အသက် ၁၈ နှစ်အရွယ်မှာဘဲ လက်ရွေးစင်အသင်း ပြောင်းကစားလိုက်တဲ့ မိုရီဘာ

ဘာစီလိုနာလူငယ်စတားလိုက်စ်မိုရီဘာဟာသူ့အနာဂတ်နှင့်ပတ်သက်ပြီးအရေးပါတဲ့ဆုံးဖြတ်ချက်အားချလိုက်ပါတယ်။ဘာစီလိုနာလူငယ်ဟာဂီနီလက်ရွေးစင်အသင်းအတွက်ကစားရန်ဆုံးဖြတ်လိုက်တာလည်းဖြစ်ပါတယ်။

အသက်၁၈နှစ်ရှိအရွယ်ရှိလိုက်စ်မိုရီဘာဟာစပိန်နိုင်ငံသားခံယူထားသူဖြစ်ပြီးစပိန်လူငယ်အသင်းများတွင်ကစားခဲ့ကာစပိန်ယူ-၁၇အတွက်ငါးပွဲအထိကစားပေးထားသူလည်းဖြစ်ပါတယ်။

ဒါပေမယ့်သူ့ရဲ့ဖခင်ဖြစ်သူဟာဂီနီဘောလုံးအဖွဲ့ချုပ်နှင့်တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ပြီးတဲ့နောက်မိုရီဘာဟာသူ့ကိုမွေးဖွားရာနိုင်ငံအတွက်ကစားရန်ဆုံးဖြတ်ချက်ချလိုက်ပြီဖြစ်ပါတယ်။

သူဟာ၂၀၁၇ခုနှစ်တုန်းကဂီနီဘောလုံးအဖွဲ့ချုပ်ရဲ့ဖိတ်ခေါ်မှုကိုငြင်းဆိုခဲ့ပေမယ့်လည်းယခုအခါမှာတော့စပိန်အသင်းအတွက်လုံးဝမကစားနိုင်တော့ဘဲအာဖရိကအသင်းအတွက်သာကစားရန်ဆုံးဖြတ်ခဲ့ပါတယ်။

သူဟာလာမယ့်လမှာမော်ရိုကိုနှင့်ကစားရမယ့်ပွဲစဉ်အတွက်ဂီနီအတွက်ပထမဆုံးပွဲအားဝင်ရောက်ကစားလာဖို့ရှိနေကြောင်းသိရပါတယ်။

မိုရီဘာဟာပြီးခဲ့တဲ့ရာသီတုန်းကဘာစီလိုနာစီနီယာအသင်းသို့တက်လှမ်းခဲ့သူဖြစ်ပြီးတစ်နှစ်ကျန်စာချုပ်အားသက်တမ်းတိုးရန်ကမ်းလှမ်းမှုကိုငြင်းပယ်ထားသူလည်းဖြစ်ပါတယ်။သူဟာအသက်၁၈နှစ်သာရှိသေးပေမယ့်လည်းစာချုပ်သစ်အတွက်တစ်ပတ်လုပ်ခယူရို၁၀၀၀၀၀အထိတောင်းဆိုမှုနဲ့အတူဘာစီလိုနာနှင့်စာချုပ်သစ်ချုပ်ဆိုရန်အဆင်မပြေနေတာလည်းဖြစ်ပါတယ်။

ဘာစီလိုနာဟာစာချုပ်သစ်ချုပ်ဆိုရန်ငြင်းဆိုနေတဲ့မိုရီဘာကိုစီနီယာအသင်းမှာအရန်အသင်းသို့ပြန်ပို့ထားတဲ့အပြင်အရန်အသင်းတွင်လည်းကစားခွင့်မပေးဘဲထားထားပါတယ်။

ZawGyi

အသက္ ၁၈ ႏွစ္အ႐ြယ္မွာဘဲ လက္ေ႐ြးစင္အသင္း ေျပာင္းကစားလိုက္တဲ့ မိုရီဘာ

ဘာစီလိုနာလူငယ္စတားလိုက္စ္မိုရီဘာဟာသူ႔အနာဂတ္ႏွင့္ပတ္သက္ၿပီးအေရးပါတဲ့ဆုံးျဖတ္ခ်က္အားခ်လိုက္ပါတယ္။ဘာစီလိုနာလူငယ္ဟာဂီနီလက္ေ႐ြးစင္အသင္းအတြက္ကစားရန္ဆုံးျဖတ္လိုက္တာလည္းျဖစ္ပါတယ္။

အသက္၁၈ႏွစ္ရွိအ႐ြယ္ရွိလိုက္စ္မိုရီဘာဟာစပိန္ႏိုင္ငံသားခံယူထားသူျဖစ္ၿပီးစပိန္လူငယ္အသင္းမ်ားတြင္ကစားခဲ့ကာစပိန္ယူ-၁၇အတြက္ငါးပြဲအထိကစားေပးထားသူလည္းျဖစ္ပါတယ္။

ဒါေပမယ့္သူ႔ရဲ႕ဖခင္ျဖစ္သူဟာဂီနီေဘာလုံးအဖြဲ႕ခ်ဳပ္ႏွင့္ေတြ႕ဆုံေဆြးေႏြးမႈမ်ားျပဳလုပ္ၿပီးတဲ့ေနာက္မိုရီဘာဟာသူ႔ကိုေမြးဖြားရာႏိုင္ငံအတြက္ကစားရန္ဆုံးျဖတ္ခ်က္ခ်လိုက္ၿပီျဖစ္ပါတယ္။

သူဟာ၂၀၁၇ခုႏွစ္တုန္းကဂီနီေဘာလုံးအဖြဲ႕ခ်ဳပ္ရဲ႕ဖိတ္ေခၚမႈကိုျငင္းဆိုခဲ့ေပမယ့္လည္းယခုအခါမွာေတာ့စပိန္အသင္းအတြက္လုံးဝမကစားႏိုင္ေတာ့ဘဲအာဖရိကအသင္းအတြက္သာကစားရန္ဆုံးျဖတ္ခဲ့ပါတယ္။

သူဟာလာမယ့္လမွာေမာ္႐ိုကိုႏွင့္ကစားရမယ့္ပြဲစဥ္အတြက္ဂီနီအတြက္ပထမဆုံးပြဲအားဝင္ေရာက္ကစားလာဖို႔ရွိေနေၾကာင္းသိရပါတယ္။

မိုရီဘာဟာၿပီးခဲ့တဲ့ရာသီတုန္းကဘာစီလိုနာစီနီယာအသင္းသို႔တက္လွမ္းခဲ့သူျဖစ္ၿပီးတစ္ႏွစ္က်န္စာခ်ဳပ္အားသက္တမ္းတိုးရန္ကမ္းလွမ္းမႈကိုျငင္းပယ္ထားသူလည္းျဖစ္ပါတယ္။သူဟာအသက္၁၈ႏွစ္သာရွိေသးေပမယ့္လည္းစာခ်ဳပ္သစ္အတြက္တစ္ပတ္လုပ္ခယူ႐ို၁၀၀၀၀၀အထိေတာင္းဆိုမႈနဲ႔အတူဘာစီလိုနာႏွင့္စာခ်ဳပ္သစ္ခ်ဳပ္ဆိုရန္အဆင္မေျပေနတာလည္းျဖစ္ပါတယ္။

ဘာစီလိုနာဟာစာခ်ဳပ္သစ္ခ်ဳပ္ဆိုရန္ျငင္းဆိုေနတဲ့မိုရီဘာကိုစီနီယာအသင္းမွာအရန္အသင္းသို႔ျပန္ပို႔ထားတဲ့အျပင္အရန္အသင္းတြင္လည္းကစားခြင့္မေပးဘဲထားထားပါတယ္။