယာလာဟာUNIFFACေျခစစ္ပြဲအမီအသင္းတစ္သင္းစာကစားသမားရရွိေရးခက္ခဲလာခဲ့ၿပီျဖစ္ပါတယ္။
UNIFFAC ေျခစစ္ပြဲမ်ားကိုဇန္နဝါရီလ၁၂ရက္ေန႔မွ၂၄ရက္အတြင္းကစားရပါမယ္။ကင္မ႐ြန္းယူ-၁၇ဟာကြန္ဂို၊ခ်က္၊ DR ကြန္ဂို၊ဗဟိုအာဖရိကအသင္းတို႔ႏွင့္ေျခစစ္ပြဲကစားရမွာျဖစ္ၿပီး ႏွစ္သင္းကဧၿပီလတြင္အယ္လ္ဂ်ီးရီးယားႏိုင္ငံမွာက်င္းပမဲ့ Nation Cup ၿပိဳင္ပြဲသို႔ဝင္ခြင့္ရရွိပါမယ္။