အသင်းခေါင်းဆောင်ဂိုမက်ဇ် မရှိလေ အတ္တလန္တာအတွက် ပိုကောင်းလေလား?

အတ္တလန္တာအတွက်အသင်းခေါင်းဆောင်ပါပူးဂိုမက်ဇ်ကလွမ်းစရာတိုက်စစ်သမားတစ်ဦးဖြစ်နေတဲ့ပုံ မရှိပါဘူး။ အတ္တလန္တာအသင်းဟာဂိုမက်ဇ်မပါဝင်တဲ့နောက်ပိုင်းမှာရလဒ်ပိုင်းပိုမိုကောင်းမွန်လာနေပါတယ်။

ဂိုမက်ဇ်ဟာနည်းပြဂက်စ်ပါရီနီနှင့်ပြဿနာအကြီးအကျယ်တက်မှုကြောင့်အတ္တလန္တာအတွက်ပွဲကစားခွင့်မရရှိလာတာကြာမြင့်ပြီဖြစ်ပါတယ်။သူဟာနည်းပြဂက်စ်ပါရီနီနဲ့အဆင်မပြေမှုကြောင့်နေရာပျောက်ဆုံးနေမှုနဲ့အတူအသင်း ပြောင်းရန်စီစဉ်နေပြီးဆီဗီလာသို့ရောက်ဖို့နီးစပ်နေပါတယ်။

အသက်၃၂နှစ်ရှိကစားသမားအတွက်အတ္တလန္တာအတွက်နောက်ဆုံးကစားခဲ့တဲ့ပွဲကဒီဇင်ဘာလ၁၇ရက်နေ့တုန်းက ဂျူဗင်တပ်ကိုအဝေးကွင်းမှာတစ်ဂိုးစီသရေကျတဲ့ပွဲစဉ်ဖြစ်ပါတယ်။

ယင်းနောက်ပိုင်းမှာဂက်စ်ပါရီနီကိုအသင်းခေါင်းဆောင်ဂိုမက်ဇ်ကိုအသင်းရဲ့လူစာရင်းမှာမထည့်သွင်းခဲ့ပါဘူး။ဒါပေမယ့်လည်းအတ္တလန္တာဟာဂိုမက်ဇ်မပါဝင်ချိန်မှာရလဒ်ကပိုကောင်းနေတာတွေ့ရပါတယ်။

အတ္တလန္တာဟာဂိုမက်ဇ်ပါဝင်ချိန်မှာတစ်ပွဲပျမ်းမျှရမှတ်၁.၅မှတ်ရရှိနေပေမယ့်လည်းမပါဝင်ချိန်မှာအနိုင်ရာခိုင်နှုန်း ၆၇ရာခိုင်နှုန်းအထိမြင့်မားကာတစ်ပွဲပျမ်းမျှ၂.၃မှတ်အထိရယူထားနိုင်ပါတယ်။

ဒါ့အပြင်အတ္တလန္တာဟာဂိုမက်ဇ်မပါဝင်ချိန်မှာဂိုးသွင်းအားပါမြင့်မားလာပါတယ်။ဂိုမက်ဇ်ပါဝင်တုန်းကတစ်ပွဲပျမ်းမျှ ၁.၉ဂိုးဘဲရှိခဲ့ရာမှာတစ်ပွဲပျမ်းမျှ၂.၈ဂိုးအထိမြင့်မားလာပါတယ်။အခြားတစ်ဖက်မှာပေးဂိုးကလည်းနည်းလာပါတယ်။ ဂိုမက်ဇ်ပါဝင်ချိန်မှာတစ်ပွဲပျမ်းမျှပေးဂိုး၁.၇ဂိုးရှိရာမှမပါဝင်ချိန်မှာပျမ်းမျှ၀.၇ဂိုးအထိလျှော့သွားခဲ့ပါတယ်။

အတ္တလန္တာဟာဂိုမက်ဇ်မပါဝင်ဘဲ၉ပွဲကစားထားရာမှာရှုံးပွဲမရှိဘဲ၆ပွဲအနိုင်ရရှိထား၁ပွဲတည်းသာသရေကျထားပါတယ်။အတ္တလန္တာဟာရိုးမားကို၄-၁ဖြင့်လည်းကောင်း၊မီလန်ကို၃-၀ဖြင့်လည်းကောင်အနိုင်ရရှိထားပါတယ်။

လက်ရှိအချိန်မှာအတ္တလန္တာဟာရမှတ်၃၆မှတ်ဖြင့်စီးရီးအေအမှတ်ပေးဇယားအဆင့်၅နေရာမှာရပ်တည်နေပါတယ်။

ဂိုမက်ဇ်ဟာယခုရာသီမှာနည်းပြဂက်စ်ပါရီနီနှင့်ပြဿနာတက်ကာလူစာရင်းတွင်ချန်လှပ်မခံရမီတုန်းကအတ္တလန္တာ အတွက်၁၆ပွဲကစားခဲ့ရာမှာ၆ဂိုးသွင်းယူပြီး၄ကြိမ်ဖန်တီးနိုင်ခဲ့ပါတယ်။

ZawGyi

အသင္းေခါင္းေဆာင္ဂိုမက္ဇ္ မရွိေလ အတၱလႏၲာအတြက္ ပိုေကာင္းေလလား?

အတၱလႏၲာအတြက္အသင္းေခါင္းေဆာင္ပါပူးဂိုမက္ဇ္ကလြမ္းစရာတိုက္စစ္သမားတစ္ဦးျဖစ္ေနတဲ့ပုံ မရွိပါဘူး။ အတၱလႏၲာအသင္းဟာဂိုမက္ဇ္မပါဝင္တဲ့ေနာက္ပိုင္းမွာရလဒ္ပိုင္းပိုမိုေကာင္းမြန္လာေနပါတယ္။

ဂိုမက္ဇ္ဟာနည္းျပဂက္စ္ပါရီနီႏွင့္ျပႆနာအႀကီးအက်ယ္တက္မႈေၾကာင့္အတၱလႏၲာအတြက္ပြဲကစားခြင့္မရရွိလာတာၾကာျမင့္ၿပီျဖစ္ပါတယ္။သူဟာနည္းျပဂက္စ္ပါရီနီနဲ႔အဆင္မေျပမႈေၾကာင့္ေနရာေပ်ာက္ဆုံးေနမႈနဲ႔အတူအသင္း ေျပာင္းရန္စီစဥ္ေနၿပီးဆီဗီလာသို႔ေရာက္ဖို႔နီးစပ္ေနပါတယ္။

အသက္၃၂ႏွစ္ရွိကစားသမားအတြက္အတၱလႏၲာအတြက္ေနာက္ဆုံးကစားခဲ့တဲ့ပြဲကဒီဇင္ဘာလ၁၇ရက္ေန႔တုန္းက ဂ်ဴဗင္တပ္ကိုအေဝးကြင္းမွာတစ္ဂိုးစီသေရက်တဲ့ပြဲစဥ္ျဖစ္ပါတယ္။

ယင္းေနာက္ပိုင္းမွာဂက္စ္ပါရီနီကိုအသင္းေခါင္းေဆာင္ဂိုမက္ဇ္ကိုအသင္းရဲ႕လူစာရင္းမွာမထည့္သြင္းခဲ့ပါဘူး။ဒါေပမယ့္လည္းအတၱလႏၲာဟာဂိုမက္ဇ္မပါဝင္ခ်ိန္မွာရလဒ္ကပိုေကာင္းေနတာေတြ႕ရပါတယ္။

အတၱလႏၲာဟာဂိုမက္ဇ္ပါဝင္ခ်ိန္မွာတစ္ပြဲပ်မ္းမွ်ရမွတ္၁.၅မွတ္ရရွိေနေပမယ့္လည္းမပါဝင္ခ်ိန္မွာအႏိုင္ရာခိုင္ႏႈန္း ၆၇ရာခိုင္ႏႈန္းအထိျမင့္မားကာတစ္ပြဲပ်မ္းမွ်၂.၃မွတ္အထိရယူထားႏိုင္ပါတယ္။

ဒါ့အျပင္အတၱလႏၲာဟာဂိုမက္ဇ္မပါဝင္ခ်ိန္မွာဂိုးသြင္းအားပါျမင့္မားလာပါတယ္။ဂိုမက္ဇ္ပါဝင္တုန္းကတစ္ပြဲပ်မ္းမွ် ၁.၉ဂိုးဘဲရွိခဲ့ရာမွာတစ္ပြဲပ်မ္းမွ်၂.၈ဂိုးအထိျမင့္မားလာပါတယ္။အျခားတစ္ဖက္မွာေပးဂိုးကလည္းနည္းလာပါတယ္။ ဂိုမက္ဇ္ပါဝင္ခ်ိန္မွာတစ္ပြဲပ်မ္းမွ်ေပးဂိုး၁.၇ဂိုးရွိရာမွမပါဝင္ခ်ိန္မွာပ်မ္းမွ်၀.၇ဂိုးအထိေလွ်ာ့သြားခဲ့ပါတယ္။

အတၱလႏၲာဟာဂိုမက္ဇ္မပါဝင္ဘဲ၉ပြဲကစားထားရာမွာရႈံးပြဲမရွိဘဲ၆ပြဲအႏိုင္ရရွိထား၁ပြဲတည္းသာသေရက်ထားပါတယ္။အတၱလႏၲာဟာ႐ိုးမားကို၄-၁ျဖင့္လည္းေကာင္း၊မီလန္ကို၃-၀ျဖင့္လည္းေကာင္အႏိုင္ရရွိထားပါတယ္။

လက္ရွိအခ်ိန္မွာအတၱလႏၲာဟာရမွတ္၃၆မွတ္ျဖင့္စီးရီးေအအမွတ္ေပးဇယားအဆင့္၅ေနရာမွာရပ္တည္ေနပါတယ္။

ဂိုမက္ဇ္ဟာယခုရာသီမွာနည္းျပဂက္စ္ပါရီနီႏွင့္ျပႆနာတက္ကာလူစာရင္းတြင္ခ်န္လွပ္မခံရမီတုန္းကအတၱလႏၲာ အတြက္၁၆ပြဲကစားခဲ့ရာမွာ၆ဂိုးသြင္းယူၿပီး၄ႀကိမ္ဖန္တီးႏိုင္ခဲ့ပါတယ္။