
မန်ချက်စတာယူနိုက်တက်ဟာကလပ်တွင်မေဆင်ဂရင်းဝုဒ်ဆက်ကစားလိုပါကရွေးချယ်စရာသုံးခုပေးရန်စဉ်းစားနေကြောင်းသိရပါတယ်။
အသက်၂၁နှစ်ရှိတိုက်စစ်သမားဟာပြီးခဲ့တဲ့နှစ်အစောပိုင်းတုန်းကဗလက္ကာယပြုကျင့်ရန်ကြိုးပမ်းမှု၊ဒဏ်ရာအနာတရဖြစ်အောင်တိုက်ခိုက်မှု၊ထိန်းချုပ်မှုတို့ဖြင့်ဖမ်းဆီးခြင်းခံခဲ့ရပြီးနောက် ယူနိုက်တက်အတွက်ကစားခွင့်မရလာခဲ့ပါဘူး။
သူဟာပြီးခဲ့တဲ့ဖေဖော်ဝါရီလတုန်းကအမှုအားလုံးမှကွင်းလုံးကျွတ်လွတ်မြောက်လာခဲ့ပြီဖြစ်ပေမဲ့လည်းကလပ်သို့ပြန်လာခွင့်မရသေးပါဘူး။ယူနိုက်တက်ဟာမေဆင်ဂရင်းဝုဒ်ရဲ့အမှုကိုအသင်းအတွက်စစ်ဆေးမှုပြုလုပ်နေပါတယ်။
ယူနိုက်တက်ဟာအသင်းအတွက်မေဆင်ဂရင်းဝဒ်ပြန်ကစားနိုင်ရေးအတွက်ရွေးချယ်စရာသုံးခုပေးရန်စဉ်းစားနေကြောင်းသိရပါတယ်။
ယူနိုက်တက်ဟာအသင်းအတွက်ပြန်ကစားမီမေဆင်ဂရင်းဝုဒ်ကို ရုပ်သံအင်တာဗျူးတစ်ခုပြုလုပ်စေခြင်း၊စိတ်ပညာရှင်များထံကုသခံယူစေခြင်း၊ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များအပြည့်အဝပြုလုပ်စေခြင်းတို့ပြုလုပ်စေသွားဖို့ရှိပါတယ်။
အစောပိုင်းတုန်းက The Sun ရဲ့ဖော်ပြချက်အရမေဆင်ဂရင်းဝုဒ်ဟာအမှုများမှကွင်းလုံးကျွတ်လွတ်မြောက်လာပြီးနောက် ယူနိုက်တက်အကြီးအကဲများနှင့်တွေ့ဆုံမှုပြုလုပ်ခဲ့သလိုကစားဖော်များနှင့်လည်းတွေ့ဆုံမှုပြုလုပ်ထားပြီးဖြစ်ပါတယ်။
တဖက်တွင်မေဆင်ဂရင်းဝုဒ်ရဲ့ယူနိုက်တက်တွင်ပြန်ကစားခွင့်ရရှိရေးမှာအမျိုးသမီးအသင်းမှစီနီယာကစားသမားများရဲ့ဆုံးဖြတ်ချက်အပေါ်တွင်မူတည်နေပါတယ်။ယူနိုက်တက်အမျိုးသမီးအသင်းသားများဟာအမျိုးသားများအသုံးပြုနေတဲ့ကာရင်တန်လေ့ကျင့်ရေးကွင်းတွင်ပင်လေ့ကျင့်ခန်းဆင်းနေတာဖြစ်ပါတယ်။ဒါ့အပြင်ယူနိုက်တက်ရဲ့အမျိုးသမီးပရိသတ်များကလည်းဂရင်းဝုဒ်မှာယူနိုက်တက်အတွက်ကစားရန်ထိုက်တန်ခြင်းမရှိကြောင်းပြောဆိုနေကြပါတယ်။
ဂရင်းဝုဒ်နှင့်ပတ်သက်ပြီးနောက်ထပ်သိရတဲ့သတင်းမှာအင်္ဂလန်နည်းပြဂါရတ်ဆောက်ဂိတ်ဟာမေဆင်ဂရင်းဝုဒ်ကိုအင်္ဂလန်အသင်းမှာဘယ်တော့မှရွေးချယ်လာမှာမဟုတ်တဲ့သတင်းဖြစ်ပါတယ်။
အသက်၂၁နှစ်ရှိဂရင်းဝုဒ်ဟာ၂၀၂၀ခုနှစ်တုန်းကအိုက်စလန်နှင့်ပွဲတွင်အင်္ဂလန်အတွက်ပထမဆုံးပွဲကစားခွင့်ရခဲ့ပေမဲလည်းကိုဗစ်စည်းမျဉ်းကိုချိုးဖောက်ပြီးဟိုတယ်အခန်းထဲသို့ အိုက်စလန်သူလေးများကိုခေါ်ဆောင်မှုနှင့်အတူ အိမ်ပြန်ပို့ခံခဲ့ရသူဖြစ်ပါတယ်။
ဂရင်းဝုဒ်ဟာအင်္ဂလန်အသင်းရဲ့ရွေးချယ်ခြင်းမခံရပါကဂျာမေကာအသင်းသို့ပြောင်းကစားလာဖို့ရှိနေပါတယ်။
ZawGyi
အသင္းတြင္ ဆက္ေနမည္ဆိုပါက ဂရင္းဝုဒ္အတြက္ ေ႐ြးခ်ယ္စရာ ၃ ခုေပးလာမဲ့ ယူႏိုက္တက္
မန္ခ်က္စတာယူႏိုက္တက္ဟာကလပ္တြင္ေမဆင္ဂရင္းဝုဒ္ဆက္ကစားလိုပါကေ႐ြးခ်ယ္စရာသုံးခုေပးရန္စဥ္းစားေနေၾကာင္းသိရပါတယ္။
အသက္၂၁ႏွစ္ရွိတိုက္စစ္သမားဟာၿပီးခဲ့တဲ့ႏွစ္အေစာပိုင္းတုန္းကဗလကၠာယျပဳက်င့္ရန္ႀကိဳးပမ္းမႈ၊ဒဏ္ရာအနာတရျဖစ္ေအာင္တိုက္ခိုက္မႈ၊ထိန္းခ်ဳပ္မႈတို႔ျဖင့္ဖမ္းဆီးျခင္းခံခဲ့ရၿပီးေနာက္ ယူႏိုက္တက္အတြက္ကစားခြင့္မရလာခဲ့ပါဘူး။
သူဟာၿပီးခဲ့တဲ့ေဖေဖာ္ဝါရီလတုန္းကအမႈအားလုံးမွကြင္းလုံးကြၽတ္လြတ္ေျမာက္လာခဲ့ၿပီျဖစ္ေပမဲ့လည္းကလပ္သို႔ျပန္လာခြင့္မရေသးပါဘူး။ယူႏိုက္တက္ဟာေမဆင္ဂရင္းဝုဒ္ရဲ႕အမႈကိုအသင္းအတြက္စစ္ေဆးမႈျပဳလုပ္ေနပါတယ္။
ယူႏိုက္တက္ဟာအသင္းအတြက္ေမဆင္ဂရင္းဝဒ္ျပန္ကစားႏိုင္ေရးအတြက္ေ႐ြးခ်ယ္စရာသုံးခုေပးရန္စဥ္းစားေနေၾကာင္းသိရပါတယ္။
ယူႏိုက္တက္ဟာအသင္းအတြက္ျပန္ကစားမီေမဆင္ဂရင္းဝုဒ္ကို ႐ုပ္သံအင္တာဗ်ဴးတစ္ခုျပဳလုပ္ေစျခင္း၊စိတ္ပညာရွင္မ်ားထံကုသခံယူေစျခင္း၊ျပန္လည္ထူေထာင္ေရးလုပ္ငန္းစဥ္မ်ားအျပည့္အဝျပဳလုပ္ေစျခင္းတို႔ျပဳလုပ္ေစသြားဖို႔ရွိပါတယ္။
အေစာပိုင္းတုန္းက The Sun ရဲ႕ေဖာ္ျပခ်က္အရေမဆင္ဂရင္းဝုဒ္ဟာအမႈမ်ားမွကြင္းလုံးကြၽတ္လြတ္ေျမာက္လာၿပီးေနာက္ ယူႏိုက္တက္အႀကီးအကဲမ်ားႏွင့္ေတြ႕ဆုံမႈျပဳလုပ္ခဲ့သလိုကစားေဖာ္မ်ားႏွင့္လည္းေတြ႕ဆုံမႈျပဳလုပ္ထားၿပီးျဖစ္ပါတယ္။
တဖက္တြင္ေမဆင္ဂရင္းဝုဒ္ရဲ႕ယူႏိုက္တက္တြင္ျပန္ကစားခြင့္ရရွိေရးမွာအမ်ိဳးသမီးအသင္းမွစီနီယာကစားသမားမ်ားရဲ႕ဆုံးျဖတ္ခ်က္အေပၚတြင္မူတည္ေနပါတယ္။ယူႏိုက္တက္အမ်ိဳးသမီးအသင္းသားမ်ားဟာအမ်ိဳးသားမ်ားအသုံးျပဳေနတဲ့ကာရင္တန္ေလ့က်င့္ေရးကြင္းတြင္ပင္ေလ့က်င့္ခန္းဆင္းေနတာျဖစ္ပါတယ္။ဒါ့အျပင္ယူႏိုက္တက္ရဲ႕အမ်ိဳးသမီးပရိသတ္မ်ားကလည္းဂရင္းဝုဒ္မွာယူႏိုက္တက္အတြက္ကစားရန္ထိုက္တန္ျခင္းမရွိေၾကာင္းေျပာဆိုေနၾကပါတယ္။
ဂရင္းဝုဒ္ႏွင့္ပတ္သက္ၿပီးေနာက္ထပ္သိရတဲ့သတင္းမွာအဂၤလန္နည္းျပဂါရတ္ေဆာက္ဂိတ္ဟာေမဆင္ဂရင္းဝုဒ္ကိုအဂၤလန္အသင္းမွာဘယ္ေတာ့မွေ႐ြးခ်ယ္လာမွာမဟုတ္တဲ့သတင္းျဖစ္ပါတယ္။
အသက္၂၁ႏွစ္ရွိဂရင္းဝုဒ္ဟာ၂၀၂၀ခုႏွစ္တုန္းကအိုက္စလန္ႏွင့္ပြဲတြင္အဂၤလန္အတြက္ပထမဆုံးပြဲကစားခြင့္ရခဲ့ေပမဲလည္းကိုဗစ္စည္းမ်ဥ္းကိုခ်ိဳးေဖာက္ၿပီးဟိုတယ္အခန္းထဲသို႔ အိုက္စလန္သူေလးမ်ားကိုေခၚေဆာင္မႈႏွင့္အတူ အိမ္ျပန္ပို႔ခံခဲ့ရသူျဖစ္ပါတယ္။
ဂရင္းဝုဒ္ဟာအဂၤလန္အသင္းရဲ႕ေ႐ြးခ်ယ္ျခင္းမခံရပါကဂ်ာေမကာအသင္းသို႔ေျပာင္းကစားလာဖို႔ရွိေနပါတယ္။