အသက်၆၀နှစ်အရွယ်မှာအဖေထပ်ဖြစ်လာတဲ့အာဂျင်တီးနားနှင့်ချီလီနည်းပြဟောင်းဆမ်ပါအိုလီ

အာဂျင်တီးနားနှင့်ချီလီနည်းပြဟောင်းဂျော့ဆမ်ပါအိုလီဟာအသက်၆၀နှစ်အရွယ်မှာအဖေထပ်ဖြစ်လာခဲ့ပါတယ်။

ကလေးလေးဉီးအဖေဟာချစ်သူပေါလ်လာဗီလာကွက်ဇ်နဲ့လွန်ခဲ့တဲ့၁၈လတုန်းကလီယွန်ကိုမွေးဖွားပြီးနောက်ကလေးအနှီးထပ်လျှော်ရဦးတော့မှာဖြစ်ပါတယ်။

ဘရာဇီးကလပ်အက်သလက်တီကိုမီနိုင်းရိုးကိုကိုင်တွယ်နေတဲ့ဆမ်ပါအိုလီဟာနည်းပြအလုပ်တစ်ဖက်နဲ့အိမ်အလုပ်၊အနှီးလျှော်အလုပ်၊ကလေးထိန်းအလုပ်တို့ကိုလုပ်ရဦးမှာဖြစ်ပါတယ်။

ဆမ်ပါအိုလီဟာ၂၀၁၅ခုနှစ်တုန်းကချီလီလက်ရွေးစင်အသင်းကိုကိုပါအမေရိကဖလားဆွတ်ခူးနိုင်အောင် ဦးဆောင်ခဲ့သူဖြစ်ပြီးချဲလ်ဆီးအသင်းကိုကိုင်တွယ်ရန်လည်းဆွေးနွေးခဲ့ဖူးတဲ့သူပါ။

ဆမ်ပါအိုလီဟာ၂၀၀၇ခုနှစ်တုန်းကသူ့ထက်၂၂နှစ်ငယ်တဲ့ပေါလ်လာနှင့်ဆုံတွေ့ခဲ့တာဖြစ်ပြီးဆီဗီလာအသင်းကိုကိုင်တွယ်စဉ်အတွင်းဒုတိယသားဖြစ်တဲ့လီယွန်ကိုမွေးဖွားခဲ့ပါတယ်။ဆမ်ပါအိုလီဟာယခင်ဇနီးနှင့်ကလေးနှစ်ဦးရရှိခဲ့ဖူးတဲ့သူလည်းဖြစ်ပါတယ်။

ZawGyi

အသက္၆၀ႏွစ္အ႐ြယ္မွာအေဖထပ္ျဖစ္လာတဲ့အာဂ်င္တီးနားႏွင့္ခ်ီလီနည္းျပေဟာင္းဆမ္ပါအိုလီ

အာဂ်င္တီးနားႏွင့္ခ်ီလီနည္းျပေဟာင္းေဂ်ာ့ဆမ္ပါအိုလီဟာအသက္၆၀ႏွစ္အ႐ြယ္မွာအေဖထပ္ျဖစ္လာခဲ့ပါတယ္။

ကေလးေလးဉီးအေဖဟာခ်စ္သူေပါလ္လာဗီလာကြက္ဇ္နဲ႔လြန္ခဲ့တဲ့၁၈လတုန္းကလီယြန္ကိုေမြးဖြားၿပီးေနာက္ကေလးအႏွီးထပ္ေလွ်ာ္ရဦးေတာ့မွာျဖစ္ပါတယ္။

ဘရာဇီးကလပ္အက္သလက္တီကိုမီႏိုင္း႐ိုးကိုကိုင္တြယ္ေနတဲ့ဆမ္ပါအိုလီဟာနည္းျပအလုပ္တစ္ဖက္နဲ႔အိမ္အလုပ္၊အႏွီးေလွ်ာ္အလုပ္၊ကေလးထိန္းအလုပ္တို႔ကိုလုပ္ရဦးမွာျဖစ္ပါတယ္။

ဆမ္ပါအိုလီဟာ၂၀၁၅ခုႏွစ္တုန္းကခ်ီလီလက္ေ႐ြးစင္အသင္းကိုကိုပါအေမရိကဖလားဆြတ္ခူးႏိုင္ေအာင္ ဦးေဆာင္ခဲ့သူျဖစ္ၿပီးခ်ဲလ္ဆီးအသင္းကိုကိုင္တြယ္ရန္လည္းေဆြးေႏြးခဲ့ဖူးတဲ့သူပါ။

ဆမ္ပါအိုလီဟာ၂၀၀၇ခုႏွစ္တုန္းကသူ႔ထက္၂၂ႏွစ္ငယ္တဲ့ေပါလ္လာႏွင့္ဆုံေတြ႕ခဲ့တာျဖစ္ၿပီးဆီဗီလာအသင္းကိုကိုင္တြယ္စဥ္အတြင္းဒုတိယသားျဖစ္တဲ့လီယြန္ကိုေမြးဖြားခဲ့ပါတယ္။ဆမ္ပါအိုလီဟာယခင္ဇနီးႏွင့္ကေလးႏွစ္ဦးရရွိခဲ့ဖူးတဲ့သူလည္းျဖစ္ပါတယ္။