
ခရစ္စတီယာနိုရော်နယ်ဒိုနှင့်မန်ချက်စတာယူနိုက်တက်စတားများဟာပြင်းထန်တဲ့ရောဂါဝေဒနာခံစားရကာအချိန်အကန့်အသတ်ဖြင့်သာအသက်ရှင်သန်ရတော့မယ့်နိုင်ငံတလွှားမှ ကလေးများရဲ့အိပ်မက်ကိုဖြည့်ဆည်းပေးခဲ့ကြပါတယ်။
ယူနိုက်တက်ဟာ ကလပ်ဖောင်ဒေးရှင်းရဲ့Dream Day အစီအစဉ်အဖြစ်နိုင်ငံတလွှားမှရောဂါဝေဒနာပြင်းထန်စွာခံစားရကာအချိန်အကန့်အသတ်ဖြင့်သာရှင်သန်ရတော့မယ့်ကလေးများကိုကာရင်တန်လေ့ကျင့်ရေးကွင်းသို့ဖိတ်ခေါ်ခဲ့ပြီး သူတို့ရဲ့သူရဲကောင်းများနှင့်တွေ့ဆုံနိုင်မယ့်အခွင့်အရေးပေးခဲ့ပါတယ်။
ယူနိုက်တက်ရဲ့စတားများဖြစ်ကြတဲ့ခရစ္စတီယာနိုရော်နယ်ဒို၊ဟယ်ရီမက်ဂွိုင်းယား၊ခရစ္စတီယန်အဲရစ်ဆင်၊မားကပ်စ်ရက်ဖို့ဒ်၊ကက်စ်မီရို၊ဒေးဗစ်ဒီဂီယာ၊မာတီနက်ဇ်တို့ဟာ ယင်းကလေးများနှင့်တွေ့ဆုံပြီး အမှတ်တရလက်မှတ်ထိုးပေးခြင်း၊အမှတ်တရဓာတ်ပုံရိုက်ကူးမှုပြုလုပ်ပေးခဲ့ကြပါတယ်။
ယူနိုက်တက်ဖောင်ဒေးရှင်းဟာ Dream Day အစီအစဉ်ကိုကိုဗစ်ကြောင့်သုံးနှစ်တိုင်တိုင်ရပ်နားခဲ့ရရာမှာယခုနှစ်တွင်မှပြန်လည်ပြုလုပ်လာခဲ့တာလည်းဖြစ်ပါတယ်။
တဖက်တွင်ယူနိုက်တက်ဟာလည်းဂူဒီဆင်ပါ့ခ်တွင်အဲဗာတန်ကို၂-၁ဖြင့်အနိုင်ယူပြီးဖရန့်လမ်းပတ်အသင်းရဲ့ခြောက်ပွဲဆက်ရှုံးပွဲမရှိမှတ်တမ်းကိုအဆုံးသတ်နိုင်ခဲ့မှုနှင့်စိတ်ဓာတ်မြင့်မားလျက်ရှိပါတယ်။
ယင်းပွဲတွင်ခရစ္စတီယာနိုရော်နယ်ဒိုဟာသူ့ရဲ့ကလပ်ဂိုး၇၀၀မြောက်ဂိုးအားသွင်းယူနိုင်ခဲ့ပါတယ်။
ZawGyi
အသက္အကန႔္အသတ္ျဖင့္သာ ရွင္သန္ရေတာ့မဲ့ကေလးမ်ားရဲ႕အိပ္မက္ကို ျဖည့္ဆည္းေပးခဲ့တဲ့ ေရာ္နယ္ဒိုႏွင့္ယူႏိုက္တက္စတားမ်ား
ခရစၥတီယာႏိုေရာ္နယ္ဒိုႏွင့္မန္ခ်က္စတာယူႏိုက္တက္စတားမ်ားဟာျပင္းထန္တဲ့ေရာဂါေဝဒနာခံစားရကာအခ်ိန္အကန႔္အသတ္ျဖင့္သာအသက္ရွင္သန္ရေတာ့မယ့္ႏိုင္ငံတလႊားမွ ကေလးမ်ားရဲ႕အိပ္မက္ကိုျဖည့္ဆည္းေပးခဲ့ၾကပါတယ္။
ယူႏိုက္တက္ဟာ ကလပ္ေဖာင္ေဒးရွင္းရဲ႕Dream Day အစီအစဥ္အျဖစ္ႏိုင္ငံတလႊားမွေရာဂါေဝဒနာျပင္းထန္စြာခံစားရကာအခ်ိန္အကန႔္အသတ္ျဖင့္သာရွင္သန္ရေတာ့မယ့္ကေလးမ်ားကိုကာရင္တန္ေလ့က်င့္ေရးကြင္းသို႔ဖိတ္ေခၚခဲ့ၿပီး သူတို႔ရဲ႕သူရဲေကာင္းမ်ားႏွင့္ေတြ႕ဆုံႏိုင္မယ့္အခြင့္အေရးေပးခဲ့ပါတယ္။
ယူႏိုက္တက္ရဲ႕စတားမ်ားျဖစ္ၾကတဲ့ခရစၥတီယာႏိုေရာ္နယ္ဒို၊ဟယ္ရီမက္ဂြိဳင္းယား၊ခရစၥတီယန္အဲရစ္ဆင္၊မားကပ္စ္ရက္ဖို႔ဒ္၊ကက္စ္မီ႐ို၊ေဒးဗစ္ဒီဂီယာ၊မာတီနက္ဇ္တို႔ဟာ ယင္းကေလးမ်ားႏွင့္ေတြ႕ဆုံၿပီး အမွတ္တရလက္မွတ္ထိုးေပးျခင္း၊အမွတ္တရဓာတ္ပုံ႐ိုက္ကူးမႈျပဳလုပ္ေပးခဲ့ၾကပါတယ္။
ယူႏိုက္တက္ေဖာင္ေဒးရွင္းဟာ Dream Day အစီအစဥ္ကိုကိုဗစ္ေၾကာင့္သုံးႏွစ္တိုင္တိုင္ရပ္နားခဲ့ရရာမွာယခုႏွစ္တြင္မွျပန္လည္ျပဳလုပ္လာခဲ့တာလည္းျဖစ္ပါတယ္။
တဖက္တြင္ယူႏိုက္တက္ဟာလည္းဂူဒီဆင္ပါ့ခ္တြင္အဲဗာတန္ကို၂-၁ျဖင့္အႏိုင္ယူၿပီးဖရန႔္လမ္းပတ္အသင္းရဲ႕ေျခာက္ပြဲဆက္ရႈံးပြဲမရွိမွတ္တမ္းကိုအဆုံးသတ္ႏိုင္ခဲ့မႈႏွင့္စိတ္ဓာတ္ျမင့္မားလ်က္ရွိပါတယ္။
ယင္းပြဲတြင္ခရစၥတီယာႏိုေရာ္နယ္ဒိုဟာသူ႔ရဲ႕ကလပ္ဂိုး၇၀၀ေျမာက္ဂိုးအားသြင္းယူႏိုင္ခဲ့ပါတယ္။