အသင်းကို အပြင်းအထန်ဝေဖန်တဲ့ ကွန်တီကို ချက်ချင်းထုတ်ပယ်ရန် စပါးစ်ကို ကာရေဂါတိုက်တွန်း

ဂျေမီကာရေဂါကအသင်းကိုအပြင်းအထန်ဝေဖန်မှုပြုလုပ်လာတဲ့အန်တိုနီယိုကွန်တီအားချက်ချင်းထုတ်ပယ်ရန်စပါးစ်ကိုတိုက်တွန်းပြောကြားလာပါတယ်။

အသက်၅၃နှစ်ရှိအီတလီလူမျိုးနည်းပြကွန်တီဟာဆောက်သမ်တန်နှင့်သုံးဂိုးစီသရေကျပြီးနောက်စပါးစ်ကစားသမားများကိုအပြင်းအထန်ဝေဖန်မှုပြုလုပ်ခဲ့ပါတယ်။

ကွန်တီကစပါးစ်ကစားသမားများအားအသင်းရဲ့ဆိုးရွားတဲ့ခြေစွမ်းနှင့်ရလဒ်အတွက်တာဝန်ယူကြရန်ဝေဖန်ပြောကြားခဲ့တာလည်းဖြစ်ပါတယ်။

ဒါကြောင့်လည်းလီဗာပူးဂန္ထဝင်ကစားသမားကာရေဂါကစပါးစ်ဥက္ကဌဒါနီရယ်လီဗိုင်းအနေဖြင့်ချဲလ်ဆီးနည်းပြဟောင်းအားချက်ချင်းပင်ထုတ်ပယ်သင့်ကြောင်းပြောဆိုလာပါတယ်။

ကာရေဂါက “ကွန်တီကနိုင်ငံတကာပွဲကြောင့်လိဂ်နားထားတုန်းအထုတ်ခံချင်နေတာ။စပါးစ်အနေနဲ့သူ့ရဲ့စိတ်ဆင်းရဲကိုယ်ဆင်းရဲဖြစ်မှုကနေလွတ်မြောက်အောင်လုပ်ပေးလိုက်သင့်တယ်။ဒီညပဲသူ့ကိုထုတ်လိုက်တော့”လို့ပြောကြားသွားပါတယ်။

ZawGyi

အသင္းကို အျပင္းအထန္ေဝဖန္တဲ့ ကြန္တီကို ခ်က္ခ်င္းထုတ္ပယ္ရန္ စပါးစ္ကို ကာေရဂါတိုက္တြန္း

ေဂ်မီကာေရဂါကအသင္းကိုအျပင္းအထန္ေဝဖန္မႈျပဳလုပ္လာတဲ့အန္တိုနီယိုကြန္တီအားခ်က္ခ်င္းထုတ္ပယ္ရန္စပါးစ္ကိုတိုက္တြန္းေျပာၾကားလာပါတယ္။

အသက္၅၃ႏွစ္ရွိအီတလီလူမ်ိဳးနည္းျပကြန္တီဟာေဆာက္သမ္တန္ႏွင့္သုံးဂိုးစီသေရက်ၿပီးေနာက္စပါးစ္ကစားသမားမ်ားကိုအျပင္းအထန္ေဝဖန္မႈျပဳလုပ္ခဲ့ပါတယ္။

ကြန္တီကစပါးစ္ကစားသမားမ်ားအားအသင္းရဲ႕ဆိုး႐ြားတဲ့ေျခစြမ္းႏွင့္ရလဒ္အတြက္တာဝန္ယူၾကရန္ေဝဖန္ေျပာၾကားခဲ့တာလည္းျဖစ္ပါတယ္။

ဒါေၾကာင့္လည္းလီဗာပူးဂႏၴဝင္ကစားသမားကာေရဂါကစပါးစ္ဥကၠဌဒါနီရယ္လီဗိုင္းအေနျဖင့္ခ်ဲလ္ဆီးနည္းျပေဟာင္းအားခ်က္ခ်င္းပင္ထုတ္ပယ္သင့္ေၾကာင္းေျပာဆိုလာပါတယ္။

ကာေရဂါက “ကြန္တီကႏိုင္ငံတကာပြဲေၾကာင့္လိဂ္နားထားတုန္းအထုတ္ခံခ်င္ေနတာ။စပါးစ္အေနနဲ႔သူ႔ရဲ႕စိတ္ဆင္းရဲကိုယ္ဆင္းရဲျဖစ္မႈကေနလြတ္ေျမာက္ေအာင္လုပ္ေပးလိုက္သင့္တယ္။ဒီညပဲသူ႔ကိုထုတ္လိုက္ေတာ့”လို႔ေျပာၾကားသြားပါတယ္။