အသက် ၄၀ နှစ်အထိ ဘောလုံးကစားကာ နည်းပြလောကသို့ ဝင်မှာမဟုတ်တဲ့ ခရစ္စတီယာနိုရော်နယ်ဒို

ခရစ္စတီယာနိုရော်နယ်ဒိုမှာအသက်၄၀နှစ်အထိဘောလုံးကစားသွားမှာဖြစ်ပြီးနည်းပြလောကသို့ဝင်ရောက်မှာမဟုတ်ကြောင်းမိခင်ဖြစ်သူကပြောကြားလာပါတယ်။

စပို့တင်းလစ္စဘွန်းအမာခံပရိသတ်တစ်ဦးဖြစ်တဲ့အသက်၆၆နှစ်ရှိဒိုလောအေဗီရိုဟာပေါ်တူဂီစူပါစတားရဲ့အနာဂတ်နှင့်ပတ်သက်ပြီးဖွင့်ဟလာခဲ့တာဖြစ်ပါတယ်။

မကြာသေးမီတုန်းကစပါးစ်နည်းပြဟောင်းတမ်ရှားဝုဒ်ကမန်ယူဟာလာမယ့်၁၈လအကြာတွင်ဆိုးလ်ရှားနေရာတွင်ခရစ္စတီယာနိုရော်နယ်ဒိုကိုအစားထိုးခန့်အပ်လာနိုင်ကြောင်းပြောကြားခဲ့ဖူးပါတယ်။

ဒါပေမယ့်မိခင်ဖြစ်သူက “ကစားသမားဘဝကနားရင်နည်းပြလုပ်မလားဆိုတာသူ့ကိုမေးကြည့်ပြီးပါပြီ။သူကဘဝကိုပျော်ပျော်ဘဲနေတော့မယ်။အသက်၄၀နှစ်အထိဘောလုံးကစားမယ်လို့ဆိုသွားပါတယ်”လို့ပြောကြားလာပါတယ်။

ဒါ့အပြင်ဒိုလောအေဗီရိုကခရစ္စတီယာနိုရော်နယ်ဒိုရဲ့ချစ်သူဂျော်ဂျီနှင့်၎င်းတို့အကြားတွင်အဖုအထစ်များရှိနေတယ်လို့မီဒီယာများရဲ့ဖော်ပြမှုကိုငြင်းဆိုသွားခဲ့ပါတယ်။

ZawGyi

အသက္ ၄၀ ႏွစ္အထိ ေဘာလုံးကစားကာ နည္းျပေလာကသို႔ ဝင္မွာမဟုတ္တဲ့ ခရစၥတီယာႏိုေရာ္နယ္ဒို

ခရစၥတီယာႏိုေရာ္နယ္ဒိုမွာအသက္၄၀ႏွစ္အထိေဘာလုံးကစားသြားမွာျဖစ္ၿပီးနည္းျပေလာကသို႔ဝင္ေရာက္မွာမဟုတ္ေၾကာင္းမိခင္ျဖစ္သူကေျပာၾကားလာပါတယ္။

စပို႔တင္းလစၥဘြန္းအမာခံပရိသတ္တစ္ဦးျဖစ္တဲ့အသက္၆၆ႏွစ္ရွိဒိုေလာေအဗီ႐ိုဟာေပၚတူဂီစူပါစတားရဲ႕အနာဂတ္ႏွင့္ပတ္သက္ၿပီးဖြင့္ဟလာခဲ့တာျဖစ္ပါတယ္။

မၾကာေသးမီတုန္းကစပါးစ္နည္းျပေဟာင္းတမ္ရွားဝုဒ္ကမန္ယူဟာလာမယ့္၁၈လအၾကာတြင္ဆိုးလ္ရွားေနရာတြင္ခရစၥတီယာႏိုေရာ္နယ္ဒိုကိုအစားထိုးခန႔္အပ္လာႏိုင္ေၾကာင္းေျပာၾကားခဲ့ဖူးပါတယ္။

ဒါေပမယ့္မိခင္ျဖစ္သူက “ကစားသမားဘဝကနားရင္နည္းျပလုပ္မလားဆိုတာသူ႔ကိုေမးၾကည့္ၿပီးပါၿပီ။သူကဘဝကိုေပ်ာ္ေပ်ာ္ဘဲေနေတာ့မယ္။အသက္၄၀ႏွစ္အထိေဘာလုံးကစားမယ္လို႔ဆိုသြားပါတယ္”လို႔ေျပာၾကားလာပါတယ္။

ဒါ့အျပင္ဒိုေလာေအဗီ႐ိုကခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕ခ်စ္သူေဂ်ာ္ဂ်ီႏွင့္၎တို႔အၾကားတြင္အဖုအထစ္မ်ားရွိေနတယ္လို႔မီဒီယာမ်ားရဲ႕ေဖာ္ျပမႈကိုျငင္းဆိုသြားခဲ့ပါတယ္။