အသက် ၁၈ နှစ်အရွယ်တွင် ကုမ္ပဏီတည်ထောင်ပြီးနောက် ငါးနှစ်အတွင်း ပေါင် ၂ သန်းကျော် ရှာဖွေထားနိုင်ခဲ့တဲ့ ထရန်းအလက်ဇန္ဒားအာနိုး

ထရန်းအလက်ဇန္ဒားအာနိုးဟာအသက်၁၈နှစ်အရွယ်တွင်ကုမ္ပဏီတည်ထောင်ပြီးနောက်ငါးနှစ်အတွင်းတွင်သူ့ကုမ္ပဏီဟာဝင်ငွေပေါင်၂သန်းကျော်အထိရရှိခဲ့ပါတယ်။

All Star Sports Ltd ကလီဗာပူးတောင်ပံနောက်တန်းအစွန်လူရဲ့ရုပ်ပုံလွှာအသုံးပြုခဝင်ငွေများကိုအာရုံစိုက်လုပ်ဆောင်တဲ့ကုမ္ပဏီဖြစ်ပါတယ်။

ယခုအခါအင်္ဂလန်နောက်ခံလူဟာသူ့ရဲ့အမြင်ကျယ်ကျယ်ဖြင့်ကုမ္ပဏီထောင်ခဲ့မှုရဲ့အကျိုးရလဒ်ကိုခံစားနေရပြီဖြစ်ပါတယ်။

နောက်ဆုံးကြေညာလာတဲ့အချက်အရအသက်၂၃နှစ်ရှိနောက်ခံလူရဲ့ကုမ္ပဏီဟာပေါင်၂၁၁၄၇၄၂ ရှိထားပြီဖြစ်ပါတယ်။

ထရန်းအလက်ဇန္ဒားအာနိုးဟာအသက်၆အရွယ်ကတည်းကလီဗာပူးသို့ရောက်ခဲ့သူဖြစ်ပါတယ်။သူဟာငယ်စဉ်တုန်းကအဲဗာတန်နှင့်လီဗာပူးကစားသမားတို့ဝတ်ဆင်ခဲ့တဲ့အင်္ကျီများကိုပြန်လည်ရောင်းချပြီးအမြတ်ငွေများကိုမိဘများအတွက်အိမ်ဝယ်ယူပေးခဲ့ဖူးပါတယ်။

သူဟာ၂၀၁၉ခုနှစ်မှာ Under Armor နှင့်ပေါင်၆.၄သန်းတန် ၄ နှစ်စာချုပ်ချုပ်ဆိုနိုင်ခဲ့ပါတယ်။

ZawGyi






