
ရွိုင်ကိန်းဟာသူ့ရဲ့အသက်၅၀နှစ်ပြည့်နှစ်မွေးနေ့မှာမန်ယူကစားဖော်ဟောင်းဂယ်ရီနဗီးလ်ရဲ့Podcast အစီအစဉ်မှာပါဝင်ပြီးမေးခွန်းအခု ၅၀ကို ဖြေကြားမှုပြုလုပ်ခဲ့ပါတယ်။
မန်ယူဂန္ထဝင်အသင်းခေါင်းဆောင်ဟာသူ့ခွေးနဲ့အတူလမ်းလျှောက်နေရင်း ဂယ်ရီနဗီးလ်ရဲ့The Overlap အစီအစဉ်မှာပါဝင်ခဲ့တာဖြစ်ပါတယ်။
၇မိနစ်ကြာတဲ့ယင်းအမေးအဖြေအစီအစဉ်မှာရွိုင်ကိန်းဟာအကြိုက်ဆုံးရုပ်သံအစီအစဉ်၊အကြိုက်ဆုံးရုပ်ရှင်၊ရော်နယ်ဒိုနဲ့မက်ဆီတို့မှာဘယ်သူကပိုကောင်းသလဲ၊ပက်ထရစ်ပီအဲရာသူပိုကောင်းကြောင်း၊သူ့ရဲ့အခက်ခဲဆုံပြိုင်ဘက်၊သူ့ရဲ့စံပြကစားသမားတို့ကိုဖြေကြားမှုပြုလုပ်သွားခဲ့ပါတယ်။
ယခုအခါ ရွိုင်ကိန်းနဲ့ဂယ်ရီနဗီးလ်ရဲ့အမေးအဖြေစီစဉ်ရဲ့တစ်ဝက်ကိုတင်လာပါတယ်။ယခုတင်လာတဲ့ပထမပိုင်းမှာရွိုင်ကိန်းဟာမေးခွန်း၁၅ခုကိုဖြေကြားထားပါတယ်။
အဆိုပါအစီအစဉ်ကိုပရိသတ်ထောင်ပေါင်းများစွာကြည့်ရှုနေကြပါတယ်။
ဂယ်ရီနဗီးလ် – ခင်ဗျားတွဲကစားခဲ့တဲ့ဂိုးသမားတွေထဲမှာ ဘယ်ဂိုးသမားကအကောင်းဆုံးလဲ?
ရွိုင်ကိန်း – ပီတာရှမိုက်ကယ်။ဒါပေမယ့်သူ့ကို Overraated လို့ထင်တယ်။သူ့ကိုလူတွေထင်သလိုမျိုးအရမ်းကောင်းတယ်လို့မထင်ဘူး။ဒါပေမယ့်သူကဂိုးသမားကောင်းတစ်ဦးပါ။
ဂယ်ရီနဗီးလ် – အခက်ခဲဆုံးပြိုင်ဘက်ကကော?
ရွိုင်ကိန်း – ကျုပ်ငယ်စဉ်တုန်းကဂါဇာ(ပေါလ်ဂတ်စကွိုင်နီ)နဲ့ရင်ဆိုင်ခဲ့ဖူးတယ်။သူအရမ်းကောင်းတယ်။ဒါပေမယ့်အားလုံးခြုံရရင်တော့ဇီဒန်းပါ။
ဂယ်ရီနဗီးလ် – အကောင်းဆုံးခြေစွမ်းပြခဲ့တဲ့ပွဲကကော?
ရွိုင်ကိန်း – အိုင်ယာလန်နဲ့အတူကစားတုန်းကပေါ့။ဟော်လန်၊ပေါ်တူဂီတို့နဲ့ရင်ဆိုင်ခဲ့တဲ့ပွဲနှစ်ပွဲကတကယ့်ပွဲကောင်းတွေပါ။ကမ္ဘာ့ဖလားမှာအီတလီနဲ့ရင်ဆိုင်တဲ့ပွဲဖြစ်နိုင်ပါတယ်။
ဂယ်ရီနဗီးလ် – အဆိုးရွားဆုံးပွဲကကော?
ရွိုင်ကိန်း – အိမ်ကွင်းမှာရီးရဲလ်မက်ဒရစ်ကိုရင်ဆိုင်ခဲ့ရတယ်။အဲဒီပွဲမတိုင်ခင်ရက်အနည်းငယ်မှာဘဲယောဂလေ့ကျင့်ခန်းလုပ်ဖို့ကြိုးစားခဲ့တာပါ။တကယ်ဆိုမလုပ်ခဲ့သင့်ဘူး။အဲဒီပွဲမှာဘာမှထိထိရောက်ရောက်မလုပ်ခဲ့ဘူး။နောက်တော့လူစားလဲခံရတယ်။ငါ့ရဲ့ထိပ်တန်းအဆင့်မှာဘောလုံးကစားမှုပြီးသွားပြီလို့တောင်တွေးခဲ့မိတာသတိရမိသေးတယ်။
ဂယ်ရီနဗီးလ် – ပရိသတ်အားပေးမှုအကောင်းဆုံးပွဲကကော?
ရွိုင်ကိန်း – အာဆင်နယ်နဲ့ရင်ဆိုင်ရတဲ့ပွဲတွေကတော့ပရိသတ်အားပေးမှုအကောင်းဆုံးပွဲတွေပေါ့ဗျာ။
ဂယ်ရီနဗီးလ် – အကောင်းဆုံးအိမ်ရှင်ပရိသတ်ကကော?
ရွိုင်ကိန်း – လိဒ်ကိုအဝေးကွင်းသို့သွားကစားရတာအကောင်းဆုံးပဲ။တူရကီသို့သွားကစားရတာလည်းကောင်းပါတယ်။
ဂယ်ရီနဗီးလ် – အခုအချိန်အထိတွေးနေတဲ့အကြောင်းက?
ရွိုင်ကိန်း – ဒူးအရွတ်ဒဏ်ရာနဲ့ပေါ့။နည်းနည်းတော့ကြောင်တော်တော်နိုင်တယ်။ဒါပေမယ့်ကျွန်တော်တို့ထိုက်တန်တယ်လို့မထင်ဘူး။
ဂယ်ရီနဗီးလ် – အကြိုက်ဆုံးပွဲက?
ရွိုင်ကိန်း – စပါးစ်ကိုနိုင်ပြီးလိဂ်ရတဲ့ပွဲပေါ့ဗျာ။အဲဒီပွဲမှာအရမ်းပျော်ခဲ့ရတယ်?
ဂယ်ရီနဗီးလ် – ၉၄ အသင်းလား၊ ၉၉ အသင်းလား?
ရွိုင်ကိန်း – ၉၄ အသင်းကိုချစ်တယ်။ကွဲပြားတဲ့စရိုက်တွေတွေရှိတယ်။ယူနိုက်တက်သို့ရောက်လာခါစပေါ့။အဝတ်အစားခန်းကိုချစ်တယ်။
ဂယ်ရီနဗီးလ် – အကြီးမားဆုံးနောင်တက?
ရွိုင်ကိန်း – အစ်ဝှစ်ချ်သို့သွားခဲ့တာ။
ဂယ်ရီနဗီးလ် – သမိုင်းမှာအကြီးကျယ်ဆုံးကစားသမားက?
ရွိုင်ကိန်း – ဒီယေဂိုမာရာဒိုနာ။သူကအရမ်းကောင်းတယ်။
ဂယ်ရီနဗီးလ် – တွဲကစားခဲ့ဖူးတဲ့သူတွေထဲမှာဘယ်သူအကောင်းဆုံးလဲ?
ရွိုင်ကိန်း – အလယ်တန်းမှာအတူတူတွဲကစားရလို့ရွေးလိုက်တာပါ။ဘတ်တီ(နစ်ကီဘတ်) သို့မဟုတ် စကိုးစီ(ပေါလ်စခိုး)။ပေါလ်စခိုးကိုဘဲရွေးမယ်။သူကဂိုးသွင်းနိုင်တယ်။
ဂယ်ရီနဗီးလ် – ခင်ဗျားနဲ့ ပက်ထရစ်ဗီအဲရာမှာ ဘယ်သူကပိုကောင်းလဲ?
ရွိုင်ကိန်း -ပက်ထရစ်ထက်ကျုပ်ပိုကောင်းတယ်လို့ထင်တယ်။အင်း။ကျူပ်ပဲ။
ဂယ်ရီနဗီးလ် – ဖီးလ်လား၊ဂယ်ရီ(နဗီးလ်)လား?
ရွိုင်ကိန်း – မင်းတို့ညီအစ်ကိုနှစ်ယောက်လုံးကကောင်းကြပါတယ်။ဒါပေမယ့်ဖီးလ်ကျတော့မတူဘူး။သူကအသင်းလိုက်စိတ်ဓာတ်ရှိတဲ့သူ။သူကကွဲပြားတဲ့အလုပ်ကိုလုပ်တဲ့သူ။မင်းကအဲဒီလိုမျိုးမလုပ်နိုင်ဘူး။
ဂယ်ရီနဗီးလ် – ရော်နယ်ဒိုလား၊ မက်ဆီလား?
ရွိုင်ကိန်း – နေ့တိုင်းရော်နယ်ဒိုပါ။
ZawGyi
အသက္ ၅၀ ႏွစ္ျပည့္ ေမြးေန႔မွာ ဂယ္ရီနဗီးလ္ရဲ႕ ေမးခြန္း ၅၀ ကို ေျဖၾကားခဲ့တဲ့ ႐ြိဳင္ကိန္း
႐ြိဳင္ကိန္းဟာသူ႔ရဲ႕အသက္၅၀ႏွစ္ျပည့္ႏွစ္ေမြးေန႔မွာမန္ယူကစားေဖာ္ေဟာင္းဂယ္ရီနဗီးလ္ရဲ႕Podcast အစီအစဥ္မွာပါဝင္ၿပီးေမးခြန္းအခု ၅၀ကို ေျဖၾကားမႈျပဳလုပ္ခဲ့ပါတယ္။
မန္ယူဂႏၴဝင္အသင္းေခါင္းေဆာင္ဟာသူ႔ေခြးနဲ႔အတူလမ္းေလွ်ာက္ေနရင္း ဂယ္ရီနဗီးလ္ရဲ႕The Overlap အစီအစဥ္မွာပါဝင္ခဲ့တာျဖစ္ပါတယ္။
၇မိနစ္ၾကာတဲ့ယင္းအေမးအေျဖအစီအစဥ္မွာ႐ြိဳင္ကိန္းဟာအႀကိဳက္ဆုံး႐ုပ္သံအစီအစဥ္၊အႀကိဳက္ဆုံး႐ုပ္ရွင္၊ေရာ္နယ္ဒိုနဲ႔မက္ဆီတို႔မွာဘယ္သူကပိုေကာင္းသလဲ၊ပက္ထရစ္ပီအဲရာသူပိုေကာင္းေၾကာင္း၊သူ႔ရဲ႕အခက္ခဲဆုံၿပိဳင္ဘက္၊သူ႔ရဲ႕စံျပကစားသမားတို႔ကိုေျဖၾကားမႈျပဳလုပ္သြားခဲ့ပါတယ္။
ယခုအခါ ႐ြိဳင္ကိန္းနဲ႔ဂယ္ရီနဗီးလ္ရဲ႕အေမးအေျဖစီစဥ္ရဲ႕တစ္ဝက္ကိုတင္လာပါတယ္။ယခုတင္လာတဲ့ပထမပိုင္းမွာ႐ြိဳင္ကိန္းဟာေမးခြန္း၁၅ခုကိုေျဖၾကားထားပါတယ္။
အဆိုပါအစီအစဥ္ကိုပရိသတ္ေထာင္ေပါင္းမ်ားစြာၾကည့္ရႈေနၾကပါတယ္။
ဂယ္ရီနဗီးလ္ – ခင္ဗ်ားတြဲကစားခဲ့တဲ့ဂိုးသမားေတြထဲမွာ ဘယ္ဂိုးသမားကအေကာင္းဆုံးလဲ?
႐ြိဳင္ကိန္း – ပီတာရွမိုက္ကယ္။ဒါေပမယ့္သူ႔ကို Overraated လို႔ထင္တယ္။သူ႔ကိုလူေတြထင္သလိုမ်ိဳးအရမ္းေကာင္းတယ္လို႔မထင္ဘူး။ဒါေပမယ့္သူကဂိုးသမားေကာင္းတစ္ဦးပါ။
ဂယ္ရီနဗီးလ္ – အခက္ခဲဆုံးၿပိဳင္ဘက္ကေကာ?
႐ြိဳင္ကိန္း – က်ဳပ္ငယ္စဥ္တုန္းကဂါဇာ(ေပါလ္ဂတ္စကြိဳင္နီ)နဲ႔ရင္ဆိုင္ခဲ့ဖူးတယ္။သူအရမ္းေကာင္းတယ္။ဒါေပမယ့္အားလုံးၿခဳံရရင္ေတာ့ဇီဒန္းပါ။
ဂယ္ရီနဗီးလ္ – အေကာင္းဆုံးေျခစြမ္းျပခဲ့တဲ့ပြဲကေကာ?
႐ြိဳင္ကိန္း – အိုင္ယာလန္နဲ႔အတူကစားတုန္းကေပါ့။ေဟာ္လန္၊ေပၚတူဂီတို႔နဲ႔ရင္ဆိုင္ခဲ့တဲ့ပြဲႏွစ္ပြဲကတကယ့္ပြဲေကာင္းေတြပါ။ကမာၻ႔ဖလားမွာအီတလီနဲ႔ရင္ဆိုင္တဲ့ပြဲျဖစ္ႏိုင္ပါတယ္။
ဂယ္ရီနဗီးလ္ – အဆိုး႐ြားဆုံးပြဲကေကာ?
႐ြိဳင္ကိန္း – အိမ္ကြင္းမွာရီးရဲလ္မက္ဒရစ္ကိုရင္ဆိုင္ခဲ့ရတယ္။အဲဒီပြဲမတိုင္ခင္ရက္အနည္းငယ္မွာဘဲေယာဂေလ့က်င့္ခန္းလုပ္ဖို႔ႀကိဳးစားခဲ့တာပါ။တကယ္ဆိုမလုပ္ခဲ့သင့္ဘူး။အဲဒီပြဲမွာဘာမွထိထိေရာက္ေရာက္မလုပ္ခဲ့ဘူး။ေနာက္ေတာ့လူစားလဲခံရတယ္။ငါ့ရဲ႕ထိပ္တန္းအဆင့္မွာေဘာလုံးကစားမႈၿပီးသြားၿပီလို႔ေတာင္ေတြးခဲ့မိတာသတိရမိေသးတယ္။
ဂယ္ရီနဗီးလ္ – ပရိသတ္အားေပးမႈအေကာင္းဆုံးပြဲကေကာ?
႐ြိဳင္ကိန္း – အာဆင္နယ္နဲ႔ရင္ဆိုင္ရတဲ့ပြဲေတြကေတာ့ပရိသတ္အားေပးမႈအေကာင္းဆုံးပြဲေတြေပါ့ဗ်ာ။
ဂယ္ရီနဗီးလ္ – အေကာင္းဆုံးအိမ္ရွင္ပရိသတ္ကေကာ?
႐ြိဳင္ကိန္း – လိဒ္ကိုအေဝးကြင္းသို႔သြားကစားရတာအေကာင္းဆုံးပဲ။တူရကီသို႔သြားကစားရတာလည္းေကာင္းပါတယ္။
ဂယ္ရီနဗီးလ္ – အခုအခ်ိန္အထိေတြးေနတဲ့အေၾကာင္းက?
႐ြိဳင္ကိန္း – ဒူးအ႐ြတ္ဒဏ္ရာနဲ႔ေပါ့။နည္းနည္းေတာ့ေၾကာင္ေတာ္ေတာ္ႏိုင္တယ္။ဒါေပမယ့္ကြၽန္ေတာ္တို႔ထိုက္တန္တယ္လို႔မထင္ဘူး။
ဂယ္ရီနဗီးလ္ – အႀကိဳက္ဆုံးပြဲက?
႐ြိဳင္ကိန္း – စပါးစ္ကိုႏိုင္ၿပီးလိဂ္ရတဲ့ပြဲေပါ့ဗ်ာ။အဲဒီပြဲမွာအရမ္းေပ်ာ္ခဲ့ရတယ္?
ဂယ္ရီနဗီးလ္ – ၉၄ အသင္းလား၊ ၉၉ အသင္းလား?
႐ြိဳင္ကိန္း – ၉၄ အသင္းကိုခ်စ္တယ္။ကြဲျပားတဲ့စ႐ိုက္ေတြေတြရွိတယ္။ယူႏိုက္တက္သို႔ေရာက္လာခါစေပါ့။အဝတ္အစားခန္းကိုခ်စ္တယ္။
ဂယ္ရီနဗီးလ္ – အႀကီးမားဆုံးေနာင္တက?
႐ြိဳင္ကိန္း – အစ္ဝွစ္ခ်္သို႔သြားခဲ့တာ။
ဂယ္ရီနဗီးလ္ – သမိုင္းမွာအႀကီးက်ယ္ဆုံးကစားသမားက?
႐ြိဳင္ကိန္း – ဒီေယဂိုမာရာဒိုနာ။သူကအရမ္းေကာင္းတယ္။
ဂယ္ရီနဗီးလ္ – တြဲကစားခဲ့ဖူးတဲ့သူေတြထဲမွာဘယ္သူအေကာင္းဆုံးလဲ?
႐ြိဳင္ကိန္း – အလယ္တန္းမွာအတူတူတြဲကစားရလို႔ေ႐ြးလိုက္တာပါ။ဘတ္တီ(နစ္ကီဘတ္) သို႔မဟုတ္ စကိုးစီ(ေပါလ္စခိုး)။ေပါလ္စခိုးကိုဘဲေ႐ြးမယ္။သူကဂိုးသြင္းႏိုင္တယ္။
ဂယ္ရီနဗီးလ္ – ခင္ဗ်ားနဲ႔ ပက္ထရစ္ဗီအဲရာမွာ ဘယ္သူကပိုေကာင္းလဲ?
႐ြိဳင္ကိန္း -ပက္ထရစ္ထက္က်ဳပ္ပိုေကာင္းတယ္လို႔ထင္တယ္။အင္း။က်ဴပ္ပဲ။
ဂယ္ရီနဗီးလ္ – ဖီးလ္လား၊ဂယ္ရီ(နဗီးလ္)လား?
႐ြိဳင္ကိန္း – မင္းတို႔ညီအစ္ကိုႏွစ္ေယာက္လုံးကေကာင္းၾကပါတယ္။ဒါေပမယ့္ဖီးလ္က်ေတာ့မတူဘူး။သူကအသင္းလိုက္စိတ္ဓာတ္ရွိတဲ့သူ။သူကကြဲျပားတဲ့အလုပ္ကိုလုပ္တဲ့သူ။မင္းကအဲဒီလိုမ်ိဳးမလုပ္ႏိုင္ဘူး။
ဂယ္ရီနဗီးလ္ – ေရာ္နယ္ဒိုလား၊ မက္ဆီလား?
႐ြိဳင္ကိန္း – ေန႔တိုင္းေရာ္နယ္ဒိုပါ။