အသက် ၁၂ နှစ်သာရှိသေးပေမဲ့ Puma နှင့်စပွန်ဆာစာချုပ်ချုပ်ဆိုလိုက်တဲ့ ကိုင်ရွန်းနီ

ဝိန်းရွန်းနီရဲ့သားကိုင်ရွန်းနီဟာမန်ချက်စတာယူနိုက်တက်လူငယ်အသင်းမှာစိတ်လှုပ်ရှားစရာကောင်းတဲ့ရာသီတစ်ခုပိုင်ဆိုင်ခဲ့ပြီးတဲ့နောက် Puma ရဲ့စပွန်ဆာစာချုပ်ချုပ်ဆိုခြင်းခံလာရပါတယ်။

ဖခင်ဖြစ်သူဝိန်းရွန်းနီကဒီစီယူနိုက်တက်နည်းပြအဖြစ်စာချုပ်ချုပ်ဆိုနေချိန်တွင်ကိုင်ရွန်းနီဟာလည်းသူ့ကစားသမားဘဝပထမဆုံးစပွန်ဆာစာချုပ်ချုပ်ဆိုလိုက်နိုင်ပြီဖြစ်ပါတယ်။

အားကစားပစ္စည်းထုတ်ကုမ္ပဏီ Puma ဟာလူငယ်ကစားသမားလောကတွင်စိတ်လှုပ်ရှားစရာကောင်းတဲ့ပါရမီရှင်လေးတစ်ဦးကိုအခြားကုမ္ပဏီများထက်လက်ဦးမှုရယူကာစပွန်ဆာစာချုပ်ချုပ်လိုက်နိုင်တာလည်းဖြစ်ပါတယ်။

ကိုင်ရွန်းနီဟာမန်ချက်စတာယူနိုက်တက်အကယ်ဒမီအသင်းနှင့်အတူကြီးကျယ်တဲ့ဘောလုံးရာသီတစ်ခုပိုင်ဆိုင်ခဲ့သူလည်းဖြစ်ပါတယ်။

သူဟာပြီးခဲ့တဲ့ရာသီတုန်းကယူနိုက်တက်အကယ်ဒမီအသင်းအတွက်၅၆ဂိုးအထိသွင်းယူနိုင်ခဲ့သူလည်းဖြစ်ပါတယ်။သူဟာခရစ္စတီယာနိုရော်နယ်ဒိုရဲ့သားဖြစ်သူခရစ္စတီယာနိုဂျူနီယာနှင့်တွဲကစားခဲ့သူလည်းဖြစ်ပါတယ်။

ကိုင်ဟာထိပ်တန်းဂိုးသွင်းသမားတစ်ဦးဖြစ်ရုံသာမကပြီးခဲ့တဲ့ရာသီတုန်းက၂၈ကြိမ်အထိဖန်တီးနိုင်ခဲ့ကာဖန်တီးအားကောင်းတဲ့ကစားသမားဖြစ်ကြောင်းလည်းပြသခဲ့သူဖြစ်ပါတယ်။

သူဟာ၂၀၂၀ခုနှစ်၊ဒီဇင်ဘာတွင်ယူနိုက်တက်အကယ်ဒမီသို့ရောက်လာပြီးနောက်တစ်နေ့ပြီးတစ်နေ့ကောင်းသထက်ကောင်းမွန်လာကာဖခင်ဖြစ်သူရွန်းနီရဲ့ခြေရာကိုနင်းမယ့်သူအဖြစ်သတ်မှတ်ခံထားရပါတယ်။

အဲဗာတန်ပရိသတ်တစ်ဦးဖြစ်တဲ့ကိုင်ရွန်းနီဟာကလပ်များစွာတို့ရဲ့ကမ်းလှမ်းမှုရခဲ့ပေမဲ့ဖခင်ဖြစ်သူ ဂိုးအများဆုံးသွင်းယူသူအဖြစ်ရပ်တည်နေတဲ့ယူနိုက်တက်ကိုရွေးချယ်ခဲ့တာလည်းဖြစ်ပါတယ်။

ZawGyi

အသက္ ၁၂ ႏွစ္သာရွိေသးေပမဲ့ Puma ႏွင့္စပြန္ဆာစာခ်ဳပ္ခ်ဳပ္ဆိုလိုက္တဲ့ ကိုင္႐ြန္းနီ

ဝိန္း႐ြန္းနီရဲ႕သားကိုင္႐ြန္းနီဟာမန္ခ်က္စတာယူႏိုက္တက္လူငယ္အသင္းမွာစိတ္လႈပ္ရွားစရာေကာင္းတဲ့ရာသီတစ္ခုပိုင္ဆိုင္ခဲ့ၿပီးတဲ့ေနာက္ Puma ရဲ႕စပြန္ဆာစာခ်ဳပ္ခ်ဳပ္ဆိုျခင္းခံလာရပါတယ္။

ဖခင္ျဖစ္သူဝိန္း႐ြန္းနီကဒီစီယူႏိုက္တက္နည္းျပအျဖစ္စာခ်ဳပ္ခ်ဳပ္ဆိုေနခ်ိန္တြင္ကိုင္႐ြန္းနီဟာလည္းသူ႔ကစားသမားဘဝပထမဆုံးစပြန္ဆာစာခ်ဳပ္ခ်ဳပ္ဆိုလိုက္ႏိုင္ၿပီျဖစ္ပါတယ္။

အားကစားပစၥည္းထုတ္ကုမၸဏီ Puma ဟာလူငယ္ကစားသမားေလာကတြင္စိတ္လႈပ္ရွားစရာေကာင္းတဲ့ပါရမီရွင္ေလးတစ္ဦးကိုအျခားကုမၸဏီမ်ားထက္လက္ဦးမႈရယူကာစပြန္ဆာစာခ်ဳပ္ခ်ဳပ္လိုက္ႏိုင္တာလည္းျဖစ္ပါတယ္။

ကိုင္႐ြန္းနီဟာမန္ခ်က္စတာယူႏိုက္တက္အကယ္ဒမီအသင္းႏွင့္အတူႀကီးက်ယ္တဲ့ေဘာလုံးရာသီတစ္ခုပိုင္ဆိုင္ခဲ့သူလည္းျဖစ္ပါတယ္။

သူဟာၿပီးခဲ့တဲ့ရာသီတုန္းကယူႏိုက္တက္အကယ္ဒမီအသင္းအတြက္၅၆ဂိုးအထိသြင္းယူႏိုင္ခဲ့သူလည္းျဖစ္ပါတယ္။သူဟာခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕သားျဖစ္သူခရစၥတီယာႏိုဂ်ဴနီယာႏွင့္တြဲကစားခဲ့သူလည္းျဖစ္ပါတယ္။

ကိုင္ဟာထိပ္တန္းဂိုးသြင္းသမားတစ္ဦးျဖစ္႐ုံသာမကၿပီးခဲ့တဲ့ရာသီတုန္းက၂၈ႀကိမ္အထိဖန္တီးႏိုင္ခဲ့ကာဖန္တီးအားေကာင္းတဲ့ကစားသမားျဖစ္ေၾကာင္းလည္းျပသခဲ့သူျဖစ္ပါတယ္။

သူဟာ၂၀၂၀ခုႏွစ္၊ဒီဇင္ဘာတြင္ယူႏိုက္တက္အကယ္ဒမီသို႔ေရာက္လာၿပီးေနာက္တစ္ေန႔ၿပီးတစ္ေန႔ေကာင္းသထက္ေကာင္းမြန္လာကာဖခင္ျဖစ္သူ႐ြန္းနီရဲ႕ေျခရာကိုနင္းမယ့္သူအျဖစ္သတ္မွတ္ခံထားရပါတယ္။

အဲဗာတန္ပရိသတ္တစ္ဦးျဖစ္တဲ့ကိုင္႐ြန္းနီဟာကလပ္မ်ားစြာတို႔ရဲ႕ကမ္းလွမ္းမႈရခဲ့ေပမဲ့ဖခင္ျဖစ္သူ ဂိုးအမ်ားဆုံးသြင္းယူသူအျဖစ္ရပ္တည္ေနတဲ့ယူႏိုက္တက္ကိုေ႐ြးခ်ယ္ခဲ့တာလည္းျဖစ္ပါတယ္။