အသင်းခေါင်းဆောင်ဖာနန်ဒင်ဟိုကို မန်စီးတီး စာချုပ်သစ်ချုပ်ဆိုသွားမည်

မန်စီးတီးဟာအသင်းခေါင်းဆောင်ဖာနန်ဒင်ဟိုကိုစာချုပ်သစ်ချုပ်ဆိုသွားမှာဖြစ်ကြောင်းသိရပါတယ်။မန်စီးတီးဟာအသက်၃၆နှစ်ရှိကွင်းလယ်ကစားသမားကိုတစ်နှစ်စာချုပ်သက်တမ်းတိုးရန်သဘောတူညီမှုရရှိထားပြီလည်းဖြစ်ပါတယ်။

အသက်၃၆နှစ်ရှိဖာနန်ဒင်ဟိုဟာယခုရာသီအကုန်တွင်မန်စီးတီးနှင့်စာချုပ်သက်တမ်းကုန်ဆုံးပါမယ်။အစောပိုင်းတုန်းကဖာနန်ဒင်ဟိုဟာရာသီအကုန်မှာမန်စီးတီးမှထွက်ခွာမယ်လို့ယူဆခဲ့ရပါတယ်။ဒါပေမယ့်မန်စီးတီးဟာယခုရာသီမှာဖာနန်ဒင်ဟိုရဲ့ကွင်းတွင်း/ကွင်းပြင်သူ့တန်ဖိုးကိုပြသနိုင်မှုနဲ့အတူတစ်နှစ်စာချုပ်သက်တမ်းတိုးချုပ်ဆိုရန်ဆုံးဖြတ်လိုက်ပြီလည်းဖြစ်ပါတယ်။

ဖာနန်ဒင်ဟိုဟာပြီးခဲ့တဲ့နွေရာသီတုန်းကဒေးဗစ်ဆေးလ်ဗားထွက်ခွာသွားပြီးနောက်မန်စီးတီးအသင်းခေါင်းဆောင်ဖြစ်လာခဲ့သူလည်းဖြစ်ပါတယ်။

သူဟာယခုရာသီမှာမန်စီးတီးကိုပရီးမီးယားလိဂ်ဖလားနှင့်ကာရာဘောင်းဖလားဆွတ်ခူးနိုင်အောင်ကူညီထားပြီးဖြစ်သလိုချန်ပီယံလိဂ်ဗိုလ်လုပွဲသို့လည်းပို့ဆောင်ထားပါတယ်။မန်စီးတီးဟာလာမယ့်မေလ၂၉ရက်နေ့မှာချဲလ်ဆီးနှင့်ချန်ပီယံလိဂ်ဗိုလ်လုပွဲကစားသွားရပါမယ်။

ZawGyi

အသင္းေခါင္းေဆာင္ဖာနန္ဒင္ဟိုကို မန္စီးတီး စာခ်ဳပ္သစ္ခ်ဳပ္ဆိုသြားမည္

မန္စီးတီးဟာအသင္းေခါင္းေဆာင္ဖာနန္ဒင္ဟိုကိုစာခ်ဳပ္သစ္ခ်ဳပ္ဆိုသြားမွာျဖစ္ေၾကာင္းသိရပါတယ္။မန္စီးတီးဟာအသက္၃၆ႏွစ္ရွိကြင္းလယ္ကစားသမားကိုတစ္ႏွစ္စာခ်ဳပ္သက္တမ္းတိုးရန္သေဘာတူညီမႈရရွိထားၿပီလည္းျဖစ္ပါတယ္။

အသက္၃၆ႏွစ္ရွိဖာနန္ဒင္ဟိုဟာယခုရာသီအကုန္တြင္မန္စီးတီးႏွင့္စာခ်ဳပ္သက္တမ္းကုန္ဆုံးပါမယ္။အေစာပိုင္းတုန္းကဖာနန္ဒင္ဟိုဟာရာသီအကုန္မွာမန္စီးတီးမွထြက္ခြာမယ္လို႔ယူဆခဲ့ရပါတယ္။ဒါေပမယ့္မန္စီးတီးဟာယခုရာသီမွာဖာနန္ဒင္ဟိုရဲ႕ကြင္းတြင္း/ကြင္းျပင္သူ႔တန္ဖိုးကိုျပသႏိုင္မႈနဲ႔အတူတစ္ႏွစ္စာခ်ဳပ္သက္တမ္းတိုးခ်ဳပ္ဆိုရန္ဆုံးျဖတ္လိုက္ၿပီလည္းျဖစ္ပါတယ္။

ဖာနန္ဒင္ဟိုဟာၿပီးခဲ့တဲ့ေႏြရာသီတုန္းကေဒးဗစ္ေဆးလ္ဗားထြက္ခြာသြားၿပီးေနာက္မန္စီးတီးအသင္းေခါင္းေဆာင္ျဖစ္လာခဲ့သူလည္းျဖစ္ပါတယ္။

သူဟာယခုရာသီမွာမန္စီးတီးကိုပရီးမီးယားလိဂ္ဖလားႏွင့္ကာရာေဘာင္းဖလားဆြတ္ခူးႏိုင္ေအာင္ကူညီထားၿပီးျဖစ္သလိုခ်န္ပီယံလိဂ္ဗိုလ္လုပြဲသို႔လည္းပို႔ေဆာင္ထားပါတယ္။မန္စီးတီးဟာလာမယ့္ေမလ၂၉ရက္ေန႔မွာခ်ဲလ္ဆီးႏွင့္ခ်န္ပီယံလိဂ္ဗိုလ္လုပြဲကစားသြားရပါမယ္။