အသင်းခေါင်းဆောင်ဘက်စကွက်ဇ် ကိုဗစ်တွေ့ရှိမှုကြောင့် စပိန်အသင်းကွာရန်တင်းဝင်

အသင်းခေါင်းဆောင်ဆာဂျီယိုဘက်စကွက်ဇ်တွင်ကိုဗစ်ကူးစက်ခံထားရကြောင်းတွေ့ရှိမှုနဲ့အတူစပိန်အသင်းရဲ့ယူရို၂၀၂၀ပြိုင်ပွဲအတွက်ပြင်ဆင်မှုအပေါ်အကြီးအကျယ်ထိခိုက်လာခဲ့ပါတယ်။

ဆာဂျီယိုဘက်စကွက်ဇ်တွင်ကိုဗစ်ကူးစက်ခံထားရကြောင်းတွေ့ရှိမှုနဲ့အတူစပိန်တစ်သင်းလုံးကွာရန်တင်းဝင်ခဲ့ရပါတယ်။

ဘာစီလိုနာကွင်းလယ်ကစားသမားတွင်ကိုဗစ်ကူးစက်ခံထားရကြောင်းတွေ့ရှိသော်လည်းကျန်စပိန်တစ်သင်းလုံးတွင်ကိုဗစ်ကူးစက်မှုမခံထားရကြောင်းတွေ့ရပါတယ်။

ယူအီးအက်ဖ်အေနှင့်စပိန်ကျန်းမာရေးဝန်ကြီးဌာနရဲ့ကိုဗစ်လမ်းညွှန်မှုအရစပိန်တစ်သင်းလုံးမှာကွာရန်တင်းဝင်နေရတာလည်းဖြစ်ပါတယ်။

ဒါပေမယ့်စပိန်ကစားသမားများဟာမက်ဒရစ်ရှိအသင်းရဲ့အခြေစိုက်စခန်းတွင်သီးသန့်လေ့ကျင့်မှုများတော့ပြုလုပ်နေကြပါတယ်။

စပိန်ဟာအသင်းခေါင်းဆောင်ဘက်စကွက်ဇ်တွင်ကိုဗစ်ကူးစက်မှုနဲ့အတူလစ်သူယေးနီးယားနှင့်ကစားရမယ့်ခြေစမ်းပွဲစဉ်အားအသင်းကြီးဖြင့်မကစားဘဲယူ-၂၁အသင်းဖြင့်ကစားရန်ဆုံးဖြတ်ခဲ့ပါတယ်။

စပိန်ဟာယူရို၂၀၂၀အဖွင့်ပွဲစဉ်အဖြစ်ဇွန်လ၁၄ရက်နေ့တွင်ဆဗီးလ်တွင်ဆွီဒင်နှင့်ကစားရပါမယ်။

ဆွီဒင်အသင်းဟာယနေ့တွင်ကိုဗစ်စစ်ဆေးမှုကင်းစင်ပါကပုံမှန်အတိုင်းပူးတွဲလေ့ကျင့်ခန်းများပြုလုပ်နိုင်ပါမယ်။

ZawGyi

အသင္းေခါင္းေဆာင္ဘက္စကြက္ဇ္ ကိုဗစ္ေတြ႕ရွိမႈေၾကာင့္ စပိန္အသင္းကြာရန္တင္းဝင္

အသင္းေခါင္းေဆာင္ဆာဂ်ီယိုဘက္စကြက္ဇ္တြင္ကိုဗစ္ကူးစက္ခံထားရေၾကာင္းေတြ႕ရွိမႈနဲ႔အတူစပိန္အသင္းရဲ႕ယူ႐ို၂၀၂၀ၿပိဳင္ပြဲအတြက္ျပင္ဆင္မႈအေပၚအႀကီးအက်ယ္ထိခိုက္လာခဲ့ပါတယ္။

ဆာဂ်ီယိုဘက္စကြက္ဇ္တြင္ကိုဗစ္ကူးစက္ခံထားရေၾကာင္းေတြ႕ရွိမႈနဲ႔အတူစပိန္တစ္သင္းလုံးကြာရန္တင္းဝင္ခဲ့ရပါတယ္။

ဘာစီလိုနာကြင္းလယ္ကစားသမားတြင္ကိုဗစ္ကူးစက္ခံထားရေၾကာင္းေတြ႕ရွိေသာ္လည္းက်န္စပိန္တစ္သင္းလုံးတြင္ကိုဗစ္ကူးစက္မႈမခံထားရေၾကာင္းေတြ႕ရပါတယ္။

ယူအီးအက္ဖ္ေအႏွင့္စပိန္က်န္းမာေရးဝန္ႀကီးဌာနရဲ႕ကိုဗစ္လမ္းၫႊန္မႈအရစပိန္တစ္သင္းလုံးမွာကြာရန္တင္းဝင္ေနရတာလည္းျဖစ္ပါတယ္။

ဒါေပမယ့္စပိန္ကစားသမားမ်ားဟာမက္ဒရစ္ရွိအသင္းရဲ႕အေျခစိုက္စခန္းတြင္သီးသန႔္ေလ့က်င့္မႈမ်ားေတာ့ျပဳလုပ္ေနၾကပါတယ္။

စပိန္ဟာအသင္းေခါင္းေဆာင္ဘက္စကြက္ဇ္တြင္ကိုဗစ္ကူးစက္မႈနဲ႔အတူလစ္သူေယးနီးယားႏွင့္ကစားရမယ့္ေျခစမ္းပြဲစဥ္အားအသင္းႀကီးျဖင့္မကစားဘဲယူ-၂၁အသင္းျဖင့္ကစားရန္ဆုံးျဖတ္ခဲ့ပါတယ္။

စပိန္ဟာယူ႐ို၂၀၂၀အဖြင့္ပြဲစဥ္အျဖစ္ဇြန္လ၁၄ရက္ေန႔တြင္ဆဗီးလ္တြင္ဆြီဒင္ႏွင့္ကစားရပါမယ္။

ဆြီဒင္အသင္းဟာယေန႔တြင္ကိုဗစ္စစ္ေဆးမႈကင္းစင္ပါကပုံမွန္အတိုင္းပူးတြဲေလ့က်င့္ခန္းမ်ားျပဳလုပ္ႏိုင္ပါမယ္။