အသက် ၃၉ နှစ်အရွယ်သို့ ရောက်နေမယ့် ယူရို ၂၀၂၄ ပြိုင်ပွဲအထိ ကစားသွားမယ့် ခရစ္စတီယာနိုရော်နယ်ဒို

ခရစ္စတီယာနိုရော်နယ်ဒိုဟာ အစောပိုင်းတုန်းကလာမယ့်ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာသူ့ရဲ့နောက်ဆုံးနိုင်ငံတကာပြိုင်ပွဲကြီးဖြစ်လာမယ်လို့ပြောကြားခဲ့ဖူးပေမဲ့လည်းပေါ်တူဂီအသင်းနှင့်အတူယူရို၂၀၂၄ပြိုင်ပွဲအထိကစားသွားရန်ဆန္ဒရှိနေကြောင်းပြောကြားလာပါတယ်။

အသက်၃၇နှစ်ရှိပေါ်တူဂီစူပါစတားဟာနွေရာသီတုန်းကယူနိုက်တက်မှထွက်ခွာရန်ကြိုးပမ်းပြီးတဲ့နောက်ယခုရာသီတွင်ပရီးမီးယားလိဂ်ပွဲများမှာအရန်ခုံမှာသာထိုင်နေခဲ့ရပါတယ်။

သူဟာလက်ရှိအချိန်တွင်နိုင်ငံတကာပွဲစဉ်များအတွက်ပေါ်တူဂီအသင်းနှင့်ပူးပေါင်းနေပါတယ်။သူဟာQuinas de Ouroဆုပေးပွဲအခမ်းအနားတွင်ပေါ်တူဂီဘောလုံးအဖွဲ့ချုပ်ကချီးမြှင့်တဲ့ နိုင်ငံတကာဂိုးအများဆုံးသွင်းယူထားသူဆုကိုလက်ခံရရှိခဲ့ပါတယ်။

ယင်းဆုပေးပွဲအခမ်းအနားတွင်ခရစ္စတီယာနိုရော်နယ်ဒိုက “နောက်ထပ်နှစ်များစွာအဖွဲ့ချုပ်ရဲ့အစိတ်အပိုင်းအဖြစ်ပါဝင်နိုင်ဖို့မျှော်လင့်နေပါတယ်။စိတ်အားထက်သန်မှုတွေရှိနေတုန်းပါ။ရည်မှန်းချက်လည်းကြီးနေတုန်းပါ။ကျွန်တော့်ရဲ့လက်ရွေးစင်အသင်းလမ်းမဆုံးသေးပါဘူး။ကျွန်တော်တို့မှာအရည်အသွေးကောင်းလူငယ်တွေအများကြီးပါ။ကမ္ဘာ့ဖလားမှာကျွန်တော်ရှိနေပါမယ်။ဥရောပချန်ပီယံရှစ်ပြိုင်ပွဲမှာလည်းဆက်ရှိနေချင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာပေါ်တူဂီကိုယူရို၂၀၁၆ချန်ပီယံဖြစ်အောင်အဓိကနေရာမှကူညီခဲ့ဖူးသူဖြစ်ပြီးလာမယ့်ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာသူ့ရဲ့ငါးကြိမ်မြောက်ကမ္ဘာ့ဖလားပြိုင်ပွဲဖြစ်လာပါမယ်။

ZawGyi

အသက္ ၃၉ ႏွစ္အ႐ြယ္သို႔ ေရာက္ေနမယ့္ ယူ႐ို ၂၀၂၄ ၿပိဳင္ပြဲအထိ ကစားသြားမယ့္ ခရစၥတီယာႏိုေရာ္နယ္ဒို

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာ အေစာပိုင္းတုန္းကလာမယ့္ကာတာကမာၻ႔ဖလားၿပိဳင္ပြဲမွာသူ႔ရဲ႕ေနာက္ဆုံးႏိုင္ငံတကာၿပိဳင္ပြဲႀကီးျဖစ္လာမယ္လို႔ေျပာၾကားခဲ့ဖူးေပမဲ့လည္းေပၚတူဂီအသင္းႏွင့္အတူယူ႐ို၂၀၂၄ၿပိဳင္ပြဲအထိကစားသြားရန္ဆႏၵရွိေနေၾကာင္းေျပာၾကားလာပါတယ္။

အသက္၃၇ႏွစ္ရွိေပၚတူဂီစူပါစတားဟာေႏြရာသီတုန္းကယူႏိုက္တက္မွထြက္ခြာရန္ႀကိဳးပမ္းၿပီးတဲ့ေနာက္ယခုရာသီတြင္ပရီးမီးယားလိဂ္ပြဲမ်ားမွာအရန္ခုံမွာသာထိုင္ေနခဲ့ရပါတယ္။

သူဟာလက္ရွိအခ်ိန္တြင္ႏိုင္ငံတကာပြဲစဥ္မ်ားအတြက္ေပၚတူဂီအသင္းႏွင့္ပူးေပါင္းေနပါတယ္။သူဟာQuinas de Ouroဆုေပးပြဲအခမ္းအနားတြင္ေပၚတူဂီေဘာလုံးအဖြဲ႕ခ်ဳပ္ကခ်ီးျမႇင့္တဲ့ ႏိုင္ငံတကာဂိုးအမ်ားဆုံးသြင္းယူထားသူဆုကိုလက္ခံရရွိခဲ့ပါတယ္။

ယင္းဆုေပးပြဲအခမ္းအနားတြင္ခရစၥတီယာႏိုေရာ္နယ္ဒိုက “ေနာက္ထပ္ႏွစ္မ်ားစြာအဖြဲ႕ခ်ဳပ္ရဲ႕အစိတ္အပိုင္းအျဖစ္ပါဝင္ႏိုင္ဖို႔ေမွ်ာ္လင့္ေနပါတယ္။စိတ္အားထက္သန္မႈေတြရွိေနတုန္းပါ။ရည္မွန္းခ်က္လည္းႀကီးေနတုန္းပါ။ကြၽန္ေတာ့္ရဲ႕လက္ေ႐ြးစင္အသင္းလမ္းမဆုံးေသးပါဘူး။ကြၽန္ေတာ္တို႔မွာအရည္အေသြးေကာင္းလူငယ္ေတြအမ်ားႀကီးပါ။ကမာၻ႔ဖလားမွာကြၽန္ေတာ္ရွိေနပါမယ္။ဥေရာပခ်န္ပီယံရွစ္ၿပိဳင္ပြဲမွာလည္းဆက္ရွိေနခ်င္ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာေပၚတူဂီကိုယူ႐ို၂၀၁၆ခ်န္ပီယံျဖစ္ေအာင္အဓိကေနရာမွကူညီခဲ့ဖူးသူျဖစ္ၿပီးလာမယ့္ကာတာကမာၻ႔ဖလားၿပိဳင္ပြဲမွာသူ႔ရဲ႕ငါးႀကိမ္ေျမာက္ကမာၻ႔ဖလားၿပိဳင္ပြဲျဖစ္လာပါမယ္။