အသင်းငယ် ဘိုဒို/ဂလမ့်အား ရှုံးနိမ့်တဲ့ပွဲအပြီးတွင် ရိုးမားပရိသတ်များနှင့် ပြဿနာတက်ခဲ့တဲ့ အေဘရာဟမ်

တမ်မီအေဘရာဟမ်ဟာမနေ့ညတုန်းကဘိုဒို/ဂလမ့်အား၆-၁ဂိုးဖြင့်အရှက်တကွဲရှုံးနိမ့်တဲ့ပွဲစဉ်အပြီးတွင်ဒေါသထွက်နေတဲ့ရိုးမားပရိသတ်များနှင့်ပြဿနာတက်ခဲ့ကြောင်းသိရပါတယ်။

ရိုးမားပရိသတ်၄၀၀ဝန်းကျင်တို့ဟာအလွန်ချမ်းအေးလွန်းတဲ့ရာသီဥတုကိုအံတုကာနော်ဝေသို့လာရောက်ပြီးရိုးမားရဲ့ယူရိုပါလိဂ်ကွန်ဖရင့်လိဂ်ပွဲစဉ်ကိုအားပေးခဲ့ကြပါတယ်။

ဒါပေမယ့်မော်ရင်ဟိုဦးဆောင်တဲ့ရိုးမားဟာနော်ဝေကလပ်ငယ်အား၆-၁ဂိုးဖြင့်အရှက်တကွဲရှုံးနိမ့်ခဲ့ပါတယ်။မော်ရင်ဟိုဟာနည်းပြဘဝတစ်လျှောက်ပွဲပေါင်း၁၀၀၈ပွဲကိုင်တွယ်ခဲ့ရာပထမဆုံးအကြိမ်အဖြစ်၆ဂိုးပေးရကာရှုံးပွဲကြုံခဲ့ရတာလည်းဖြစ်ပါတယ်။

အွန်လိုင်းတွင်ထွက်ပေါ်လာတဲ့ဗီဒီယိုဖိုင်အရယင်းပွဲတွင်အရန်အဖြစ်ဝင်ရောက်ကစားခဲ့တဲ့အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူးအေဘရာဟမ်ဟာပွဲအပြီးတွင်လက်ပြကာပရိသတ်များကိုနှုတ်ဆက်ခဲ့ပါတယ်။ဒါပေမယ့်ဒေါသထွက်နေတဲ့ပရိသတ်များထဲမှတစ်ဦးဟာအေဘရာဟမ်ကိုရည်ရွယ်ပြီးလက်ခုပ်တီးမှုပြုလုပ်ပြီးထော့ငေါ့မှုပြုလုပ်ခဲ့ပါတယ်။

အေဘရာဟမ်ဟာပရိသတ်ရဲ့တုံ့ပြန်မှုကိုဒေါသထွက်ခဲ့ပေမယ့်လည်းနည်းပြအဖွဲ့ဝင်တချို့ရောက်လာကာထိန်းသိမ်းခေါ်ဆောင်မှုပြုလုပ်ခဲ့ရပါတယ်။ဒါပေမယ့်အေဘရာဟမ်ဟာဥမင်လှိုဏ်ခေါင်းသို့ပြန်ရာလမ်းတလျှောက်ပရိသတ်များကိုလက်ပြနှုတ်ဆက်ခြင်း၊လက်ဆွဲနှုတ်ဆက်ခြင်းတို့ပြုလုပ်ခဲ့တာတွေ့ရပါတယ်။

မော်ရင်ဟိုဟာ၂၀၁၀ခုနှစ်၊နိုဝင်ဘာလတုန်းကရီးရဲလ်မက်ဒရစ်ကိုကိုင်တွယ်စဉ်အတွင်းဘာစီလိုနာကို၅-၀ဂိုးဖြင့်ရှုံးနိမ့်ပြီးနောက်အကြီးမားဆုံးအရှုံးဖြင့်ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။

ZawGyi

အသင္းငယ္ ဘိုဒို/ဂလမ့္အား ရႈံးနိမ့္တဲ့ပြဲအၿပီးတြင္ ႐ိုးမားပရိသတ္မ်ားႏွင့္ ျပႆနာတက္ခဲ့တဲ့ ေအဘရာဟမ္

တမ္မီေအဘရာဟမ္ဟာမေန႔ညတုန္းကဘိုဒို/ဂလမ့္အား၆-၁ဂိုးျဖင့္အရွက္တကြဲရႈံးနိမ့္တဲ့ပြဲစဥ္အၿပီးတြင္ေဒါသထြက္ေနတဲ့႐ိုးမားပရိသတ္မ်ားႏွင့္ျပႆနာတက္ခဲ့ေၾကာင္းသိရပါတယ္။

႐ိုးမားပရိသတ္၄၀၀ဝန္းက်င္တို႔ဟာအလြန္ခ်မ္းေအးလြန္းတဲ့ရာသီဥတုကိုအံတုကာေနာ္ေဝသို႔လာေရာက္ၿပီး႐ိုးမားရဲ႕ယူ႐ိုပါလိဂ္ကြန္ဖရင့္လိဂ္ပြဲစဥ္ကိုအားေပးခဲ့ၾကပါတယ္။

ဒါေပမယ့္ေမာ္ရင္ဟိုဦးေဆာင္တဲ့႐ိုးမားဟာေနာ္ေဝကလပ္ငယ္အား၆-၁ဂိုးျဖင့္အရွက္တကြဲရႈံးနိမ့္ခဲ့ပါတယ္။ေမာ္ရင္ဟိုဟာနည္းျပဘဝတစ္ေလွ်ာက္ပြဲေပါင္း၁၀၀၈ပြဲကိုင္တြယ္ခဲ့ရာပထမဆုံးအႀကိမ္အျဖစ္၆ဂိုးေပးရကာရႈံးပြဲႀကဳံခဲ့ရတာလည္းျဖစ္ပါတယ္။

အြန္လိုင္းတြင္ထြက္ေပၚလာတဲ့ဗီဒီယိုဖိုင္အရယင္းပြဲတြင္အရန္အျဖစ္ဝင္ေရာက္ကစားခဲ့တဲ့အဂၤလန္လက္ေ႐ြးစင္တိုက္စစ္မႉးေအဘရာဟမ္ဟာပြဲအၿပီးတြင္လက္ျပကာပရိသတ္မ်ားကိုႏႈတ္ဆက္ခဲ့ပါတယ္။ဒါေပမယ့္ေဒါသထြက္ေနတဲ့ပရိသတ္မ်ားထဲမွတစ္ဦးဟာေအဘရာဟမ္ကိုရည္႐ြယ္ၿပီးလက္ခုပ္တီးမႈျပဳလုပ္ၿပီးေထာ့ေငါ့မႈျပဳလုပ္ခဲ့ပါတယ္။

ေအဘရာဟမ္ဟာပရိသတ္ရဲ႕တုံ႔ျပန္မႈကိုေဒါသထြက္ခဲ့ေပမယ့္လည္းနည္းျပအဖြဲ႕ဝင္တခ်ိဳ႕ေရာက္လာကာထိန္းသိမ္းေခၚေဆာင္မႈျပဳလုပ္ခဲ့ရပါတယ္။ဒါေပမယ့္ေအဘရာဟမ္ဟာဥမင္လႈိဏ္ေခါင္းသို႔ျပန္ရာလမ္းတေလွ်ာက္ပရိသတ္မ်ားကိုလက္ျပႏႈတ္ဆက္ျခင္း၊လက္ဆြဲႏႈတ္ဆက္ျခင္းတို႔ျပဳလုပ္ခဲ့တာေတြ႕ရပါတယ္။

ေမာ္ရင္ဟိုဟာ၂၀၁၀ခုႏွစ္၊ႏိုဝင္ဘာလတုန္းကရီးရဲလ္မက္ဒရစ္ကိုကိုင္တြယ္စဥ္အတြင္းဘာစီလိုနာကို၅-၀ဂိုးျဖင့္ရႈံးနိမ့္ၿပီးေနာက္အႀကီးမားဆုံးအရႈံးျဖင့္ရင္ဆိုင္ခဲ့ရတာျဖစ္ပါတယ္။