အသက် ၁၈ နှစ်အရွယ် လူငယ်ပါရမီရှင်တစ်ဦးရဲ့အိပ်မက်များ တကယ်ဖြစ်လာပြီ

မန်ယူဟာအတ္တလန္တာမှအသစ်ခေါ်ယူလိုက်တဲ့ပါရမီရှင်တောင်ပံကစားသမားအေမက်ဒီရယ်လိုအား ကာရင်တန်မှာ တရားဝင်မိတ်ဆက်လာပြီဖြစ်ပါတယ်။

အသက်၁၈နှစ်ရှိဒီရယ်လိုဟာပြီးခဲ့တဲ့အပတ်တုန်းကအတ္တလန္တာမှမန်ယူသို့ပေါင်၃၇သန်းဖြင့်ပြောင်းလာခဲ့သူဖြစ်ပြီးသူဟာမန်ယူနှင့်၂၀၂၅ခုနှစ်အထိငါးနှစ်စာချုပ်ချုပ်ဆိုထားပါတယ်။ဒီရယ်လိုဟာမန်ယူမှာကျောနံပါတ်၁၉ကိုဝတ်ဆင်သွားပါမယ်။

မန်ယူဟာနွေရာသီအပြောင်းအရွှေ့ဈေးကွက်ကတည်းကအိုင်ဗရီကို့စ်ပါရမီရှင်တောင်ပံကစားသမားအားခေါ်ယူရန် သဘောတူညီမှုရရှိထားခဲ့တာဖြစ်ပြီးဇန်နဝါရီတွင်မှပြောင်းလာခဲ့တာပါ။

ဒီရယ်လိုက “နွေရာသီကတည်းစောင့်လာခဲ့တာအခုတော့မန်ချက်စတာယူနိုက်တက်သို့အပြောင်းအရွှေ့အိပ်မက် တကယ်ဖြစ်လာခဲ့ပါပြီ။ကျွန်တော့်မှာရည်မှန်းချက်တွေအများကြီးရှိပါတယ်။အောင်မြင်မှုတွေလည်းအများကြီးရချင်ပါတယ်။နည်းပြနဲ့စကားပြောလိုက်တဲ့အချိန်မှာကျွန်တော့်ဟာပြီးပြည့်စုံတဲ့ကလပ်သို့ပြောင်းရွှေ့နိုင်ခဲ့တယ်ဆိုတာ သိခဲ့ရပါတယ်။ကြီးကျယ်တဲ့ကစားသမားများစွာရှိတဲ့တောင့်တင်းအသင်းရှိပါတယ်။ဒီနေ့အလုပ်ကြိုးစားပြီးကျွန် တော်တိုးတက်လာဖို့အများကြီးသင်ယူသွားမယ်လို့ကတိပေးပါတယ်။စာချုပ်ချုပ်ဆိုပြီးကတည်းကနည်းပြတွေက လည်းအရမ်းကောင်းပါတယ်။ကျွန်တော်တို့ပုံမှန်ဆက်သွယ်ဖြစ်တယ်။ကျွန်တော့်ကိုအကြံဉာဏ်တွေလည်းအများ ကြီးပေးကြပါတယ်။ဒီအပြောင်းအရွှေ့အတွက်စိတ်ပိုင်းဆိုင်ရာနဲ့ကြံ့ခိုင်မှုပိုင်းပြင်ဆင်ဖို့အချိန်အများကြီးရခဲ့ပါတယ်။ ဒီကလပ်အတွက်အသင့်ဖြစ်နေဖို့အများကြီးကြိုးစားခဲ့ပါတယ်”လို့ပြောကြားသွားပါတယ်။

မန်ယူဂန္ထဝင်နောက်ခံလူရီယိုဖာဒီနန်ကဒီရယ်လိုကိုခရစ္စတီယာနိုရော်နယ်ဒိုနှင့်နှိုင်းယှဉ်ပြောကြားသွားခဲ့ပြီးကမ္ဘာ့ ထိပ်တန်းကစားသမားတစ်ဦးဖြစ်လာမယ်လို့ဟောကိန်းထုတ်ထားပါတယ်။

ZawGyi

အသက္ ၁၈ ႏွစ္အ႐ြယ္ လူငယ္ပါရမီရွင္တစ္ဦးရဲ႕အိပ္မက္မ်ား တကယ္ျဖစ္လာၿပီ

မန္ယူဟာအတၱလႏၲာမွအသစ္ေခၚယူလိုက္တဲ့ပါရမီရွင္ေတာင္ပံကစားသမားေအမက္ဒီရယ္လိုအား ကာရင္တန္မွာ တရားဝင္မိတ္ဆက္လာၿပီျဖစ္ပါတယ္။

အသက္၁၈ႏွစ္ရွိဒီရယ္လိုဟာၿပီးခဲ့တဲ့အပတ္တုန္းကအတၱလႏၲာမွမန္ယူသို႔ေပါင္၃၇သန္းျဖင့္ေျပာင္းလာခဲ့သူျဖစ္ၿပီးသူဟာမန္ယူႏွင့္၂၀၂၅ခုႏွစ္အထိငါးႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုထားပါတယ္။ဒီရယ္လိုဟာမန္ယူမွာေက်ာနံပါတ္၁၉ကိုဝတ္ဆင္သြားပါမယ္။

မန္ယူဟာေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္ကတည္းကအိုင္ဗရီကို႔စ္ပါရမီရွင္ေတာင္ပံကစားသမားအားေခၚယူရန္ သေဘာတူညီမႈရရွိထားခဲ့တာျဖစ္ၿပီးဇန္နဝါရီတြင္မွေျပာင္းလာခဲ့တာပါ။

ဒီရယ္လိုက “ေႏြရာသီကတည္းေစာင့္လာခဲ့တာအခုေတာ့မန္ခ်က္စတာယူႏိုက္တက္သို႔အေျပာင္းအေ႐ႊ႕အိပ္မက္ တကယ္ျဖစ္လာခဲ့ပါၿပီ။ကြၽန္ေတာ့္မွာရည္မွန္းခ်က္ေတြအမ်ားႀကီးရွိပါတယ္။ေအာင္ျမင္မႈေတြလည္းအမ်ားႀကီးရခ်င္ပါတယ္။နည္းျပနဲ႔စကားေျပာလိုက္တဲ့အခ်ိန္မွာကြၽန္ေတာ့္ဟာၿပီးျပည့္စုံတဲ့ကလပ္သို႔ေျပာင္းေ႐ႊ႕ႏိုင္ခဲ့တယ္ဆိုတာ သိခဲ့ရပါတယ္။ႀကီးက်ယ္တဲ့ကစားသမားမ်ားစြာရွိတဲ့ေတာင့္တင္းအသင္းရွိပါတယ္။ဒီေန႔အလုပ္ႀကိဳးစားၿပီးကြၽန္ ေတာ္တိုးတက္လာဖို႔အမ်ားႀကီးသင္ယူသြားမယ္လို႔ကတိေပးပါတယ္။စာခ်ဳပ္ခ်ဳပ္ဆိုၿပီးကတည္းကနည္းျပေတြက လည္းအရမ္းေကာင္းပါတယ္။ကြၽန္ေတာ္တို႔ပုံမွန္ဆက္သြယ္ျဖစ္တယ္။ကြၽန္ေတာ့္ကိုအႀကံဉာဏ္ေတြလည္းအမ်ား ႀကီးေပးၾကပါတယ္။ဒီအေျပာင္းအေ႐ႊ႕အတြက္စိတ္ပိုင္းဆိုင္ရာနဲ႔ႀကံ့ခိုင္မႈပိုင္းျပင္ဆင္ဖို႔အခ်ိန္အမ်ားႀကီးရခဲ့ပါတယ္။ ဒီကလပ္အတြက္အသင့္ျဖစ္ေနဖို႔အမ်ားႀကီးႀကိဳးစားခဲ့ပါတယ္”လို႔ေျပာၾကားသြားပါတယ္။

မန္ယူဂႏၴဝင္ေနာက္ခံလူရီယိုဖာဒီနန္ကဒီရယ္လိုကိုခရစၥတီယာႏိုေရာ္နယ္ဒိုႏွင့္ႏႈိင္းယွဥ္ေျပာၾကားသြားခဲ့ၿပီးကမာၻ႔ ထိပ္တန္းကစားသမားတစ္ဦးျဖစ္လာမယ္လို႔ေဟာကိန္းထုတ္ထားပါတယ္။