အသင်းငယ်လေး ဘိုဒို/ဂလမ့်နှင့်ပွဲမှာ နည်းပြဘဝ ပထမဆုံးအကြိမ်အဖြစ် ၆ ဂိုးပေးခဲ့ရတဲ့ မော်ရင်ဟို

ဟိုဆေးမော်ရင်ဟိုဟာယူရိုပါလိဂ်ကွန်ဖရင့်မှာအရှက်တကွဲရှုံးပွဲကြုံတွေ့ရပြီးနောက်ရိုးမားကစားသမားများအားအပြင်းအထန်ဝေဖန်မှုပြုလုပ်လာပါတယ်။

ရိုးမားဟာကြာသပတေးနေ့ညတုန်းကနော်ဝေကလပ်ဘိုဒို/ဂလမ့်ကိုအဝေးကွင်းသို့သွားရောက်ရင်ဆိုင်ကစားခဲ့ရပါတယ်။

ဒါပေမယ့်မော်ရင်ဟိုရဲ့ရိုးမားဟာနော်ဝေမှာအိပ်မက်ဆိုးညနဲ့ကြုံတွေ့ခဲ့ရပြီး၆-၁ဂိုးဖြင့်အရှက်တကွဲရှုံးနိမ့်ခဲ့ပါတယ်။မော်ရင်ဟိုဟာနည်းပြဘဝပွဲပေါင်း၁၀၀၈ပွဲကိုင်တွယ်ခဲ့ရာမှာပထမဆုံးအကြိမ်အဖြစ်၆ဂိုးပေးခဲ့ရပါတယ်။

မော်ရင်ဟိုက “ဒီလူစာရင်းနဲ့ရင်ဆိုင်ဖို့ကျွန်တော်ဆုံးဖြတ်ခဲ့တာပါ။ဒီတော့ကျွ်တော့်မှာတာဝန်အရှိဆုံးပါ။ကျွန်တော်ဟာအလုပ်ကြိုးစားတဲ့ကစားသမားတွေကိုအခွင့်အရေးပေးတဲ့အနေနဲ့၊ရာသီဥတုအေးလို့ကွင်းဆိုးမှုကြောင့်ကစားသမားအချို့ကိုအနားပေးတဲ့အနေနဲ့ဒီလူစာရင်းနဲ့ရင်ဆိုင်ခဲ့တာပါ။ကျွန်တော်တို့ဟာဒီညမှာအရည်အချင်းကိုပြသနိုင်တဲ့အသင်းကိုရှုံးနိမ့်ခဲ့တာပါ။ရှင်းရှင်းလေးပါ။ပထမအသင်းနဲ့ဒီအသင်းအကြားမှာအရည်အသွေးကွာဟမှုကအရမ်းကြီးတယ်။ဒီအသင်းရဲ့အရည်အချင်းအကန့်အသတ်ကိုသိတယ်။ဒါကအထူးအဆန်းမဟုတ်ပါဘူး။ဒါပေမယ့်ပိုကောင်းတဲ့တုံ့ပြန်မှုရမယ်လို့ထင်မှတ်ထားခဲ့တယ်။သူတို့ကိုကျွန်တော်ကစားဖို့ရွေးခဲ့တယ်။ဒီတော့ကျွန်တော့်မှာတာဝန်ရှိတယ်”လို့ပြောကြားသွားပါတယ်။

မော်ရင်ဟိုရဲ့ရိုးမားဟာဘိုဒို/ဂလမ့်ကိုရှုံးနိမ့်မှုကြောင့်ယူရိုပါကွန်ဖရင့်လိဂ်ရဲ့အုပ်စု(ဂ)တွင်သုံးပွဲကစားချိန်မှာဘိုဒို/ဂလမ့်နှင့် တစ်မှတ်အကွာဖြင့်ဒုတိယနေရာမှာရပ်တည်နေပါတယ်။ရိုးမားဟာလာမယ့်နိုဝင်ဘာလ၄ရက်နေ့မှာအိုလံပီကိုကွင်းမှာဘိုဒို/ဂလမ့်ကိုပြန်လည်ဧည့်ခံကစားရပါမယ်။

ZawGyi

အသင္းငယ္ေလး ဘိုဒို/ဂလမ့္ႏွင့္ပြဲမွာ နည္းျပဘဝ ပထမဆုံးအႀကိမ္အျဖစ္ ၆ ဂိုးေပးခဲ့ရတဲ့ ေမာ္ရင္ဟို

ဟိုေဆးေမာ္ရင္ဟိုဟာယူ႐ိုပါလိဂ္ကြန္ဖရင့္မွာအရွက္တကြဲရႈံးပြဲႀကဳံေတြ႕ရၿပီးေနာက္႐ိုးမားကစားသမားမ်ားအားအျပင္းအထန္ေဝဖန္မႈျပဳလုပ္လာပါတယ္။

႐ိုးမားဟာၾကာသပေတးေန႔ညတုန္းကေနာ္ေဝကလပ္ဘိုဒို/ဂလမ့္ကိုအေဝးကြင္းသို႔သြားေရာက္ရင္ဆိုင္ကစားခဲ့ရပါတယ္။

ဒါေပမယ့္ေမာ္ရင္ဟိုရဲ႕႐ိုးမားဟာေနာ္ေဝမွာအိပ္မက္ဆိုးညနဲ႔ႀကဳံေတြ႕ခဲ့ရၿပီး၆-၁ဂိုးျဖင့္အရွက္တကြဲရႈံးနိမ့္ခဲ့ပါတယ္။ေမာ္ရင္ဟိုဟာနည္းျပဘဝပြဲေပါင္း၁၀၀၈ပြဲကိုင္တြယ္ခဲ့ရာမွာပထမဆုံးအႀကိမ္အျဖစ္၆ဂိုးေပးခဲ့ရပါတယ္။

ေမာ္ရင္ဟိုက “ဒီလူစာရင္းနဲ႔ရင္ဆိုင္ဖို႔ကြၽန္ေတာ္ဆုံးျဖတ္ခဲ့တာပါ။ဒီေတာ့ကြၽ္ေတာ့္မွာတာဝန္အရွိဆုံးပါ။ကြၽန္ေတာ္ဟာအလုပ္ႀကိဳးစားတဲ့ကစားသမားေတြကိုအခြင့္အေရးေပးတဲ့အေနနဲ႔၊ရာသီဥတုေအးလို႔ကြင္းဆိုးမႈေၾကာင့္ကစားသမားအခ်ိဳ႕ကိုအနားေပးတဲ့အေနနဲ႔ဒီလူစာရင္းနဲ႔ရင္ဆိုင္ခဲ့တာပါ။ကြၽန္ေတာ္တို႔ဟာဒီညမွာအရည္အခ်င္းကိုျပသႏိုင္တဲ့အသင္းကိုရႈံးနိမ့္ခဲ့တာပါ။ရွင္းရွင္းေလးပါ။ပထမအသင္းနဲ႔ဒီအသင္းအၾကားမွာအရည္အေသြးကြာဟမႈကအရမ္းႀကီးတယ္။ဒီအသင္းရဲ႕အရည္အခ်င္းအကန႔္အသတ္ကိုသိတယ္။ဒါကအထူးအဆန္းမဟုတ္ပါဘူး။ဒါေပမယ့္ပိုေကာင္းတဲ့တုံ႔ျပန္မႈရမယ္လို႔ထင္မွတ္ထားခဲ့တယ္။သူတို႔ကိုကြၽန္ေတာ္ကစားဖို႔ေ႐ြးခဲ့တယ္။ဒီေတာ့ကြၽန္ေတာ့္မွာတာဝန္ရွိတယ္”လို႔ေျပာၾကားသြားပါတယ္။

ေမာ္ရင္ဟိုရဲ႕႐ိုးမားဟာဘိုဒို/ဂလမ့္ကိုရႈံးနိမ့္မႈေၾကာင့္ယူ႐ိုပါကြန္ဖရင့္လိဂ္ရဲ႕အုပ္စု(ဂ)တြင္သုံးပြဲကစားခ်ိန္မွာဘိုဒို/ဂလမ့္ႏွင့္ တစ္မွတ္အကြာျဖင့္ဒုတိယေနရာမွာရပ္တည္ေနပါတယ္။႐ိုးမားဟာလာမယ့္ႏိုဝင္ဘာလ၄ရက္ေန႔မွာအိုလံပီကိုကြင္းမွာဘိုဒို/ဂလမ့္ကိုျပန္လည္ဧည့္ခံကစားရပါမယ္။