အသက် ၃၂ နှစ်အရွယ်တွင်ပင် ကစားသမားဘဝမှ အနားယူလိုက်တဲ့ နယူးကာဆယ်နောက်ခံလူဟောင်းဒါရူဂျန်မက်
နယူးကာဆယ်နှင့်ဝက်ဖို့ဒ်နောက်ခံလူဟောင်းဒါရူဂျန်မက်ဟာအသက်၃၂နှစ်အရွယ်မှာဘဲကစားသမားဘဝမှအနားယူလိုက်ပြီဖြစ်ကြောင်းကြေညာလာပါတယ်။
နောက်တန်းအစွန်လူဟာ၂၀၁၄ခုနှစ်တွင်ဖီယင်နုမှပေါင်၆.၅သန်းဖြင့်ပြောင်းလာပြီးနောက်နယူးကာဆယ်တွင်၂ရာသီကြာကစားခဲ့ပါတယ်။
နယူးကာဆယ်တန်းဆင်းသွားရပြီးနောက်ဂျန်မက်ဟာဝက်ဖို့ဒ်သို့ပြောင်းရွှေ့ခဲ့ပါတယ်။သူဟာဝက်ဖို့ဒ်နှင့်ကစားစဉ်မှာလည်းတန်းဆင်းမှုကြုံရကာ ဒတ်ချ်ကလပ်ADO Den Haagသို့ပြောင်းခဲ့ပါတယ်။
သူဟာADO Den Haagတွင်နေရာရရှိရန်ရုန်းကန်ရမှုနဲ့အတူကစားသမားဘဝမှအနားယူရန်ဆုံးဖြတ်လိုက်ပြီဖြစ်ပါတယ်။
သူဟာADO Den Haagတွင်ပင်နည်းစနစ်ဒါရိုက်တာသစ်အဖြစ်တာဝန်ထမ်းဆောင်သွားမှာဖြစ်ပြီးအသင်းကိုနောက်ကွယ်မှအကူအညီပေးသွားပါမယ်။
ZawGyi