အသက် ၄၄ နှစ်တွင် ၃၀ မြောက်ကလပ်နှင့်စာချုပ်ချုပ်ဆိုလိုက်တဲ့ ဂရင်းနစ်စံချိန်ရှင် ခရီးသွားဘောလုံးသမား အေဘရူ

ဆီဘာစတီယန်အေဘရူဟာအသက်၄၄နှစ်အရွယ်မှာသူ့ကစားသမားဘဝတစ်လျှောက်၃၀ခုမြောက်ကလပ်သို့ ပြောင်းရွှေ့ကာသမိုင်းတစ်လျှောက်အကြီးကျယ်ဆုံးခရီးသွားဘောလုံးသမားဘဝမှတ်တမ်းကိုဆက်လက်ရေးထိုး လျက်ရှိနေပါတယ်။

ဥရုဂွေးလက်ရွေးစင်ကစားသမားဟောင်းဟာဘရာဇီးကလပ်အက်သလက်တစ်ကလပ်နှင့်စာချုပ်ချုပ်ဆိုလိုက်တာ ဖြစ်ပြီး Campeonato Mineiro မှာကစားသွားတော့မှာဖြစ်ပါတယ်။

Defensor ကလပ်ရဲ့လူငယ်စီမံကိန်းမှထွက်ပေါ်လာခဲ့တဲ့တိုက်စစ်မှူးဟာ၁၉၉၅ခုနှစ်မှာကလပ်အတွက်ပထမဆုံးပွဲ ကို ကစားခဲ့ပြီးစပိန်၊အာဂျင်တီးနား၊မက္ကဆီကို၊ဂရိ၊အီကွေဒေါ၊အစ္စရေး၊ဘရာဇီး၊ပါရာဂွေး၊ချီလီနှင့်မွေးရပ်မြေပါရာ ဂွေးတို့တွင်ကစားသမားဘဝကျင်လည်လာခဲ့သူလည်းဖြစ်ပါတယ်။

သူဟာ၂၀၁၇ခုနှစ်တုန်းကချီလီပရီးမီးယားလိဂ်ကလပ် Audax Italiano နှင့်စာချုပ်ချုပ်ဆိုလိုက်ပြီးနောက် ပရော်ဖက်ရှင်နယ်ကလပ်အများဆုံးတွင်ကစားတဲ့ကစားသမားအဖြစ်ဂရင်းမှတ်တမ်းဝင်ခဲ့ပါတယ်။

သူဟာယခင်ဂရင်းနစ်စံချိန်ရှင်ဂျာမန်ဂိုးသမားလုဇ်ပီဖင်နက်စ်စတဲလ်ရဲ့စံချိန်ကိုကျော်ဖြတ်ခဲ့တာဖြစ်ပြီးယခုအခါ နောက်ထပ်ကလပ်လေးခုအထိပြောင်းကစားထားနိုင်ပြီဖြစ်ပါတယ်။

El Loco လို့ချစ်စနိုးအမည်ပေးခြင်းခံထားရတဲ့အေဘရူဟာဥရုဂွေးလက်ရွေးစင်အသင်းအတွက်ပွဲ၇၀ကစားခဲ့သူ ဖြစ်ပြီး၂၀၁၁ခုနှစ်ကိုပါအမေရိကဖလားဆွတ်ခူးခဲ့သူလည်းဖြစ်ပါတယ်။

သူဟာကစားသမားဘဝတစ်လျှောက်တွင်ပွဲပေါင်း၇၁၇ပွဲကစားခဲ့ရာမှာ၃၄၉ဂိုးသွင်းယူခဲ့ပါတယ်။သူဟာဆန်တာတက်စ်လာနှင့်ဘော်စတန်ရေးဗားတို့တွင်ကစားသမား/နည်းပြအဖြစ်တာဝန်ယူခဲ့သူဖြစ်ပါတယ်။

ZawGyi

အသက္ ၄၄ ႏွစ္တြင္ ၃၀ ေျမာက္ကလပ္ႏွင့္စာခ်ဳပ္ခ်ဳပ္ဆိုလိုက္တဲ့ ဂရင္းနစ္စံခ်ိန္ရွင္ ခရီးသြားေဘာလုံးသမား ေအဘ႐ူ

ဆီဘာစတီယန္ေအဘ႐ူဟာအသက္၄၄ႏွစ္အ႐ြယ္မွာသူ႔ကစားသမားဘဝတစ္ေလွ်ာက္၃၀ခုေျမာက္ကလပ္သို႔ ေျပာင္းေ႐ႊ႕ကာသမိုင္းတစ္ေလွ်ာက္အႀကီးက်ယ္ဆုံးခရီးသြားေဘာလုံးသမားဘဝမွတ္တမ္းကိုဆက္လက္ေရးထိုး လ်က္ရွိေနပါတယ္။

ဥ႐ုေဂြးလက္ေ႐ြးစင္ကစားသမားေဟာင္းဟာဘရာဇီးကလပ္အက္သလက္တစ္ကလပ္ႏွင့္စာခ်ဳပ္ခ်ဳပ္ဆိုလိုက္တာ ျဖစ္ၿပီး Campeonato Mineiro မွာကစားသြားေတာ့မွာျဖစ္ပါတယ္။

Defensor ကလပ္ရဲ႕လူငယ္စီမံကိန္းမွထြက္ေပၚလာခဲ့တဲ့တိုက္စစ္မႉးဟာ၁၉၉၅ခုႏွစ္မွာကလပ္အတြက္ပထမဆုံးပြဲ ကို ကစားခဲ့ၿပီးစပိန္၊အာဂ်င္တီးနား၊မကၠဆီကို၊ဂရိ၊အီေကြေဒါ၊အစၥေရး၊ဘရာဇီး၊ပါရာေဂြး၊ခ်ီလီႏွင့္ေမြးရပ္ေျမပါရာ ေဂြးတို႔တြင္ကစားသမားဘဝက်င္လည္လာခဲ့သူလည္းျဖစ္ပါတယ္။

သူဟာ၂၀၁၇ခုႏွစ္တုန္းကခ်ီလီပရီးမီးယားလိဂ္ကလပ္ Audax Italiano ႏွင့္စာခ်ဳပ္ခ်ဳပ္ဆိုလိုက္ၿပီးေနာက္ ပေရာ္ဖက္ရွင္နယ္ကလပ္အမ်ားဆုံးတြင္ကစားတဲ့ကစားသမားအျဖစ္ဂရင္းမွတ္တမ္းဝင္ခဲ့ပါတယ္။

သူဟာယခင္ဂရင္းနစ္စံခ်ိန္ရွင္ဂ်ာမန္ဂိုးသမားလုဇ္ပီဖင္နက္စ္စတဲလ္ရဲ႕စံခ်ိန္ကိုေက်ာ္ျဖတ္ခဲ့တာျဖစ္ၿပီးယခုအခါ ေနာက္ထပ္ကလပ္ေလးခုအထိေျပာင္းကစားထားႏိုင္ၿပီျဖစ္ပါတယ္။

El Loco လို႔ခ်စ္စႏိုးအမည္ေပးျခင္းခံထားရတဲ့ေအဘ႐ူဟာဥ႐ုေဂြးလက္ေ႐ြးစင္အသင္းအတြက္ပြဲ၇၀ကစားခဲ့သူ ျဖစ္ၿပီး၂၀၁၁ခုႏွစ္ကိုပါအေမရိကဖလားဆြတ္ခူးခဲ့သူလည္းျဖစ္ပါတယ္။

သူဟာကစားသမားဘဝတစ္ေလွ်ာက္တြင္ပြဲေပါင္း၇၁၇ပြဲကစားခဲ့ရာမွာ၃၄၉ဂိုးသြင္းယူခဲ့ပါတယ္။သူဟာဆန္တာတက္စ္လာႏွင့္ေဘာ္စတန္ေရးဗားတို႔တြင္ကစားသမား/နည္းျပအျဖစ္တာဝန္ယူခဲ့သူျဖစ္ပါတယ္။