အသက်လိမ်ပြဿနာနှင့် ရင်ဆိုင်နေတဲ့ ဒေါ့မွန်စတားမော်ကိုကို

ဒေါ့မွန်စတားယူဆွတ်ဖာမော်ကိုကိုဟာကင်မရွန်းအသက်လိမ်ပြဿနာကြားထဲတွင်ကျရောက်နေပါတယ်။

ယူဆွတ်ဖာမော်ကိုကိုဟာအသက်၁၈နှစ်မဟုတ်ဘဲအသက်၂၂နှစ်ဖြစ်နေကြောင်းသိရပါတယ်။

ယူဆွတ်ဖာမော်ကိုကိုဟာကင်မရွန်းတွင်မွေးဖွားတာဖြစ်ပြီးအသက်၁၄နှစ်အရွယ်တွင်ဂျာမနီတွင်မွေးစားခြင်းခံရပါတယ်။

ယနေ့တွင်ဩစတြီးယားသတင်းစာ Laola1 ဟာမော်ကိုကိုရဲ့မွေးစားဖခင်ကဂျာနယ်လစ်တစ်ဦးထံသို့မွေးစာရင်းပေးပို့လာမှုအရသူ့အသက်မှာ၂၂နှစ်ဖြစ်နေကြောင်းသိရပါတယ်။

ယင်းစာရွက်စာတမ်းအရမော်ကိုကိုမှာ၂၀၀၀ခုနှစ်တွင်မွေးဖွားနေတာဖြစ်ပါတယ်။ဒါကြောင့်လည်းသူ့အသက်မှာ၂၂နှစ်ဖြစ်နေရပါမယ်။

လက်ရှိအချိန်တွင်ဂျာမနီဘောလုံးအဖွဲ့ချုပ်ကတော့မော်ကိုကိုရဲ့အသက်လိမ်သတင်းနဲ့ပတ်သက်ပြီး “ဘယ်ကောလဟလသတင်းကိုမှမှတ်ချက်မပေးလိုပါဘူး”လို့ပြောကြားသွားပါတယ်။

မကြာသေးမီတုန်းကကင်မရွန်းဘောလုံးအဖွဲ့ချုပ်ကယူ-၁၇အာဖရိကဖလားပြိုင်ပွဲခြေစစ်ပွဲအတွက်ရွေးချယ်ထားတဲ့ကစားသမားများထဲမှကစားသမား၃၀ဦးကျော်အသက်လိမ်ထားကြောင်းတွေ့ရှိရပြီးနောက်မော်ကိုကိုရဲ့အသက်လိမ်မှုသတင်းထွက်ပေါ်လာတာဖြစ်ပါတယ်။

မော်ကိုကိုဟာဒေါ့မွန်ရဲ့အလားအလာအကောင်းဆုံးလူငယ်ပါရမီရှင်တိုက်စစ်မှူးအဖြစ်သတ်မှတ်ခံထားရသူဖြစ်ပြီးစံချိန်ပေါင်းများစွာရိုက်ချိုးထားသူလည်းဖြစ်ပါတယ်။သူဟာဂျာမနီအသင်းအတွက်၂ပွဲကစားထားပြီးဖြစ်ပါတယ်။

သူဟာယခုရာသီအကုန်တွင်ဒေါ့မွန်နှင့်စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီးဘာစီလိုနာ၊လီဗာပူး၊ချဲလ်ဆီး၊နယူးကာဆယ်တို့ရဲ့ပစ်မှတ်ထားခြင်းခံနေရပါတယ်။

ZawGyi

အသက္လိမ္ျပႆနာႏွင့္ ရင္ဆိုင္ေနတဲ့ ေဒါ့မြန္စတားေမာ္ကိုကို

ေဒါ့မြန္စတားယူဆြတ္ဖာေမာ္ကိုကိုဟာကင္မ႐ြန္းအသက္လိမ္ျပႆနာၾကားထဲတြင္က်ေရာက္ေနပါတယ္။

ယူဆြတ္ဖာေမာ္ကိုကိုဟာအသက္၁၈ႏွစ္မဟုတ္ဘဲအသက္၂၂ႏွစ္ျဖစ္ေနေၾကာင္းသိရပါတယ္။

ယူဆြတ္ဖာေမာ္ကိုကိုဟာကင္မ႐ြန္းတြင္ေမြးဖြားတာျဖစ္ၿပီးအသက္၁၄ႏွစ္အ႐ြယ္တြင္ဂ်ာမနီတြင္ေမြးစားျခင္းခံရပါတယ္။

ယေန႔တြင္ဩစႀတီးယားသတင္းစာ Laola1 ဟာေမာ္ကိုကိုရဲ႕ေမြးစားဖခင္ကဂ်ာနယ္လစ္တစ္ဦးထံသို႔ေမြးစာရင္းေပးပို႔လာမႈအရသူ႔အသက္မွာ၂၂ႏွစ္ျဖစ္ေနေၾကာင္းသိရပါတယ္။

ယင္းစာ႐ြက္စာတမ္းအရေမာ္ကိုကိုမွာ၂၀၀၀ခုႏွစ္တြင္ေမြးဖြားေနတာျဖစ္ပါတယ္။ဒါေၾကာင့္လည္းသူ႔အသက္မွာ၂၂ႏွစ္ျဖစ္ေနရပါမယ္။

လက္ရွိအခ်ိန္တြင္ဂ်ာမနီေဘာလုံးအဖြဲ႕ခ်ဳပ္ကေတာ့ေမာ္ကိုကိုရဲ႕အသက္လိမ္သတင္းနဲ႔ပတ္သက္ၿပီး “ဘယ္ေကာလဟလသတင္းကိုမွမွတ္ခ်က္မေပးလိုပါဘူး”လို႔ေျပာၾကားသြားပါတယ္။

မၾကာေသးမီတုန္းကကင္မ႐ြန္းေဘာလုံးအဖြဲ႕ခ်ဳပ္ကယူ-၁၇အာဖရိကဖလားၿပိဳင္ပြဲေျခစစ္ပြဲအတြက္ေ႐ြးခ်ယ္ထားတဲ့ကစားသမားမ်ားထဲမွကစားသမား၃၀ဦးေက်ာ္အသက္လိမ္ထားေၾကာင္းေတြ႕ရွိရၿပီးေနာက္ေမာ္ကိုကိုရဲ႕အသက္လိမ္မႈသတင္းထြက္ေပၚလာတာျဖစ္ပါတယ္။

ေမာ္ကိုကိုဟာေဒါ့မြန္ရဲ႕အလားအလာအေကာင္းဆုံးလူငယ္ပါရမီရွင္တိုက္စစ္မႉးအျဖစ္သတ္မွတ္ခံထားရသူျဖစ္ၿပီးစံခ်ိန္ေပါင္းမ်ားစြာ႐ိုက္ခ်ိဳးထားသူလည္းျဖစ္ပါတယ္။သူဟာဂ်ာမနီအသင္းအတြက္၂ပြဲကစားထားၿပီးျဖစ္ပါတယ္။

သူဟာယခုရာသီအကုန္တြင္ေဒါ့မြန္ႏွင့္စာခ်ဳပ္သက္တမ္းကုန္ဆုံးမွာျဖစ္ၿပီးဘာစီလိုနာ၊လီဗာပူး၊ခ်ဲလ္ဆီး၊နယူးကာဆယ္တို႔ရဲ႕ပစ္မွတ္ထားျခင္းခံေနရပါတယ္။