အသက်၃၈နှစ်မှာဘရာဇီးလက်ရွေးစင်အသင်းမှာရွေးချယ်ခံခဲ့တဲ့ ဒါနီအဲလ်ဗက်စ်

ဒါနီအဲလ်ဗက်စ်ဟာအသက်၃၈နှစ်အရွယ်သို့ရောက်နေပြီဖြစ်ပေမယ့်ကိုပါအမေရိကဖလားပြိုင်ပွဲမတိုင်မီကစားရမယ့်ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်များအတွက်ဘရာဇီးလက်ရွေးစင်အသင်းမှာရွေးချယ်ခြင်းခံခဲ့ရပါတယ်။

မော်ဒန်ဂန္ထဝင်တစ်ဦးဖြစ်တဲ့ဒါနီအဲလ်ဗက်စ်ဟာဘာစီလိုနာအသင်းတွင်အောင်မြင်မှုများစွာရယူနိုင်ခဲ့သူလည်းဖြစ်ပါတယ်။သူဟာနျူးကမ့်မှာလီယွန်နယ်မက်ဆီနှင့်အတွဲညီညီကစားခဲ့ပါတယ်။

ညာနောက်ခံလူဟာတိုက်စစ်သို့လိုက်ပါကစားရာမှာနာမည်ကြီးခဲ့သူဖြစ်ပြီးကမ္ဘာ့အကောင်းဆုံးညာနောက်ခံလူအဖြစ်ရပ်တည်နိုင်ခဲ့သူလည်းဖြစ်ပါတယ်။

အသက်၃၈နှစ်ရှိအဲလ်ဗက်စ်ဟာ၂၀၀၆ခုနှစ်မှ၂၀၁၉ခုနှစ်အတွင်းတွင်ဘရာဇီးအတွက်၁၁၈ပွဲကစားခဲ့ပါတယ်။သူဟာဘရာဇီးအတွက်နောက်ဆုံးကစားတဲ့နှစ်တုန်းက၁၁ပွဲအထိကစားခဲ့ပါတယ်။

ယခုအခါသူဟာလာမယ့်လမှာကစားရမယ့်အီကွေဒေါ၊ပါရာဂွေးတို့နှင့်ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်များအတွက်ဘရာဇီးအသင်းမှာရွေးချယ်ခြင်းခံခဲ့ရပါတယ်။

သူဟာ၂၀၁၉ခုနှစ်မှာမွေးရပ်မြေဘရာဇီးသို့ပြန်ပြီးတဲ့နောက်ဆာအိုပေါ်လိုမှာကစားနေခဲ့သူဖြစ်ပြီး၈၄ပွဲကစားထားပါတယ်။

သူဟာညာနောက်ခံလူတစ်ဦးဖြစ်သော်လည်းကွင်းလယ်ကစားသမားအဖြစ်လည်းကစားလာခဲ့သူဖြစ်ပါတယ်။

ဘရာဇီးနည်းပြတီတီဟာကမ္ဘာ့ဖလားခြေစစ်ပွဲအပြီးတွင်ကစားရမယ့်ကိုပါအမေရိကဖလားပြိုင်ပွဲအတွက်လူစာရင်းကိုမထုတ်ပြန်သေးပါဘူး။ကိုပါအမေရိကဖလားပြိုင်ပွဲကိုဇွန်လ၉ရက်နေ့မှာကစားရပါမယ်။

အဲလ်ဗက်စ်ဟာ၂၀၁၉ခုနှစ်တုန်းကဘရာဇီးအသင်းကိုပါအမေရိကချန်ပီယံဖြစ်တုန်းကအကောင်းဆုံးကစားသမားဆုကိုဆွတ်ခူးနိုင်ခဲ့ပါတယ်။

ZawGyi

အသက္၃၈ႏွစ္မွာဘရာဇီးလက္ေ႐ြးစင္အသင္းမွာေ႐ြးခ်ယ္ခံခဲ့တဲ့ဒါနီအဲလ္ဗက္စ္

ဒါနီအဲလ္ဗက္စ္ဟာအသက္၃၈ႏွစ္အ႐ြယ္သို႔ေရာက္ေနၿပီျဖစ္ေပမယ့္ကိုပါအေမရိကဖလားၿပိဳင္ပြဲမတိုင္မီကစားရမယ့္ကမာၻ႔ဖလားေျခစစ္ပြဲစဥ္မ်ားအတြက္ဘရာဇီးလက္ေ႐ြးစင္အသင္းမွာေ႐ြးခ်ယ္ျခင္းခံခဲ့ရပါတယ္။

ေမာ္ဒန္ဂႏၴဝင္တစ္ဦးျဖစ္တဲ့ဒါနီအဲလ္ဗက္စ္ဟာဘာစီလိုနာအသင္းတြင္ေအာင္ျမင္မႈမ်ားစြာရယူႏိုင္ခဲ့သူလည္းျဖစ္ပါတယ္။သူဟာန်ဴးကမ့္မွာလီယြန္နယ္မက္ဆီႏွင့္အတြဲညီညီကစားခဲ့ပါတယ္။

ညာေနာက္ခံလူဟာတိုက္စစ္သို႔လိုက္ပါကစားရာမွာနာမည္ႀကီးခဲ့သူျဖစ္ၿပီးကမာၻ႔အေကာင္းဆုံးညာေနာက္ခံလူအျဖစ္ရပ္တည္ႏိုင္ခဲ့သူလည္းျဖစ္ပါတယ္။

အသက္၃၈ႏွစ္ရွိအဲလ္ဗက္စ္ဟာ၂၀၀၆ခုႏွစ္မွ၂၀၁၉ခုႏွစ္အတြင္းတြင္ဘရာဇီးအတြက္၁၁၈ပြဲကစားခဲ့ပါတယ္။သူဟာဘရာဇီးအတြက္ေနာက္ဆုံးကစားတဲ့ႏွစ္တုန္းက၁၁ပြဲအထိကစားခဲ့ပါတယ္။

ယခုအခါသူဟာလာမယ့္လမွာကစားရမယ့္အီေကြေဒါ၊ပါရာေဂြးတို႔ႏွင့္ကမာၻ႔ဖလားေျခစစ္ပြဲစဥ္မ်ားအတြက္ဘရာဇီးအသင္းမွာေ႐ြးခ်ယ္ျခင္းခံခဲ့ရပါတယ္။

သူဟာ၂၀၁၉ခုႏွစ္မွာေမြးရပ္ေျမဘရာဇီးသို႔ျပန္ၿပီးတဲ့ေနာက္ဆာအိုေပၚလိုမွာကစားေနခဲ့သူျဖစ္ၿပီး၈၄ပြဲကစားထားပါတယ္။

သူဟာညာေနာက္ခံလူတစ္ဦးျဖစ္ေသာ္လည္းကြင္းလယ္ကစားသမားအျဖစ္လည္းကစားလာခဲ့သူျဖစ္ပါတယ္။

ဘရာဇီးနည္းျပတီတီဟာကမာၻ႔ဖလားေျခစစ္ပြဲအၿပီးတြင္ကစားရမယ့္ကိုပါအေမရိကဖလားၿပိဳင္ပြဲအတြက္လူစာရင္းကိုမထုတ္ျပန္ေသးပါဘူး။ကိုပါအေမရိကဖလားၿပိဳင္ပြဲကိုဇြန္လ၉ရက္ေန႔မွာကစားရပါမယ္။

အဲလ္ဗက္စ္ဟာ၂၀၁၉ခုႏွစ္တုန္းကဘရာဇီးအသင္းကိုပါအေမရိကခ်န္ပီယံျဖစ္တုန္းကအေကာင္းဆုံးကစားသမားဆုကိုဆြတ္ခူးႏိုင္ခဲ့ပါတယ္။