အသက်၃၈နှစ်ရှိဘာကာဂန္ထဝင်ကို ပထမဆုံးခေါ်ယူမှုအဖြစ် ခေါ်ယူဖို့ အံ့ဩဖွယ်လုပ်ဆောင်နေတဲ့ ဘာကာနည်းပြသစ်ဇာဗီး

ဒါနီအဲလ်ဗက်စ်ဟာနူးကမ့်တွင်တကျော့ပြန်ကစားရန်ဘာစီလိုနာနှင့်ဆွေးနွေးမှုပြုလုပ်နေကြောင်းသိရပါတယ်။ဘရာဇီးကစားသမားဟာ၂၀၁၆ခုနှစ်တုန်းကရှစ်နှစ်ကြာကစားပြီးနောက်ထွက်ခွာခဲ့သူဖြစ်ပါတယ်။

သူဟာမကြာသေးမီတုန်းကဘာစီလိုနာဘက်ကသာအလိုပါကကစားပေးရန်အသင့်ရှိနေကြောင်းဖွင့်ဟပြောကြားခဲ့သူလည်းဖြစ်ပါတယ်။

အဲလ်ဗက်စ်က “တကယ်လို့ဘာကာကသာကျွန်တော့်ကိုလိုတယ်လို့တွေးမိရင်ဖုန်းလေးဆက်လိုက်ရုံပါပဲ။ဘာစီလိုနာအတွက်ကျွန်တော်လုပ်ပေးနိုင်တုန်းပဲလို့ထင်ပါတယ်။အထူးသဖြင့်ဘာကာမှာကလူငယ်တွေများတယ်လေ”လို့ပြောကြားခဲ့ပါတယ်။

ယခုအခါဘရာဇီးသတင်းစာ UOL ရဲ့ဖော်ပြချက်အရဘာစီလိုနာဟာဇာဗီးကိုနည်းပြအဖြစ်ခန့်အပ်လိုက်ပြီးနောက်နည်းပြနှင့်ကာလရှည်ကြာကစားခဲ့တဲ့အဲလ်ဗက်စ်ကိုပြန်လည်ခေါ်ယူရန်ဆွေးနွေးနေပြီဖြစ်ကြောင်းသိရပါတယ်။

အဲလ်ဗက်စ်ဟာမေလတုန်းကသူ့ရဲ့ကစားသမားဘဝတစ်လျှောက်၄၂ကြိမ်မြောက်ဆုဖလားအဖြစ် Campeonato Paulista ဆွတ်ခူးပြီးနောက်စာချုပ်ဖျက်သိမ်းထွက်ခွာလာခဲ့ကာကလပ်လက်မဲ့ဖြစ်နေပါတယ်။

ဇာဗီးကိုနည်းပြအဖြစ်မိတ်ဆက်ပွဲတွင်ဘာစီလိုနာဥက္ကဌလာပေါ်တာကလည်းနူးကမ့်သို့အဲလ်ဗက်စ်တကျော့ပြန်ရောက်လာနိုင်ကြောင်းအတည်ပြုပြောကြားထားပါတယ်။

ZawGyi

အသက္၃၈ႏွစ္ရွိဘာကာဂႏၴဝင္ကို ပထမဆုံးေခၚယူမႈအျဖစ္ ေခၚယူဖို႔ အံ့ဩဖြယ္လုပ္ေဆာင္ေနတဲ့ ဘာကာနည္းျပသစ္ဇာဗီး

ဒါနီအဲလ္ဗက္စ္ဟာႏူးကမ့္တြင္တေက်ာ့ျပန္ကစားရန္ဘာစီလိုနာႏွင့္ေဆြးေႏြးမႈျပဳလုပ္ေနေၾကာင္းသိရပါတယ္။ဘရာဇီးကစားသမားဟာ၂၀၁၆ခုႏွစ္တုန္းကရွစ္ႏွစ္ၾကာကစားၿပီးေနာက္ထြက္ခြာခဲ့သူျဖစ္ပါတယ္။

သူဟာမၾကာေသးမီတုန္းကဘာစီလိုနာဘက္ကသာအလိုပါကကစားေပးရန္အသင့္ရွိေနေၾကာင္းဖြင့္ဟေျပာၾကားခဲ့သူလည္းျဖစ္ပါတယ္။

အဲလ္ဗက္စ္က “တကယ္လို႔ဘာကာကသာကြၽန္ေတာ့္ကိုလိုတယ္လို႔ေတြးမိရင္ဖုန္းေလးဆက္လိုက္႐ုံပါပဲ။ဘာစီလိုနာအတြက္ကြၽန္ေတာ္လုပ္ေပးႏိုင္တုန္းပဲလို႔ထင္ပါတယ္။အထူးသျဖင့္ဘာကာမွာကလူငယ္ေတြမ်ားတယ္ေလ”လို႔ေျပာၾကားခဲ့ပါတယ္။

ယခုအခါဘရာဇီးသတင္းစာ UOL ရဲ႕ေဖာ္ျပခ်က္အရဘာစီလိုနာဟာဇာဗီးကိုနည္းျပအျဖစ္ခန႔္အပ္လိုက္ၿပီးေနာက္နည္းျပႏွင့္ကာလရွည္ၾကာကစားခဲ့တဲ့အဲလ္ဗက္စ္ကိုျပန္လည္ေခၚယူရန္ေဆြးေႏြးေနၿပီျဖစ္ေၾကာင္းသိရပါတယ္။

အဲလ္ဗက္စ္ဟာေမလတုန္းကသူ႔ရဲ႕ကစားသမားဘဝတစ္ေလွ်ာက္၄၂ႀကိမ္ေျမာက္ဆုဖလားအျဖစ္ Campeonato Paulista ဆြတ္ခူးၿပီးေနာက္စာခ်ဳပ္ဖ်က္သိမ္းထြက္ခြာလာခဲ့ကာကလပ္လက္မဲ့ျဖစ္ေနပါတယ္။

ဇာဗီးကိုနည္းျပအျဖစ္မိတ္ဆက္ပြဲတြင္ဘာစီလိုနာဥကၠဌလာေပၚတာကလည္းႏူးကမ့္သို႔အဲလ္ဗက္စ္တေက်ာ့ျပန္ေရာက္လာႏိုင္ေၾကာင္းအတည္ျပဳေျပာၾကားထားပါတယ္။