အသင်းကို ဆွဲချဖို့ မကြိုးစားကြရန် အရန်ခုံတွင် ထိုင်နေရသူများကို ဆိုးလ်ရှားသတိပေးလာ

အိုလီဂန်းနားဆိုးလ်ရှားကအရန်ခုံတွင်နေရမှုကြောင့်စိတ်ကောက်နေတဲ့ကစားသမားများအတွက်အချိန်မရှိကြောင်းပြောကြားကာမန်ယူရဲ့ရာသီအလှည့်အပြောင်းဖြစ်ရေးအပေါ်တွင်သာအပြည့်အဝအာရုံစိုက်နေကြောင်းပြောကြားလိုက်ပါတယ်။

ဆိုးလ်ရှားဟာလီဗာပူးကို၅-၀ဂိုးဖြင့်ရှုံးနိမ့်ပြီးနောက်အနာဂတ်အတွက်အပြင်းအထန်တိုက်ပွဲဝင်ခဲ့ရသူဖြစ်ပါတယ်။ဒါပေမယ့်သူဟာစပါးစ်နှင့်ပွဲတွင်၃-၅-၂ကစားကွက်ကိုပြောင်းအလဲအသုံးပြုပြီး၃-၀ဂိုးဖြင့်အနိုင်ယူနိုင်ခဲ့ပါတယ်။

ဆိုးလ်ရှားကလူငယ်များကိုမသုံးဘဲအတွေ့အကြုံရင့်ကစားသမားများကိုသာအသုံးပြုမှုနဲ့အတူ မန်ယူတို့နိုင်ပွဲပြန်ရခဲ့တာဖြစ်ပြီးမန်ယူရှုံးပွဲကြောင့်စပါးစ်အသင်းနည်းပြနူနိုအက်စ်ပီရီတိုဆန်တိုမှာထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။

ဆိုးလ်ရှားက “ဒီလိုနေရာမျိုးမှာကစားသမားတွေကအများကြီးပါ။လူတိုင်းကိုစိတ်ကောက်နေဖို့အချိန်မရှိပါဘူး။အသင်းအတွက်ဘာမှစွမ်းအင်မပေးတာတွေအတွက်အချိန်မရှိပါဘူး။ပွဲထွက်စာရင်းမှာမပါရင်ကစားဖော်တွေကိုအားပေးရမယ်။ဝင်ကစားရတဲ့အချိန်မှာအကောင်းဆုံးကစားရမယ်။ဝင်မကစားရဘူးဆိုရင်အသင်းအတွက်အကူအညီဖြစ်စေဖို့ဘာလုပ်နေရမလဲ။အပြုအမူကပြသလာပါမယ်။ကစားသမားတွေကစားချင်ကြတာနားလည်ပါတယ်။မကစားရလို့ပျော်တဲ့သူမရှိပါဘူး။ဒါပေမယ့်အသင်းစိတ်ဓာတ်ကအရမ်းအရေးကြီးပါတယ်။တစ်ကိုယ်တော်အရေးထက်အသင်းလိုက်ကအရေးအကြီးဆုံးပါ”လို့ပြောကြားခဲ့ပါတယ်။

စပါးစ်အားအနိုင်ရရှိတဲ့ပွဲတွင်အသက်၂၀နှစ်ရှိမေဆင်ဂရင်းဝုဒ်၊အသက်၂၄နှစ်ရှိရပ်ရှ်ဖို့ဒ်နှင့်အသက်၂၁နှစ်ရှိဂျာဒွန်ဆန်ချိုတို့အရန်ခုံတွင်ထိုင်နေခဲ့ရပါတယ်။တစ်ဖက်တွင်မာရှယ်၊ဗန်ဒီဘိခ်၊ဘိုင်လီတို့မှာလည်းအရန်အဖြစ်ပင်ဝင်ရောက်ကစားခွင့်ဆုံးရှုံးနေကြပါတယ်။

မားကပ်စ်ရပ်ရှ်ဖို့ဒ်ဟာစပါးစ်နှင့်ပွဲတွင်အရန်အဖြစ်ဝင်ရောက်ကစားပြီးနောက်ဂိုးသွင်းယူပြီးချိန်တွင်မျက်နှာမသာမယာဖြင့်အောင်ပွဲခံသွားခဲ့ပါတယ်။ဒါကြောင့်လည်းမန်ယူကစားသမားဟောင်းဟားဂရေ့ဗ်ကရပ်ရှ်ဖို့ဒ်မှာအရန်စာရင်းတွင်ထည့်သွင်းခြင်းခံရမှုကြောင့်ဆိုးလ်ရှားအပေါ်တွင်ဒေါသထွက်နေကြောင်းခန့်မှန်းပြောကြားသွားခဲ့ပါတယ်။

ZawGyi

အသင္းကို ဆြဲခ်ဖို႔ မႀကိဳးစားၾကရန္ အရန္ခုံတြင္ ထိုင္ေနရသူမ်ားကို ဆိုးလ္ရွားသတိေပးလာ

အိုလီဂန္းနားဆိုးလ္ရွားကအရန္ခုံတြင္ေနရမႈေၾကာင့္စိတ္ေကာက္ေနတဲ့ကစားသမားမ်ားအတြက္အခ်ိန္မရွိေၾကာင္းေျပာၾကားကာမန္ယူရဲ႕ရာသီအလွည့္အေျပာင္းျဖစ္ေရးအေပၚတြင္သာအျပည့္အဝအာ႐ုံစိုက္ေနေၾကာင္းေျပာၾကားလိုက္ပါတယ္။

ဆိုးလ္ရွားဟာလီဗာပူးကို၅-၀ဂိုးျဖင့္ရႈံးနိမ့္ၿပီးေနာက္အနာဂတ္အတြက္အျပင္းအထန္တိုက္ပြဲဝင္ခဲ့ရသူျဖစ္ပါတယ္။ဒါေပမယ့္သူဟာစပါးစ္ႏွင့္ပြဲတြင္၃-၅-၂ကစားကြက္ကိုေျပာင္းအလဲအသုံးျပဳၿပီး၃-၀ဂိုးျဖင့္အႏိုင္ယူႏိုင္ခဲ့ပါတယ္။

ဆိုးလ္ရွားကလူငယ္မ်ားကိုမသုံးဘဲအေတြ႕အႀကဳံရင့္ကစားသမားမ်ားကိုသာအသုံးျပဳမႈနဲ႔အတူ မန္ယူတို႔ႏိုင္ပြဲျပန္ရခဲ့တာျဖစ္ၿပီးမန္ယူရႈံးပြဲေၾကာင့္စပါးစ္အသင္းနည္းျပႏူႏိုအက္စ္ပီရီတိုဆန္တိုမွာထုတ္ပယ္ျခင္းခံခဲ့ရပါတယ္။

ဆိုးလ္ရွားက “ဒီလိုေနရာမ်ိဳးမွာကစားသမားေတြကအမ်ားႀကီးပါ။လူတိုင္းကိုစိတ္ေကာက္ေနဖို႔အခ်ိန္မရွိပါဘူး။အသင္းအတြက္ဘာမွစြမ္းအင္မေပးတာေတြအတြက္အခ်ိန္မရွိပါဘူး။ပြဲထြက္စာရင္းမွာမပါရင္ကစားေဖာ္ေတြကိုအားေပးရမယ္။ဝင္ကစားရတဲ့အခ်ိန္မွာအေကာင္းဆုံးကစားရမယ္။ဝင္မကစားရဘူးဆိုရင္အသင္းအတြက္အကူအညီျဖစ္ေစဖို႔ဘာလုပ္ေနရမလဲ။အျပဳအမူကျပသလာပါမယ္။ကစားသမားေတြကစားခ်င္ၾကတာနားလည္ပါတယ္။မကစားရလို႔ေပ်ာ္တဲ့သူမရွိပါဘူး။ဒါေပမယ့္အသင္းစိတ္ဓာတ္ကအရမ္းအေရးႀကီးပါတယ္။တစ္ကိုယ္ေတာ္အေရးထက္အသင္းလိုက္ကအေရးအႀကီးဆုံးပါ”လို႔ေျပာၾကားခဲ့ပါတယ္။

စပါးစ္အားအႏိုင္ရရွိတဲ့ပြဲတြင္အသက္၂၀ႏွစ္ရွိေမဆင္ဂရင္းဝုဒ္၊အသက္၂၄ႏွစ္ရွိရပ္ရွ္ဖို႔ဒ္ႏွင့္အသက္၂၁ႏွစ္ရွိဂ်ာဒြန္ဆန္ခ်ိဳတို႔အရန္ခုံတြင္ထိုင္ေနခဲ့ရပါတယ္။တစ္ဖက္တြင္မာရွယ္၊ဗန္ဒီဘိခ္၊ဘိုင္လီတို႔မွာလည္းအရန္အျဖစ္ပင္ဝင္ေရာက္ကစားခြင့္ဆုံးရႈံးေနၾကပါတယ္။

မားကပ္စ္ရပ္ရွ္ဖို႔ဒ္ဟာစပါးစ္ႏွင့္ပြဲတြင္အရန္အျဖစ္ဝင္ေရာက္ကစားၿပီးေနာက္ဂိုးသြင္းယူၿပီးခ်ိန္တြင္မ်က္ႏွာမသာမယာျဖင့္ေအာင္ပြဲခံသြားခဲ့ပါတယ္။ဒါေၾကာင့္လည္းမန္ယူကစားသမားေဟာင္းဟားဂေရ႕ဗ္ကရပ္ရွ္ဖို႔ဒ္မွာအရန္စာရင္းတြင္ထည့္သြင္းျခင္းခံရမႈေၾကာင့္ဆိုးလ္ရွားအေပၚတြင္ေဒါသထြက္ေနေၾကာင္းခန႔္မွန္းေျပာၾကားသြားခဲ့ပါတယ္။