အသက်၁၄နှစ်အရွယ်တုန်းက တင်ခဲ့ပို့စ်ကြောင့် အက်ဖ်အေရဲ့စွဲချက်တင်ခံလိုက်ရတဲ့ မစ်ဒယ်ဘရော့ကစားသမား

မစ်ဒယ်ဘရော့နောက်ခံလူမာ့ခ်ဘိုလာဟာလွန်ခဲ့တဲ့၁၀နှစ်နီးပါးကာလ သူအသက်၁၄နှစ်အရွယ်တုန်းကဆိုရှယ်မီဒီယာပို့စ်တစ်ခုအတွက်အက်ဖ်အေရဲ့စွဲချက်တင်ခြင်းခံလိုက်ရပါတယ်။

ဘိုလာဟာ၂၀၁၂ခုနှစ်တုန်းကသူဆယ်ကျော်သက်အရွယ်တုန်းကတင်ခဲ့တဲ့ပို့စ်တစ်ခုအတွက်စွဲချက်တင်ခြင်းခံခဲ့ရတာပါ။

ယခုရာသီတွင်ချန်ပီယံရှစ်ကလပ်အတွက်ငါးပွဲကစားထားတဲ့ဘိုလာဟာလိင်ပိုင်းဆိုင်ရာနှင့်ဆက်စပ်ကာပို့စ်တင်မှုအတွက်အက်ဖ်အေရဲ့စွဲချက်တင်ခြင်းခံခဲ့ရတာပါ။

အက်ဖ်အေဟာလွန်ခဲ့တဲ့ဆယ်နှစ်နီးပါးတုန်းကအသက်၁၄နှစ်အရွယ်တုန်းကတင်ခဲ့တဲ့ပို့စ်အတွက်ဘိုလာအားစွဲချက်တင်မှုအတွက်အပြင်းအထန်ဝေဖန်မှုများနှင့်ရင်ဆိုင်နေရပါတယ်။

ပရိသတ်များကအက်ဖ်အေဟာလွန်ခဲ့တဲ့ဆယ်စုနှစ်တစ်ခုနီးပါးပို့စ်အတွက်ဘိုလာကိုအရေးယူသော်လည်းလူ့အခွင့်အရေးချိုးဖောက်မှုများပြုလုပ်နေတဲ့ကာတာကမ္ဘာ့ဖလားသို့သွားရောက်ယှဉ်ပြိုင်ရန်စီစဉ်ထားမှုကိုထောက်ပြဝေဖန်နေသလိုပရိသတ်အချို့တို့ကလည်း၂၀၁၂ခုနှစ်တုန်းကဘိုလာတင်ခဲ့တဲ့ပို့စ်ကိုဘယ်သူရှာဖွေတွေ့ရှိသလဲဆိုပြီးတော့လဲရေးသားနေပါတယ်။

ဘိုလာဟာအာဆင်နယ်အကယ်ဒမီတွင်ကစားသမားဘဝစတင်ခဲ့သူဖြစ်ပြီးနော့ကောင်တီ၊ဘရက်စတိုးသို့အငှားဖြင့်သွားကစားခဲ့ရပြီးအာဆင်နယ်အတွက်တစ်ပွဲမျှမကစားခဲ့ရပါဘူး။သူဟာအာဆင်နယ်မှထွက်ခွာလာပြီးနောက်၂၀၁၈ခုနှစ်မှာဘလက်ပူးလ်သို့ပြောင်းခဲ့ပါတယ်။သူဟာယင်းတွင်တစ်ရာသီကစားပြီးနောက်မစ်ဒယ်ဘရော့သို့ပြောင်းခဲ့သူပါတယ်။သူဟာပြီးခဲ့တဲ့ရာသီမှစတင်ကာမစ်ဒယ်ဘရော့ရဲ့အမာခံကစားသမားဖြစ်လာပါတယ်။

ZawGyi

အသက္၁၄ႏွစ္အ႐ြယ္တုန္းက တင္ခဲ့ပို႔စ္ေၾကာင့္ အက္ဖ္ေအရဲ႕စြဲခ်က္တင္ခံလိုက္ရတဲ့ မစ္ဒယ္ဘေရာ့ကစားသမား

မစ္ဒယ္ဘေရာ့ေနာက္ခံလူမာ့ခ္ဘိုလာဟာလြန္ခဲ့တဲ့၁၀ႏွစ္နီးပါးကာလ သူအသက္၁၄ႏွစ္အ႐ြယ္တုန္းကဆိုရွယ္မီဒီယာပို႔စ္တစ္ခုအတြက္အက္ဖ္ေအရဲ႕စြဲခ်က္တင္ျခင္းခံလိုက္ရပါတယ္။

ဘိုလာဟာ၂၀၁၂ခုႏွစ္တုန္းကသူဆယ္ေက်ာ္သက္အ႐ြယ္တုန္းကတင္ခဲ့တဲ့ပို႔စ္တစ္ခုအတြက္စြဲခ်က္တင္ျခင္းခံခဲ့ရတာပါ။

ယခုရာသီတြင္ခ်န္ပီယံရွစ္ကလပ္အတြက္ငါးပြဲကစားထားတဲ့ဘိုလာဟာလိင္ပိုင္းဆိုင္ရာႏွင့္ဆက္စပ္ကာပို႔စ္တင္မႈအတြက္အက္ဖ္ေအရဲ႕စြဲခ်က္တင္ျခင္းခံခဲ့ရတာပါ။

အက္ဖ္ေအဟာလြန္ခဲ့တဲ့ဆယ္ႏွစ္နီးပါးတုန္းကအသက္၁၄ႏွစ္အ႐ြယ္တုန္းကတင္ခဲ့တဲ့ပို႔စ္အတြက္ဘိုလာအားစြဲခ်က္တင္မႈအတြက္အျပင္းအထန္ေဝဖန္မႈမ်ားႏွင့္ရင္ဆိုင္ေနရပါတယ္။

ပရိသတ္မ်ားကအက္ဖ္ေအဟာလြန္ခဲ့တဲ့ဆယ္စုႏွစ္တစ္ခုနီးပါးပို႔စ္အတြက္ဘိုလာကိုအေရးယူေသာ္လည္းလူ႔အခြင့္အေရးခ်ိဳးေဖာက္မႈမ်ားျပဳလုပ္ေနတဲ့ကာတာကမာၻ႔ဖလားသို႔သြားေရာက္ယွဥ္ၿပိဳင္ရန္စီစဥ္ထားမႈကိုေထာက္ျပေဝဖန္ေနသလိုပရိသတ္အခ်ိဳ႕တို႔ကလည္း၂၀၁၂ခုႏွစ္တုန္းကဘိုလာတင္ခဲ့တဲ့ပို႔စ္ကိုဘယ္သူရွာေဖြေတြ႕ရွိသလဲဆိုၿပီးေတာ့လဲေရးသားေနပါတယ္။

ဘိုလာဟာအာဆင္နယ္အကယ္ဒမီတြင္ကစားသမားဘဝစတင္ခဲ့သူျဖစ္ၿပီးေနာ့ေကာင္တီ၊ဘရက္စတိုးသို႔အငွားျဖင့္သြားကစားခဲ့ရၿပီးအာဆင္နယ္အတြက္တစ္ပြဲမွ်မကစားခဲ့ရပါဘူး။သူဟာအာဆင္နယ္မွထြက္ခြာလာၿပီးေနာက္၂၀၁၈ခုႏွစ္မွာဘလက္ပူးလ္သို႔ေျပာင္းခဲ့ပါတယ္။သူဟာယင္းတြင္တစ္ရာသီကစားၿပီးေနာက္မစ္ဒယ္ဘေရာ့သို႔ေျပာင္းခဲ့သူပါတယ္။သူဟာၿပီးခဲ့တဲ့ရာသီမွစတင္ကာမစ္ဒယ္ဘေရာ့ရဲ႕အမာခံကစားသမားျဖစ္လာပါတယ္။