
ဆင်မြူရယ်အီတိုးရဲ့မော်ရိုကိုကမ္ဘာ့ဖလားဟောကိန်းမှာမှန်ကန်လာဖို့တစ်ပွဲတည်းပဲလိုပါတော့တယ်။
ဘာစီလိုနာနှင့်အင်တာမီလန်တိုက်စစ်မှူးဟောင်းကကာတာကမ္ဘာ့ဖလားပြိုင်ပွဲဗိုလ်လုပွဲတွင်သမိုင်းဝင်ဗိုလ်လုပွဲအဖြစ်အာဖရိကအသင်းများဖြစ်ကြတဲ့ သူ့နိုင်ငံကင်မရွန်းနှင့်မော်ရိုကိုတို့ထိပ်တိုက်တွေ့ဆုံမယ်လို့ဟောကိန်းထုတ်ခဲ့ပါတယ်။
ဒါပေမဲ့ဆင်မြူရယ်အီတိုးဦးဆောင်နေတဲ့ကင်မရွန်းကတော့ကမ္ဘာ့ဖလားမှထွက်ခွာသွားရပြီဖြစ်ပါတယ်။ကင်မရွန်းဟာ၁၆သင်းအဆင့်သို့ပင်မတက်ရောက်ခဲ့ပါဘူး။
ဒါပေမဲ့ကင်မရွန်းဘောလုံးအဖွဲ့ချုပ်ဥက္ကဌရဲ့မော်ရိုကိုအသင်းကမ္ဘာ့ဖလားဗိုလ်လုပွဲသို့ရောက်မယ်ဆိုတဲ့ဟောကိန်းကတော့အသက်ဝင်နေတုန်းဖြစ်ပါတယ်။
မော်ရိုကိုအသင်းဟာကမ္ဘာ့ဖလားအုပ်စု(စ)တွင်ခရိုအေးရှားကိုကျော်ဖြတ်ပြီးရမှတ်၇မှတ်ဖြင့်အုပ်စုဗိုလ်ဖြစ်ခဲ့ကာရှုံးထွက်အဆင့်တွင်စပိန်ကိုလည်းကောင်း၊ကွာတားဖိုင်နယ်တွင်ပေါ်တူဂီကိုလည်းကောင်းအနိုင်ယူကျော်ဖြတ်ခဲ့ပါတယ်။
မော်ရိုကိုဟာကမ္ဘာ့ဖလားဆီမီးဖိုင်နယ်ရောက်ပထမဆုံးအာဖရိကအသင်းအဖြစ်မှတ်တမ်းဝင်ထားပြီး ဆီမီးဖိုင်နယ်မှာပြင်သစ်နှင့်ရင်ဆိုင်ရပါမယ်။
မော်ရိုကိုဟာကမ္ဘာ့ဖလားပြိုင်ပွဲအတွင်းတွင်တစ်ဂိုးတည်းသာပေးထားရပြီးယင်းတစ်ဂိုးကိုလည်းကနေဒါနဲ့ပွဲမှာကိုယ့်ဂိုးကိုယ်သွင်းမိမှုမှတဆင့်ပေးခဲ့ရတာဖြစ်ပါတယ်။
ဒါကြောင့်လည်းဆင်မြူရယ်အီတိုးရဲ့ဟောကိန်းမှန်ကန်ဖို့တစ်ပွဲတည်းပဲလိုပါတော့တယ်။အီတိုးရဲ့ဟောကိန်းမှန်ကန်လာမလားစိတ်ကြည့်ရပါမယ်။
ZawGyi
အသက္ဝင္ေနဆဲျဖစ္တဲ့ ဆင္ျမဴရယ္အီတိုးရဲ႕ေမာ္႐ိုကိုကမာၻ႔ဖလားေဟာကိန္း
ဆင္ျမဴရယ္အီတိုးရဲ႕ေမာ္႐ိုကိုကမာၻ႔ဖလားေဟာကိန္းမွာမွန္ကန္လာဖို႔တစ္ပြဲတည္းပဲလိုပါေတာ့တယ္။
ဘာစီလိုနာႏွင့္အင္တာမီလန္တိုက္စစ္မႉးေဟာင္းကကာတာကမာၻ႔ဖလားၿပိဳင္ပြဲဗိုလ္လုပြဲတြင္သမိုင္းဝင္ဗိုလ္လုပြဲအျဖစ္အာဖရိကအသင္းမ်ားျဖစ္ၾကတဲ့ သူ႔ႏိုင္ငံကင္မ႐ြန္းႏွင့္ေမာ္႐ိုကိုတို႔ထိပ္တိုက္ေတြ႕ဆုံမယ္လို႔ေဟာကိန္းထုတ္ခဲ့ပါတယ္။
ဒါေပမဲ့ဆင္ျမဴရယ္အီတိုးဦးေဆာင္ေနတဲ့ကင္မ႐ြန္းကေတာ့ကမာၻ႔ဖလားမွထြက္ခြာသြားရၿပီျဖစ္ပါတယ္။ကင္မ႐ြန္းဟာ၁၆သင္းအဆင့္သို႔ပင္မတက္ေရာက္ခဲ့ပါဘူး။
ဒါေပမဲ့ကင္မ႐ြန္းေဘာလုံးအဖြဲ႕ခ်ဳပ္ဥကၠဌရဲ႕ေမာ္႐ိုကိုအသင္းကမာၻ႔ဖလားဗိုလ္လုပြဲသို႔ေရာက္မယ္ဆိုတဲ့ေဟာကိန္းကေတာ့အသက္ဝင္ေနတုန္းျဖစ္ပါတယ္။
ေမာ္႐ိုကိုအသင္းဟာကမာၻ႔ဖလားအုပ္စု(စ)တြင္ခ႐ိုေအးရွားကိုေက်ာ္ျဖတ္ၿပီးရမွတ္၇မွတ္ျဖင့္အုပ္စုဗိုလ္ျဖစ္ခဲ့ကာရႈံးထြက္အဆင့္တြင္စပိန္ကိုလည္းေကာင္း၊ကြာတားဖိုင္နယ္တြင္ေပၚတူဂီကိုလည္းေကာင္းအႏိုင္ယူေက်ာ္ျဖတ္ခဲ့ပါတယ္။
ေမာ္႐ိုကိုဟာကမာၻ႔ဖလားဆီမီးဖိုင္နယ္ေရာက္ပထမဆုံးအာဖရိကအသင္းအျဖစ္မွတ္တမ္းဝင္ထားၿပီး ဆီမီးဖိုင္နယ္မွာျပင္သစ္ႏွင့္ရင္ဆိုင္ရပါမယ္။
ေမာ္႐ိုကိုဟာကမာၻ႔ဖလားၿပိဳင္ပြဲအတြင္းတြင္တစ္ဂိုးတည္းသာေပးထားရၿပီးယင္းတစ္ဂိုးကိုလည္းကေနဒါနဲ႔ပြဲမွာကိုယ့္ဂိုးကိုယ္သြင္းမိမႈမွတဆင့္ေပးခဲ့ရတာျဖစ္ပါတယ္။
ဒါေၾကာင့္လည္းဆင္ျမဴရယ္အီတိုးရဲ႕ေဟာကိန္းမွန္ကန္ဖို႔တစ္ပြဲတည္းပဲလိုပါေတာ့တယ္။အီတိုးရဲ႕ေဟာကိန္းမွန္ကန္လာမလားစိတ္ၾကည့္ရပါမယ္။