အသင်းခေါင်းဆောင်ဟင်ဒါဆင်ကို လီဗာပူး လေးနှစ်စာချုပ်သစ်ချုပ်ဆို

ဂျော်ဒန်ဟင်ဒါဆင်ဟာလီဗာပူးနှင့်လေးနှစ်စာချုပ်သစ်ချုပ်ဆိုလိုက်ပါတယ်။အသက်၃၁နှစ်ရှိလီဗာပူးအသင်းခေါင်းဆောင်ဟာအန်ဖီးလ်တွင်ဆယ်နှစ်ကြာကစားလာခဲ့သူဖြစ်ပြီးယင်းမှခြောက်နှစ်အားအသင်းခေါင်းဆောင်အဖြစ်တာဝန်ယူလာသူလည်းဖြစ်ပါတယ်။

အင်္ဂလန်စတားဟာ၂၀၂၀ခုနှစ်တုန်းကလီဗာပူးအားနှစ်ပေါင်း၃၀ကြာဝေးကွာနေခဲ့တဲ့ပရီးမီးယားလိဂ်ဖလားဆွတ်ခူးနိုင်အောင်အဓိကနေရာမှကူညီခဲ့သလိုချန်ပီယံလိဂ်ဖလားလည်းဆွတ်ခူးထားနိုင်ပါတယ်။

ဟင်ဒါဆင်က “ဒီမှာဘဲဆက်လက်လျှောက်လှမ်းရဦးမှာဖြစ်လို့အရမ်းဂုဏ်ယူသလိုဝမ်းလည်းသာပါတယ်။စာချုပ်သစ်ချုပ်ဆိုနိုင်ခဲ့တာအံ့ဩဖို့ကောင်းလှပါတယ်။အခုဆိုရှေ့ကိုပဲအပြည့်အဝအာရုံစိုက်နိုင်ပြီဖြစ်ပါတယ်။ကျွန်တော်ဟာဒီကိုရောက်လာစဉ်အတွင်းမှာလူတစ်ဦးအနေနဲ့ရောကစားသမားတစ်ဦးအနေနဲ့ပါအများကြီးသင်ကြားခဲ့ရပါတယ်။ဒီအတွက်လည်းကျေးဇူးတင်ရပါတယ်”လို့ပြောကြားခဲ့ပါတယ်။

လီဗာပူးဟာအသင်းရဲ့အဓိကကစားသမားများဖြစ်ကြတဲ့ဗန်ဒိုက်၊အင်ဒီရောဘတ်ဆင်၊ထရန်းအလက်ဇန္ဒားအာနိုး၊ဖာမီနို၊အလစ်ဆင်တို့အားစာချုပ်သစ်ချုပ်ဆိုပြီးဖြစ်ကာ မိုဟာမက်ဆာလက်နှင့်မာနေးတို့ကိုလည်းစာချုပ်သစ်ချုပ်ဆိုရန်စီစဉ်နေပါတယ်။

ZawGyi

အသင္းေခါင္းေဆာင္ဟင္ဒါဆင္ကို လီဗာပူး ေလးႏွစ္စာခ်ဳပ္သစ္ခ်ဳပ္ဆို

ေဂ်ာ္ဒန္ဟင္ဒါဆင္ဟာလီဗာပူးႏွင့္ေလးႏွစ္စာခ်ဳပ္သစ္ခ်ဳပ္ဆိုလိုက္ပါတယ္။အသက္၃၁ႏွစ္ရွိလီဗာပူးအသင္းေခါင္းေဆာင္ဟာအန္ဖီးလ္တြင္ဆယ္ႏွစ္ၾကာကစားလာခဲ့သူျဖစ္ၿပီးယင္းမွေျခာက္ႏွစ္အားအသင္းေခါင္းေဆာင္အျဖစ္တာဝန္ယူလာသူလည္းျဖစ္ပါတယ္။

အဂၤလန္စတားဟာ၂၀၂၀ခုႏွစ္တုန္းကလီဗာပူးအားႏွစ္ေပါင္း၃၀ၾကာေဝးကြာေနခဲ့တဲ့ပရီးမီးယားလိဂ္ဖလားဆြတ္ခူးႏိုင္ေအာင္အဓိကေနရာမွကူညီခဲ့သလိုခ်န္ပီယံလိဂ္ဖလားလည္းဆြတ္ခူးထားႏိုင္ပါတယ္။

ဟင္ဒါဆင္က “ဒီမွာဘဲဆက္လက္ေလွ်ာက္လွမ္းရဦးမွာျဖစ္လို႔အရမ္းဂုဏ္ယူသလိုဝမ္းလည္းသာပါတယ္။စာခ်ဳပ္သစ္ခ်ဳပ္ဆိုႏိုင္ခဲ့တာအံ့ဩဖို႔ေကာင္းလွပါတယ္။အခုဆိုေရွ႕ကိုပဲအျပည့္အဝအာ႐ုံစိုက္ႏိုင္ၿပီျဖစ္ပါတယ္။ကြၽန္ေတာ္ဟာဒီကိုေရာက္လာစဥ္အတြင္းမွာလူတစ္ဦးအေနနဲ႔ေရာကစားသမားတစ္ဦးအေနနဲ႔ပါအမ်ားႀကီးသင္ၾကားခဲ့ရပါတယ္။ဒီအတြက္လည္းေက်းဇူးတင္ရပါတယ္”လို႔ေျပာၾကားခဲ့ပါတယ္။

လီဗာပူးဟာအသင္းရဲ႕အဓိကကစားသမားမ်ားျဖစ္ၾကတဲ့ဗန္ဒိုက္၊အင္ဒီေရာဘတ္ဆင္၊ထရန္းအလက္ဇႏၵားအာႏိုး၊ဖာမီႏို၊အလစ္ဆင္တို႔အားစာခ်ဳပ္သစ္ခ်ဳပ္ဆိုၿပီးျဖစ္ကာ မိုဟာမက္ဆာလက္ႏွင့္မာေနးတို႔ကိုလည္းစာခ်ဳပ္သစ္ခ်ဳပ္ဆိုရန္စီစဥ္ေနပါတယ္။