အသင့်စား အစားအသောက်များ ရောင်းချရန် သရဲနီစူပါစတားခရစ္စတီယာနိုရော်နယ်ဒို စီစဉ်နေ

ဘောလုံးစူပါစတားခရစ္စတီယာနိုရော်နယ်ဒိုဟာအသင့်စားအစားအသောက်များ ထုတ်လုပ်ရောင်းချရန်စီစဉ်နေပါတယ်။

ပေါ်တူဂီစူပါစတားဟာအသင်းဟောင်းမန်ချက်စတာယူနိုက်တက်သို့တကျော့ပြန်ရောက်လာသူဖြစ်ပြီး ခရစ္စတီယာနိုရော်နယ်ဒိုအမည်နှင့် CR7 လိုဂိုတို့အား မူပိုင်ခွင့်မှတ်ပုံတင်ထားပြီးလည်းဖြစ်ပါတယ်။

သူဟာ CR7 လိုဂိုဖြင့်အသင့်စားအစားအသောက်များထုတ်လုပ်ရောင်းချရန်စီစဉ်နေတာလည်းဖြစ်ပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာသူ့အမည်နှင့် CR7 လိုဂိုမူပိုင်ခွင့်ကာကွယ်ပေးမှုအားဆယ်နှစ်အထိရရှိလာတာလည်းဖြစ်ပါတယ်။

ပေါင်သန်း၃၅၀ကျော်ကြွယ်ဝချမ်းသာတဲ့ခရစ္စတီယာနိုရော်နယ်ဒိုဟာကိုယ်ပိုင်အမှတ်တံဆိပ်ဖြင့်အဝတ်အစားများထုတ်လုပ်ရောင်းချနေသလိုဥရောပတလွှားဟိုတယ်များဖွင့်လှစ်ထားသူလည်းဖြစ်ပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုနှင့်မိသားစုဟာမန်ယူချက်စတာသို့ပြန်လည်ရောက်လာခဲ့တာမကြာသေးပေမယ့်လည်းအထိုင်ကျနေပြီလို့ယူဆရပါတယ်။သူ့ရဲ့သားသမီးများဟာလည်းကျောင်းစတင်တက်နေကြပြီလည်းဖြစ်ပါတယ်။

ZawGyi

အသင့္စား အစားအေသာက္မ်ား ေရာင္းခ်ရန္ သရဲနီစူပါစတားခရစၥတီယာႏိုေရာ္နယ္ဒို စီစဥ္ေန

ေဘာလုံးစူပါစတားခရစၥတီယာႏိုေရာ္နယ္ဒိုဟာအသင့္စားအစားအေသာက္မ်ား ထုတ္လုပ္ေရာင္းခ်ရန္စီစဥ္ေနပါတယ္။

ေပၚတူဂီစူပါစတားဟာအသင္းေဟာင္းမန္ခ်က္စတာယူႏိုက္တက္သို႔တေက်ာ့ျပန္ေရာက္လာသူျဖစ္ၿပီး ခရစၥတီယာႏိုေရာ္နယ္ဒိုအမည္ႏွင့္ CR7 လိုဂိုတို႔အား မူပိုင္ခြင့္မွတ္ပုံတင္ထားၿပီးလည္းျဖစ္ပါတယ္။

သူဟာ CR7 လိုဂိုျဖင့္အသင့္စားအစားအေသာက္မ်ားထုတ္လုပ္ေရာင္းခ်ရန္စီစဥ္ေနတာလည္းျဖစ္ပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာသူ႔အမည္ႏွင့္ CR7 လိုဂိုမူပိုင္ခြင့္ကာကြယ္ေပးမႈအားဆယ္ႏွစ္အထိရရွိလာတာလည္းျဖစ္ပါတယ္။

ေပါင္သန္း၃၅၀ေက်ာ္ႂကြယ္ဝခ်မ္းသာတဲ့ခရစၥတီယာႏိုေရာ္နယ္ဒိုဟာကိုယ္ပိုင္အမွတ္တံဆိပ္ျဖင့္အဝတ္အစားမ်ားထုတ္လုပ္ေရာင္းခ်ေနသလိုဥေရာပတလႊားဟိုတယ္မ်ားဖြင့္လွစ္ထားသူလည္းျဖစ္ပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုႏွင့္မိသားစုဟာမန္ယူခ်က္စတာသို႔ျပန္လည္ေရာက္လာခဲ့တာမၾကာေသးေပမယ့္လည္းအထိုင္က်ေနၿပီလို႔ယူဆရပါတယ္။သူ႔ရဲ႕သားသမီးမ်ားဟာလည္းေက်ာင္းစတင္တက္ေနၾကၿပီလည္းျဖစ္ပါတယ္။