အသင်းဂျာစီဝတ်ပြီး ချစ်တင်းနှောရတာအကြိုက်ဆုံးပရိသတ်အဖြစ် ဗီလာပရိသတ်များရပ်တည်

အက်စတွန်ဗီလာအသင်းပရိသတ်တစ်ဝက်လောက်ကအသင်းအင်္ကျီဝတ်ဆင်ရင်းချစ်တင်းနှောရတာနှစ်သက်ကြောင်းစစ်တမ်းတစ်ခုအရသိရပါတယ်။မင်းသားဝီလီယမ်အသင်းအားပေးတဲ့ဗီလာပရိသတ်များဟာအသင်းဝတ်စုံဝတ်ဆင်ပြီးချစ်တင်းနှောရတာအနှစ်သက်လုံးပရီးမီးယားလိဂ်ပရိသတ်များအဖြစ်ထိပ်ဆုံးမှာရပ်တည်နေတာလည်းဖြစ်ပါတယ်။

မနေ့ညတုန်းကအိုးထရက်ဖို့ဒ်ကွင်းမှာမန်ယူကို၁-၀ဂိုးဖြင့်အနိုင်ရရှိခဲ့တဲ့ဗီလာပရိသတ်၄၉ရာခိုင်နှုန်းတို့ကအသင်းဝတ်စုံဖြင့်ချစ်တင်းနှောရတာနှစ်သက်ကြပါတယ်။

အသင်းအင်္ကျီဝတ်ဆင်ရင်းချစ်တင်းနှောရတာဒုတိယအကြိုက်ဆုံးပရိသတ်အဖြစ်ဘန်လေကလည်းကောင်း၊တတိယနေရာမှာဝုဗ်ကလည်းကောင်း၊စတုတ္ထနေရာမှာဘရိုက်တန်ကလည်းကောင်း၊ပဥ္စမနေရာတွင်လက်စတာကလည်းကောင်းရပ်တည်နေပါတယ်။

အသင်းအင်္ကျီဝတ်ဆင်ပြီးချစ်တင်းနှောရတာနှစ်သက်တဲ့အသင်း၁၀စာရင်းမှာနယူးကာဆယ်၊စပါးစ်၊ဘရန့်ဖို့ဒ်၊လိဒ်ယူနိုက်တက်နှင့်ဆောက်သမ်တန်တို့ပါဝင်ပါတယ်၊

ယခုရာသီမှာပရီးမီးယားလိဂ်မှာ၉ဂိုးတည်းသာသွင်းရသေးတဲ့ခရစ္စတယ်ပဲလေ့စ်အသင်းပရိသတ်များကတော့ပရီးမီးယားလိဂ်တွင်အသင်းအင်္ကျီဝတ်ဆင်ရင်းချစ်တင်းနှောရတာမနှစ်သက်ဆုံးအသင်းဖြစ်လာဖို့တော့ရှိပါတယ်။

ZawGyi

အသင္းဂ်ာစီဝတ္ၿပီး ခ်စ္တင္းေႏွာရတာအႀကိဳက္ဆုံးပရိသတ္အျဖစ္ ဗီလာပရိသတ္မ်ားရပ္တည္

အက္စတြန္ဗီလာအသင္းပရိသတ္တစ္ဝက္ေလာက္ကအသင္းအက်ႌဝတ္ဆင္ရင္းခ်စ္တင္းေႏွာရတာႏွစ္သက္ေၾကာင္းစစ္တမ္းတစ္ခုအရသိရပါတယ္။မင္းသားဝီလီယမ္အသင္းအားေပးတဲ့ဗီလာပရိသတ္မ်ားဟာအသင္းဝတ္စုံဝတ္ဆင္ၿပီးခ်စ္တင္းေႏွာရတာအႏွစ္သက္လုံးပရီးမီးယားလိဂ္ပရိသတ္မ်ားအျဖစ္ထိပ္ဆုံးမွာရပ္တည္ေနတာလည္းျဖစ္ပါတယ္။

မေန႔ညတုန္းကအိုးထရက္ဖို႔ဒ္ကြင္းမွာမန္ယူကို၁-၀ဂိုးျဖင့္အႏိုင္ရရွိခဲ့တဲ့ဗီလာပရိသတ္၄၉ရာခိုင္ႏႈန္းတို႔ကအသင္းဝတ္စုံျဖင့္ခ်စ္တင္းေႏွာရတာႏွစ္သက္ၾကပါတယ္။

အသင္းအက်ႌဝတ္ဆင္ရင္းခ်စ္တင္းေႏွာရတာဒုတိယအႀကိဳက္ဆုံးပရိသတ္အျဖစ္ဘန္ေလကလည္းေကာင္း၊တတိယေနရာမွာဝုဗ္ကလည္းေကာင္း၊စတုတၳေနရာမွာဘ႐ိုက္တန္ကလည္းေကာင္း၊ပၪၥမေနရာတြင္လက္စတာကလည္းေကာင္းရပ္တည္ေနပါတယ္။

အသင္းအက်ႌဝတ္ဆင္ၿပီးခ်စ္တင္းေႏွာရတာႏွစ္သက္တဲ့အသင္း၁၀စာရင္းမွာနယူးကာဆယ္၊စပါးစ္၊ဘရန႔္ဖို႔ဒ္၊လိဒ္ယူႏိုက္တက္ႏွင့္ေဆာက္သမ္တန္တို႔ပါဝင္ပါတယ္၊

ယခုရာသီမွာပရီးမီးယားလိဂ္မွာ၉ဂိုးတည္းသာသြင္းရေသးတဲ့ခရစၥတယ္ပဲေလ့စ္အသင္းပရိသတ္မ်ားကေတာ့ပရီးမီးယားလိဂ္တြင္အသင္းအက်ႌဝတ္ဆင္ရင္းခ်စ္တင္းေႏွာရတာမႏွစ္သက္ဆုံးအသင္းျဖစ္လာဖို႔ေတာ့ရွိပါတယ္။