အသက်အန္တရာယ်ခြိမ်းခြောက်ခံရကာ ဇနီးနှင့်သားသမီးများမပါဘဲ မြူးနစ်သို့ လီဝန်ဒေါ့စကီးရောက်ရှိလာ

ရောဘတ်လီဝန်ဒေါ့စကီးဟာဘိုင်ယန်မြူးနစ်မှထွက်ခွာကာဘာစီလိုနာသို့ပြောင်းရန်ကြိုးပမ်းမှုအတွက်အသက်အန္တရာယ်ခြိမ်းခြောက်ခံခဲ့ရပြီးနောက်မြူးနစ်သို့ဇနီးနှင့်သားသမီးများမပါဘဲပြန်ရောက်လာခဲ့ပါတယ်။

အသက်၃၃နှစ်ရှိလီဝန်ဒေါ့စကီးဟာစိန်ခေါ်မှုသစ်ရင်ဆိုင်ရန်ဘာစီလိုနာသို့ပြောင်းလိုနေပြီးဘိုင်ယန်မြူးနစ်နှင့်သူ့ဇာတ်လမ်းပြီးဆုံးသွားပြီဖြစ်ကြောင်းလူသိရှင်ကြားပြောကြားထားပါတယ်။

ပိုလန်တိုက်စစ်မှူးဟာဘိုင်ယန်မြူးနစ်မှထွက်ခွာရန်ကြိုးပမ်းမှုကြောင့် အားလပ်ရက်ခရီးစဉ်အတွင်းတွင် ဆိုရှယ်မီဒီယာများမှတဆင့်အသက်အန္တရာယ်ခြိမ်းခြောက်ခြင်းခံခဲ့ရပါတယ်။

ဒါကြောင့်လည်းလီဝန်ဒေါ့စကီးဟာအားလပ်ရက်ခရီးစဉ်အပြီးဘိုင်ယန်မြူးနစ်ရဲ့ရာသီကြိုလေ့ကျင့်ခန်းအစီအစဉ်နှင့်ပူးပေါင်းရန် မြူးနစ်သို့ဆေးစစ်ဆေးမှုခံယူရန်ရောက်လာစဉ်ချိန်တွင်မိသားစုကိုချန်ရစ်ခဲ့ပြီးတကိုယ်တည်းပြန်လာခဲ့ပါတယ်။

ရောဘတ်လီဝန်ဒေါ့စကီးဟာဘာစီလိုနာသို့ပြောင်းခွင့်ရရှိရေးအတွက်ရာသီကြိုလေ့ကျင့်ခန်းအစီအစဉ်နှင့်မပူးပေါင်းဘဲ သပိတ်မှောက်သွားမှာမဟုတ်ပေမဲ့ဘာစီလိုနာသို့ပြောင်းရေးကိုဆက်လက်လုပ်ဆောင်သွားဖို့ရှိပါတယ်။

လီဝန်ဒေါ့စကီးဟာဘိုင်ယန်မြူးနစ်နှင့်တစ်နှစ်စာချုပ်သက်တမ်းသာကျန်တော့သူဖြစ်ပါတယ်။

ဘာစီလိုနာဟာရောဘတ်လီဝန်ဒေါ့စကီးအတွက်ဘိုင်ယန်မြူးနစ်အားယူရိုသန်း၅၀(ပေါင်၄၂သန်း)အပါအဝင်ဆုကြေးငွေထပ်ပေးမယ့်အချက်ဖြင့် ကမ်းလှမ်းထားပါတယ်။

ZawGyi

အသက္အႏၲရာယ္ၿခိမ္းေျခာက္ခံရကာ ဇနီးႏွင့္သားသမီးမ်ားမပါဘဲ ျမဴးနစ္သို႔ လီဝန္ေဒါ့စကီးေရာက္ရွိလာ

ေရာဘတ္လီဝန္ေဒါ့စကီးဟာဘိုင္ယန္ျမဴးနစ္မွထြက္ခြာကာဘာစီလိုနာသို႔ေျပာင္းရန္ႀကိဳးပမ္းမႈအတြက္အသက္အႏၲရာယ္ၿခိမ္းေျခာက္ခံခဲ့ရၿပီးေနာက္ျမဴးနစ္သို႔ဇနီးႏွင့္သားသမီးမ်ားမပါဘဲျပန္ေရာက္လာခဲ့ပါတယ္။

အသက္၃၃ႏွစ္ရွိလီဝန္ေဒါ့စကီးဟာစိန္ေခၚမႈသစ္ရင္ဆိုင္ရန္ဘာစီလိုနာသို႔ေျပာင္းလိုေနၿပီးဘိုင္ယန္ျမဴးနစ္ႏွင့္သူ႔ဇာတ္လမ္းၿပီးဆုံးသြားၿပီျဖစ္ေၾကာင္းလူသိရွင္ၾကားေျပာၾကားထားပါတယ္။

ပိုလန္တိုက္စစ္မႉးဟာဘိုင္ယန္ျမဴးနစ္မွထြက္ခြာရန္ႀကိဳးပမ္းမႈေၾကာင့္ အားလပ္ရက္ခရီးစဥ္အတြင္းတြင္ ဆိုရွယ္မီဒီယာမ်ားမွတဆင့္အသက္အႏၲရာယ္ၿခိမ္းေျခာက္ျခင္းခံခဲ့ရပါတယ္။

ဒါေၾကာင့္လည္းလီဝန္ေဒါ့စကီးဟာအားလပ္ရက္ခရီးစဥ္အၿပီးဘိုင္ယန္ျမဴးနစ္ရဲ႕ရာသီႀကိဳေလ့က်င့္ခန္းအစီအစဥ္ႏွင့္ပူးေပါင္းရန္ ျမဴးနစ္သို႔ေဆးစစ္ေဆးမႈခံယူရန္ေရာက္လာစဥ္ခ်ိန္တြင္မိသားစုကိုခ်န္ရစ္ခဲ့ၿပီးတကိုယ္တည္းျပန္လာခဲ့ပါတယ္။

ေရာဘတ္လီဝန္ေဒါ့စကီးဟာဘာစီလိုနာသို႔ေျပာင္းခြင့္ရရွိေရးအတြက္ရာသီႀကိဳေလ့က်င့္ခန္းအစီအစဥ္ႏွင့္မပူးေပါင္းဘဲ သပိတ္ေမွာက္သြားမွာမဟုတ္ေပမဲ့ဘာစီလိုနာသို႔ေျပာင္းေရးကိုဆက္လက္လုပ္ေဆာင္သြားဖို႔ရွိပါတယ္။

လီဝန္ေဒါ့စကီးဟာဘိုင္ယန္ျမဴးနစ္ႏွင့္တစ္ႏွစ္စာခ်ဳပ္သက္တမ္းသာက်န္ေတာ့သူျဖစ္ပါတယ္။

ဘာစီလိုနာဟာေရာဘတ္လီဝန္ေဒါ့စကီးအတြက္ဘိုင္ယန္ျမဴးနစ္အားယူ႐ိုသန္း၅၀(ေပါင္၄၂သန္း)အပါအဝင္ဆုေၾကးေငြထပ္ေပးမယ့္အခ်က္ျဖင့္ ကမ္းလွမ္းထားပါတယ္။